ဒလန်လို့ စွတ်စွဲခံရတာကြောင့် စစ်ဘေးရှောင်တွေကို အခက်အခဲကြားကနေ ကူညီရတဲ့အကြောင်းကို ဖြေရှင်းခဲ့တဲ့ ထူးအယ်လင်း

Advertisements

ထူးအယ်လင်းကတော့ လတ်တလောမှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေခဲ့တာ ဖြစ်ပါတယ်။ အခက်အခဲတွေကြားက သွားရောက်ကူညီခဲ့ပေမဲ့လည်း ဒလန်လို့ စွတ်စွဲခံရကာ ပရိတ်သတ်တွေရဲ့ မယုံကြည်မှုကို ခံနေရတာကြောင့် အခုလိုပဲ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ထူးအယ်လင်း ဖြေရှင်းခဲ့တာကတော့ ” ကျွန်တော် စစ်ဘေးရှောင်တွေအတွက် လှူဖို့ ဆန်အိတ် ၁၀၀ ,တစ်အိတ်ကို ၅၅ ပိသာရှိပြီး လူအယောက် ၁၀၀ ကိုတစ်လစာ စားသုံးနိုင်တဲ့ အကောင်းစားမျှင် ငါးပိအိတ် ၂၅ လုံး,ငါးသေတ္တာဗူး အလုံး ၃၅၀,၅၀၀ ခန့် ၊ ခေါင်းကိုက်ဖျားနာ အကိုက်အခဲ ထိခိုက်ရှနာအတွက် အိမ်သုံးဆေးဝါး လူ ၇၀၀ စာ,ဝမ်းလျော ဝမ်းပျက်အတွက် ဆေးနှင့်ဓာတ်ဆား လူကြီးနှင့်ကလေးငယ်တွေအတွက် လူအယောက် ၃၀၀ စာ ,ပုဇွန်ခြောက် ငံပြာရည်ချက် ၁၀ ပုံး(တစ်ပုံးကို လူတစ်ရာ့ငါးဆယ်စားသုံးနိုင်တယ်)ဒါတွေကို ကျွန်တော်တို့ စစ်ဘေးရှောင်တွေအတွက် လှူဖို့ ခဲရာခဲစစ်ကျွန်တော်အလှူခံ စုစည်းထားရတယ်။

ခရီးမှာ သယ်ယူသွားတော့လည်း ကျွန်တော် သွားလှူကူညီဖို့အတွက် ယူလာတာပါပြောတော့လည်း အကြီးကြီး အစစ်အဆေးခံရတယ်(စိတ်ကိုအအေးချမ်းဆုံးထား စိတ်အရှည်ဆုံးထား ငါသည်းခံတာ ငါ့အတွက်မဟုတ်ဘူး ဒုက္ခအကြပ်အတည်းဖြစ်နေသူတွေအတွက်) ဒီလို စိတ်ကို ထားတတ် နေတတ်နိုင်ပြီးမှ အကူအညီလိုသူတွေစီရောက်တယ်။ ကြိုက်သလိုစစ် အမှန်အတိုင်းပြောတယ် လှူဖို့ပစ္စည်းတွေပါလို့,ဘယ်ကလာတယ် ဘယ်ကိုသွားလှူမယ် ပေါ်တင်ပြောသွားတယ် ,စစ်ဆေးရေးဂိတ်က အဲ့ဒီကို သွားလို့ မရဘူးဆိုရင် မသွားဘူး ရောက်နိုင်သလောက်သွားပြီး ရအောင်လှူတယ်။

ထင်သလောက်မလွယ်ပါဘူး တကယ်တမ်းလက်တွေ့မှာ။ပြောချင်တာက ကိုယ်တွေမှာ လူလိုတွေးပြီး လူလိုကိုယ်ချင်းစာလို့ လူလို ကူညီတာ .. ဒါကို လူတွေပဲသိမယ်။ ငါ မပင်ပန်းဘူး ငါ မညည်းတတ်ဘူး ငါ့ကူညီခြင်းမင်္ဂလာကို မီးတော့ မရှို့ပါနဲ့ ။ ငါ ချီးမွမ်းခံချင်လို့ လုပ်နေတာမဟုတ်သလို ပရဟိတရေစီးထဲမျောလိုက်နေတဲ့ကောင်လည်းမဟုတ်ပါဘူး… ငါ့ အတ္တကို သဒ္ဓါဘက်ပြောင်း​ စိတ် စေတနာထည့်ပြီး ငါ့ ခန္ဓာကို မောင်းနှင်နေတာပါ။ ငါ့မှာ ထူးအယ်လင်းဆိုတဲ့ အမည်ကြောင့် ငါ့ကိုအားပေးချစ်ခင်တဲ့ လူတိုင်းကို ဓာတ်ပုံအရိုက်ခံတယ် ။ လူတိုင်း(လူတိုင်းဆိုတာ အလွှာစုံကိုဆိုလိုပါတယ်) ဆိုတော့ ထူးအယ်လင်းဆိုတာ တော်တော်များများသိကြပါတယ်…ဒါကြောင့် နေရာအနှံ့ သွားလို့ အဆင်ပြေတယ်…ငါသာ မမှန်ခဲ့ရင်မည်သူမဆို ငါ့ကိုဘယ်နေရာမှာမှ လက်ခံမှာမဟုတ်ဘူး။ ဒါပါပဲ မကူညီချင်နေပါ မနှောင့်ယှတ်ပါနဲ့။ ငါ အရှေ့မှာရေးပြထားတဲ့ရိက္ခာပစ္စည်းတွေကို နောက်တစ်ခေါက် သွားကူဖို့ ကြိုထပ်စုထားတာပါ။မိတ်ဆွေ မင်း အား ယားနေရင် ငါနဲ့လိုက်ခဲ့ပါ ငါတို့ ဘယ်လို သွားရ ပြောဆိုရ နှိမ့်ချရသလဲဆိုတာ မင်း သိလာမယ်။စစ်ဘေးရှောင်တွေကိုဒုက္ခရောက်စေချင်လို့များလား ငါ့ လဒန် အမည်တပ် စွပ်စွဲတဲ့ ဒလန်တွေရယ် ?” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ထူးအယ်လင်းရဲ့ မွန်မြတ်လှတဲ့ ကူညီထောက်ပံ့မှုတွေအတွက် ချီးကျူး လေးစားနေကြတာ ဖြစ်ပါတယ်။ အချင်းချင်း အငြင်းပွားစေမယ့် စကားတွေ မပြောကြဘဲ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်မှသာ အားလုံးအတွက် အဆင်ပြေနိုင်ကြမှာ ဖြစ်ပါတယ်။ ထူးအယ်လင်းတစ်ယောက် ပရဟိတ အလုပ်တွေကို ဒီ့ထက်မက လုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။