
သားကြီးမယားကြီး ရှိရက်သားနဲ့ Facebook ပေါ်တတ် ရည်းစားထားနေကြသော ချီးထုတ်များကို ဒဲ့ ပြောပါမယ်။
မနက်မိုးလင်းတာနဲ့ ဖုန်းကောက်ကိုင်
မေားနင်း……ချစ် မောနင်း……သဲလေး ဘာလုပ်နေလဲ??

အိမ်ကမိန်းမကိုတော့
ချက်စရာ ဆန်ရှိရဲလားကျ မမေးဘူး။
ညည ကိုယ့်ကို အိမ်မက်ထဲ ထည့်မက်ရဲ့လားမေး။ အိမ်ကမိန်းမ ညက ခလေးဂျီကျလို့ တစ်ညလုံးမအိပ်လိုက်ရတာ ကျတော့ မသနားဘူး။ ချစ်ခလေး….နေမကောင်းဘူးလား ဘာစားသေးလည်း? ဆေးသောက်ပြီးပြီးလား? မသက်သာရင် ဆေးခန်းလိုက်ပြပေးမယ်နော် ဘာမှမပူနဲ့….ကိုကိုရှိတယ်လုပ်။

အိမ်ကမိန်းမ နေမကောင်းဖြစ်လို့ ဆေးသောက်ပြီးပြီးလား မေးဖော်မရဘူး။ သက်သာလားတောင် နည်းနည်းမမေးဖော်မရဘူး။ အားတာနဲ့ ဖုန်းကောက်ကိုင် Screen ကြီးကြည့်
မျက်ခွက်က စပ်ဖြီးဖြီး ပြီးတီတီနဲ့။ အားဘွားမွမွ ပလွတ်ပလွတ် ပလပ်ပလပ်တွေ အရမ်းချစ်တယ် မခွဲချင်ဘူး တွေ့ချင်တယ် ရူးတော့မှာပဲ လုပ်။
ဒင်တို့ မျိုးဖို့ဆို့ဖို့ ချက်ပြုတ်လျှော်ဖွတ်နေရတဲ့ မိန်းမကျတော့ မောနေလား တစ်ခွန်းမှ မမေးဘူး။

Facebook ပေါ်က ကောင်မ photo တွေကို အသည်းပုံတွေ ဘာပုံတွေထည့် Couple photo တွေလုပ်။ အေးအတူ ပူအမျှ နေပေးခဲ့တဲ့ မိန်းမ photoကျတော့ ဖုန်းထဲတောင် ထည့်မထားဘူး။ ခင်ဗျားတို့ ကိုယ်ဘာသာ သိပ်လည်လှပြီး မမှတ်နဲ့

ခုခေတ်မိန်းခလေးတွေ Facebook ပေါ်က တစ်ချို့ တစ်ချို့ မိန်းခလေးတွေ ပဲရှိတာ။ အရေးရယ် အကြောင်းရယ်ဆို ခင်းဗျားမိန်းမကပဲ ခင်းဗျားနာမှာ ရှိနေမှာ။ ဟိုကောင်မတွေ ရှောင်ထွက်သွားကြမှာ။ ငါတို့ ယောကျာ်းလေးတွေပဲ ဘာမှမဖြစ်ပါဘူး အရှုံးမရှိပါဘူးကွာ ရရင်တော့ ယူမှာပဲဆိုတဲ့ စကား လွယ်လွယ် မပြောနဲ့။

ခင်ဗျားတို့သာ ခင်းဗျားတို့ သမီး ဖေဖေလို့ တလေးတစား ခေါ်နိုင်ဖို့ရာ ခင်ဗျားတို့လည်း လေးစားထိုက်အောင် နေရတယ်ဗျ။
တခဏတာ စိတ်ချမ်းသာမှုကို မလိုချင်ကြပါနဲ့။
ဖခင်ကောင်းတွေ ဖြစ်နိုင်ကြပါစေလို့…..။
Soehlaingtun