
အခုဆိုရင် တစ်ချို့ဒေသတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို တစ်ချို့နေရာတွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ် ။ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတဲ့ ပြည်သူတွေကို PDF လူငယ်တွေကလည်း အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ် ။ တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လူငယ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကို Alfie ကတော့ တောထဲမှာ စစ်ပညာသင်ယူနေသူတစ်ဦး ဖြစ်ပါတယ် ။
Alfie က သူမြတ်နိုးတဲ့ Hairstylist ဘဝကနေ လက်နက်ကိုင်ရတဲ့ သင်တန်းသားဘဝကို ပြောင်းလဲယူခဲ့တာ ဖြစ်ပါတယ် ။ တောထဲတောင်ထဲမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး စစ်ပညာသင်ယူနေတဲ့ Alfie က လူမှုကွန်ယက်စာမျက်နှာထက်မှာ နာမည်ကြီးရေပန်းစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ အခုလည်း Alfie က ပြည်သူတွေ စိတ်ခွန်အားဖြစ်စေဖို့အတွက် အားပေးစကားတစ်ချို့ကို ရေးသားပြောပြထားတာ တွေ့ရပါတယ်။

Alfie က (၂၀၂၁) အရေးတော်ပုံ မအောင်နိုင်စရာအကြောင်း မရှိကြောင်းကို ချက်ကျလက်ကျ ရှင်းပြထားတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေက ရှိတာလေးတွေနဲ့ ခုခံခဲ့တာတောင်မှ တစ်ဖက်က မထိန်းချုပ်နိုင်ခဲ့တာကြောင့်
တကယ့်လက်နက်တွေနဲ့သာဆိုရင် အောင်မြင်နေမှာဖြစ်ကြောင်း သူကပြောထားတာလည်း ဖြစ်ပါတယ် ။ သူကတော့ ပြည်သူတွေရဲ့စည်းလုံးညီညွတ်မှုအင်အားနဲ့ ရဲစွမ်းသတ္တိရှိမှုတွေကို တလေးတစား ဖော်ပြထားတာလည်း ဖြစ်ပါတယ် ။