ကိုယ့်သားသမီးငယ်ငယ်လေးတွေကို ဖုန်းပေးကိုင်တဲ့ မိဘတွေ သင်ခန်းစာယူရမယ့် ဖြစ်ရပ်တစ်ခု

Advertisements

ကျွန်တော်မှာသားသုံးယောက်ရှိပါတယ် ယောင်္ကျားတို့ရဲ့ ထုံးစံအတိုင်းပေါ့ဗျား သားယောင်္ကျားလေးမွေးရင်ပျော် ကျတာပေါ့ ပထမမွေးတော့လဲသား ဒုတိယမွေးတော့လဲ သား တတိယမွေးတော့လဲသားဘဲဗျား သားသုံးယောက် ကိုချစ်တဲ့ ဖေဖေနဲ့မေမေက သူတို့တွေပူစာသမျှအကုန် ဝယ်ပေးခဲ့တယ်လေး သူတိုရဲ့ကုသိုလ်ကံလို့ဘဲပြောရ မလားပေါ့ အဲ့ဒီအချိန်ကစီးပွားရေးကလဲကောင်းတယ် မန္တလေး မူဆယ် တောင်ကြီးဆိုတဲ့ ခရီးကကျွန်တော့ အတွက်အိမ်ဦးနဲ့ ကျမ်းပြင်ဆိုသလိုပေါ့ အဲ့ဒီအချိန်က လက်ကိုင်ဖုန်း ကိုင်နိုင်တဲ့မိသားစုဆိုတာ နယ်တိုင်း မြို့တိုင်းမှာ လက်ချိုးရေးလို့ရတယ် ကြွားသလိုမျိုးဖြစ်သွားရင်လဲနားလည်ပေးပါ အဲ့ဒီအချိန်မှာ ကျွန်တော့ သားတွေက Mp3 – Mp4-ဖုန်းဟန်းဆက်အမျိုးမျိုး တွေကိုကျွမ်းကျင်စွာသုံးစွဲတက်နေကြပြီး ကိုယ်တွေက လဲခလေးတွေကစားတက်တယ်ပေါ့

အဲ့ဒီမှာပြောခြင်တာ တခုက နောင်တချိန် Mp3 Mp4နှင့်ဖုန်းဟန်းဆက်တွေရဲ့ပေးလာမဲ့ မကောင်းမှု ဘေးထွက်ဆိုးကျိုးတွေပါဘဲ ယ္ခု ၂၀၂၀ ကျွန်တော်ရဲ့သားအငယ်လေး(နဝမ) တန်းစာမေးပွဲကြီးကိုဖြေဆိုကာနီးနေပါပြီး လွန်ခဲ့တဲ့(၄)နှစ်လောက်ကစဖြစ်တာပါ ကျောင်းမှာစာမမြင်ရဘူး လို့ပြောတော့ အတန်းပိုင်ဆရာမကိုပြောပြလို့ ရှေ့ခုံမှာ ထားပေးတယ် ဒါလဲသူမမြင်ရဘူးပြောတယ် အဲ့ဒါနဲ့ဘဲ မျက်စိဆေးရုံကြီးကိုရောက်တယ်ပေါ့ တနိုင်ငံလုံးမှာရှိတဲ့ မျက်စိအထူးကုဆေးရုံတွေစုံသွားပါတယ်အဖြေကတော့ ခလေးအတွက် မျက်မှန်ပေးစရာမရှိပါဘူးတဲ့ဗျာ

ဒါနဲ့ဘဲ မျက်စိကိုတခြားရောင်ခြည်တွေ မထိအောင်ကာကွယ် ပေးတယ်ဆိုတဲ့မျက်မှန်ရယ် မျက်စိဆေးရုံကြီးကပေးလိုက်တဲ့မျက်စိအထာက်အကူပြု မှန်ဘီးလူးဆိုတာကြီး ရယ်ကိုယူပြီးပြန်လာခဲ့ရတယ်ပေါ့လိုနဲ့ဘဲ သားအငယ်လေးကို မိသားစုဝင်တွေ တစ်ယောက် တလှည့် ကျောင်းအကြိုအပို့လုပ်ပေးပြီး ကျောင်းတက် လာလိုက်တာ အခုဆိုရင်(နဝမတန်း)ကိုရောက်နေပါပြီး ခလေးကတော့ လမ်းလျှောက်ရင် ဟိုထိုးဒီထိုးလေးဖြစ်နေတာပေါ့ ခလေးကိုအရိုးအကြောဆိုလို့ ပြရသေးတယ် မထူးခြားလာပါဘူး တဖြေးဖြေးပိုပိုဆိုးလာသလိုဘဲ ဒါနဲ့ဘဲ ၂၀၁၉ ဒီဇင်ဘာကျောင်းပိတ်ရက်ကို ရောက်လာတယ် ခလေးကလဲပြောတယ်ဗျ ကျောင်းပိတ်ရင်မျက်စိနဲ့ ခြေထောက်ကိုပြပေးပါတဲ့ ကျွန်တော်လဲအလုပ်က တစ်ဘက်နဲ့ဆိုတော့ သားရယ်စာမေးပွဲအစိန်ကြီးပြီးမှ သွားပြကြတာပေါ့လို့ပြောပြီး ချော့ထားရတာပေါ့ တရက် ၂၀၂၀ဇန်နဝါရီ(လ)ထဲမှာခလေးက အပြင်းဖျားလာလို့ ဆေးရုံတင်လိုက်ရတယ် သုံးရက်လောက်နေတော့ သက်သာလာတာနဲ့ ဆေးရုံကပြန်ဆင်းလာတယ် အားရှိ တဲ့အစားအစာတွေကျွေးတာပေါ့ ထူထူထောင်ထောင် လေးတော့ဖြစ်လာတယ် လေးရက်မြောက်တဲ့နေ့မှာ ညခင်းအိပ်ယာဝင်ပြီး မနက်အိပ်ယာကထတော့ ခလေး က ခြေတွေလက်တွေကွေးနေတာ ပြန်စန့်လို့မရတော့ဘူး အဲ့ဒါနဲ့ဘဲဆေးရုံကြီးတစ်ခုကို တက်ရောက်ဆေးကုသရပြန်တယ် တစ်ပတ်ခန့်ကြာတော့ ခြေတွေလက်တွေ ပြန်ကောင်းလာခဲ့တယ်
ဆေးရုံကပြန်ဆင်းခဲ့ရတယ်ပေါ့

