
ကိုယ့်ချိုင်းကြားအသားအရည်မည်းညစ်နေမယ်ဆိုရင် လူအများအမြင်မှာလည်း အတော်လေး အကျည်းတန်စေတဲ့အပြင် အသားအရည်နဲ့ပတ်သတ်တဲ့ ပြဿနာတွေလည်း မကြာခဏ ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုပြဿနာလေးတွေကို ပိုက်ဆံကုန်သက်သာပြီး လွယ်လွယ်နဲ့ဖြေရှင်းနိုင်မယ့် သဘာဝနည်းလမ်းလေးတွေကတေ
၁။ အာလူး
အာလူးကို အခွံခွာပြီး ကြိတ်ပါ။ အရည်ကို ညှစ်ယူပြီး ချိုင်းကြားမှာ လိမ်းပေးပါ။ ၁၀မိနစ် ၁၅မိနစ် ခန့်ထားပြီး ရေပြန်ဆေးချပါ။ တစ်နေ့ကို တစ်ကြိမ် နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးပါ။
၂။ သခွားသီး
ဒီနည်းလမ်းလေးကတော့ အလွယ်ဆုံးလေးပါ။ သခွားသီးကို ပါးပါးလှီးပြီး ချိုင်းကြားမှာ ၁၀မိနစ် ၁၅ မိနစ်လောက် ကပ်ပေးပါ။ တစ်နေ့ကို တစ်ကြိမ် နေ့စဉ်မှန်မှန်လုပ်ပေးပါ။
၃။ ရှားစောင်းလက်ပတ်ဂျယ်လ်
ရှားစောင်းလက်ပတ်အပင်ကနေ ရှားစောင်းလက်ပတ်ဂျယ်လ်ကို အရင်ထုတ်ယူပါ။ ရရှိလာတဲ့ ရှားစောင်းဂျယ်လ်လေးတွေကို ချိုင်းကြားပေါ်မှာ သုတ်လိမ်းပြီး ၁၀မိနစ် ၁၅မိနစ်ခန့် အခြောက်ခံပါ။ ပြီးရင် ရေဖြင့်ဆေးချပါ။ တစ်နေ့တစ်ကြိမ်ပုံမှန်လုပ်ဆောင်ပေးပါက ရလဒ်ကောင်းတွေ ရရှိလာမှာပါ။ အော်… ရှားစောင်းလက်ပတ်ပင်ရှာမတွေ့ရင်လည်း ဈေးကွက်ထဲကနေ Organic ရှားစောင်းလက်ပတ် Gel ဘူးလေးတွေလည်း ဝယ်သုံးလို့ရတယ်နော်။
၎။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ထဲမှာ ဆဲလ်သေတွေကို ရှင်းလင်းစေပြီး အမာရွတ်တွေကို လျော့ပါးစေနိုင်တဲ့ အမိုင်နိုအက်စစ်နဲ့ လက်တစ်အက်ဆစ်တွေပါဝင်တဲ့အပြင် ချွေးပေါက်များကို ကျဉ်းစေပြီး အသားအရည်မည်းညစ်မှုကိုလည်းလျော့ချပေးပါတယ်။ ဒါကြောင့် ပန်းသီးရှာလကာရေကို ဝါဂွမ်းလေးပေါ်အနည်းငယ်လောင်းချပြီး ချိုင်းကြားပေါ်ကိုလိမ်းပေးပါ။ ခြောက်သွေ့တဲ့အထိထားပြီး ရေဖြင့်ပြန်ဆေးချပါ။ နေ့စဉ်အသုံးပြုပါက အကျိုးမြန်မြန်သက်ရောက်မှာပါနော်…
၅။ သကြားနဲ့သံလွင်ဆီ
သံလွင်ဆီ ၂ ဇွန်း၊ သကြား ၃ ဇွန်းကို ပန်ကန်လုံးထဲထည့်ပြီး ရောမွေလိုက်ပါ။ ရောမွေထားတဲ့ သကြားနဲ့ သံလွင်ဆီကို ချိုင်းကြားပေါ် သုတ်လိမ်းပါ။ ၅ မိနစ် ၁၀မိနစ်ခန့်ထားပြီး ရေနွေးနွေးလေးဖြင့်ပြန်ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ်အသုံးပြုပေးပါ။