တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် ရေးတဲ့စာ

Advertisements

တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ တော်လှန်ရေး ရဲမေတစ်ယောက် ရေးတဲ့စာ …

ငိုမနေနဲ့ လူတွေသေနေပြီ”” ထ””
ဘယ်အရာမဆို မထိုးဖောက်ပဲ
ငြိမ်နေရင် ငြိမ်တဲ့နေရာ သေရမှာပဲ?

အလှည့်မြန်တာနဲ့ အလှည့်နှေးတာ ကွာမယ်
သေကိုသေရမှာ အာဏာရှင် မှန်သမျှ
ဘယ်ပြည်သူ့အတွက်မှ မပါတာသေချာတယ်
ဒီတော့ မင်းဘာလုပ်မလဲ?

ခက်ခဲ ကြမ်းတမ်းမှု့တွေ ကြုံလာရချိန်တိုင်း
နောက်ဆုတ် ထွက်ပြေးဖို့ စဉ်းစားမိတဲ့အခါ
တွေး မိတာက ငိုမနေ နဲ့ လူတွေ သေနေပြီ
မင်းပြန်ထ ဆိုတဲ့အတွေး??

ငါတို့လည်း လူပါ
သွေးနဲ့ကိုယ်အသားနဲ့ကိုယ်
အစားကောင်းလည်းကြိုက်
အနေကောင်းတာလည်းကြိုက်
မိသားစုကိုလည်း သိပ်ချစ်တက်တယ်

အေးအေးဆေးဆေး စီးပွားရှာ
ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး
မသိသလိုနေလို့ရပါတယ်
ဒါပေမဲ့ လူပီသတဲ့ နှလုံးသားက
လက်မခံတာ???

မတရားမှု့ကို ရွံ မုန်းတာ
မျှတမှု့ဆိုတာ မသိ တဘို့ထဲ သမား
တွေ ကိုနာကြည်းတာ

ခုချိန်ထိ
ငါ့မိသားစု မထိသေးပေမဲ့
ငါ့ပြည်သူ သေနေပြီ ဆိုတဲ့အသိ

ကိုယ်လွတ် မရုန်း ပဲ ငါ့ဘဝပါ
အနစ်ခံ လိုက်တာ တိုင်းပြည်ကို
ချစ်လို့ပါ???

ငါတို့မနာကျင်တဲ့နေ့တနေ့မှ မရှိခဲ့သလို
ငါတို့အားလုံး မသေယုံပဲ ကျန်ပြီး

ရှိသမျှ ခွန်အားတွေကိုစုစည်း
ငတ်တစ်လှည့်ပြတ်တခါ
မသေ ထမင်း မသေ ဟင်းကို
စားပြီး ကြိုးစားနေကြတာ??

ငါတို့တိုင်းပြည်ကို
ကယ်ဖို့အတွက်ပါ

သေချာတာ ဒီပွဲမှာ ငါလိပ်ပြာလုံတယ်

ကိုယ်ကျိုးအတွက်ဘာတစ်ခုမှ မပါ
အများအကျိုး တစ်ခုထဲ နဲ့ ပေးဆပ်နေရလို့
ပတ္တမြား မှန်ရင် နွံ မနစ်ဘူး

ဒီတော့တိုက်ပွဲဝင်ဖို့
ငါတို့အသင့်ဖြစ်နေပြီ

မင်းတို့အသင့်ပြင်ထားပါ
သေဖို့အတွက် မင်းအောင်လှိုင်စစ်တပ်???

ပါးပေါ်က မျက်ရည်တွေ ပြန်သုတ်ရင်း
ငိုမနေနဲ့ လူတွေ သေ နေပြီ “ထ”

crd
မိသင်း
ယက်ခ 60