အဲ့ဒီမှာ မပြီးသေးတာတခုက ဦးနှောက်နှင့်အာရုံကြော ကိစ္စပါဘဲ နှစ်ရှည်လများဖုန်းကိုအသုံးပြုပြီး ဂိန်းတွေကိုကစားခဲ့တဲ့ကျွန်တော်သားလေးရဲ့ခံစားနေရတဲ့ရောဂါက ဦးနှောက်အာရုံကြောတွေ ထိခိုက်နေတဲ့ရောဂါပါဘဲခြေတွေလက်တွေမကောင်းတာ စာရေးလို့မရတာ အရာ ဝတ္ထုတွေကိုင်တွယ်လို့မရတာ အလိုလိုနေရင်မေားတာ မျက်စိအမြင်တွေမကောင်းတော့တာ အာရုံကြောတွေ ကိုအားနည်းလာစေလို့ပါဘဲ အဲ့ဒီအရာတွေအားလုံးကို ဖြစ်စေခဲ့ရတဲ့ (ပထမ)တရားခံကကျွန်တော်တို့မိဘနစ် ပါး(ဒုတိယ)တရားခံကတော့ လက်ကိုင်ဖုန်းတွေကြောင့် ပါဘဲလက်ကိုင်ဖုန်းတွေကထွက်လာတဲ့ ရောင်ခြည်ကို ငယ်ရွှယ်နုနယ်တဲ့ ခလေးတွေရဲ့မျက်စိကမခံနိုင်ဘူးလေ ကြားလာတော့ မျက်စိတွေ အာရုံကြောတွေ ခြေတွေ လက်တွေကို တဖြေဖြေ ထိခိုက်လာတော့တာပေါ့ ကျွန်တော်တို့လို သားသ္မီးကိုချစ်ပြီးအလိုလိုက်မိခဲ့တဲ့ မိဘတွေကြောင့် အပစ်မဲ့ပြီးငယ်ရွှယ်နုနယ်သေးတဲ့ ကျောင်းသားအရွှယ် လူမမယ်ခလေးငယ်များအားလုံးကို ကျွန်တော့သားလေးလို မဖြစ်စေခြင် မခံစားရစေချင်လို့ တင်ပေးလိုက်တာပါ

ခလေးငယ်များကို အရွယ်မရောက်သေးခင်မှာ လက်ကိုင်ဖုန်းအား ပေးကိုင်ခဲ့ကြခြင်းရဲ့ ရလဒ်ကတော့ ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေပြီး ဝေသနာခံစားရမယ် ဆေးဝါးကုသဘို့အတွက် ငွေကြေး ကုန်ကျမယ်အချိန်ပေးရမယ် ပညာရေးတွေထိခိုက်မယ်ငွေကြေးတက်နိုင်လို့သားသ္မီးပြန်ကောင်းရင် တော်သေးပြန်မကောင်းရင် တသက်လုံး ဒုက္ခိတဘဝနှင့်နေရမယ် မိဘတိုင်းက သားသ္မီးများကို ချစ်ကြသလို သားသ္မီးများကလဲ မိဘများအပေါ်ကိုနာလည်းပေးနိုင်ကြပါစေ ယနေ့ကျွန်တော့သားလေး ဦးခေါင်းအားဓါတ်မှန်ရိုတ် ရမည်ဖြစ်ပြီး ဓါတ်မှန်ရမှရောဂါ၏ အဖြေကိုသိရှိရမည် ဖြစ်ပါသည် မိတ်ဆွှေများအားလုံး ကျန်းမာချမ်းသာ ကြပြီး လိုအင်ဆန္ဒ တလုံးတဝ ပြည့်စုံကြပါစေ