
လှည်းတန်းနား နေ့ခင်းကြောင်တောင်ကြီး ဓါးပြတိုက်ခံလိုက်ရတဲ့ အဖြစ်
ရန်ကုန်မြို့ လှည်းတန်းနား နေ့ခင်းကြောင်တောင်ကြီး ဓါးပြတိုက်ခံလိုက်ရတယ့် ကိုယိတွေ အဖြစ် ဖြစ်တယ့်နေရာက ရန်ကုန် တက္ကသိုလ် နား (လူပြတ်တယ် အခုတလော)

ကိုယ်ဘာသာ တယောက်ထဲလှည်းတန်းမှတ်တိုင်ကနေ စိုက်ပျိုးရေး မှတ်တိုင်ကို လမ်းလျှောက်နေတာ
လှည်းတန်း စင်တာ ရှေ့(ဟိုဘက်ခြမ်း) တံတားဘေး ၊ ရန်ကုန် တက္ကသိုလ် ဘက်ခြမ်း နားရောက်တော့ –
လူ၂ ယောက်က “ညီလေး ဒီနားမှာ ခန ထိုင်အုန်းဆိုပီး ထိုင်ခိုင်းတယ် ။ ကိုယ်က ဘာလဲပေါ့ဆိုပီး ဆက်လမ်းလျှောက်ရော သူတို့ ၂ ယောကိထဲက ၁ယောက်က လက်ထဲက ပုလင်းကွဲကို ထုတ်လိုက်ရော ကိုယ်က သိလိုက်ပီ “ငါတော့သွားပီဆိုပီး” သူတို့ပြောတယ့် ဘေးနားက အုတ်ခုံလေးမှာ ထိုင်လိုက်တယ် ၊ ဘေးမှာ သူတို့က ညပ်ပီး ကပ်ထိုင်တယ် ။
အဲ့ဘဲ ၂ ယောက်က ကိုယ့်လက်မှာကိုင်ထားတယ့် ဖုန်းကို ယူပီး ကြည့်လိုက်တယ် ပီးတော့ ဖုန်း Passcode ဖွင့်ပေးဆိုပီး ပြန်ပေးတယ် . ကိုယ်ကလည်း မဖွင့်ပေးဘဲ အိတ်ထဲ ပြန်ထည့်လိုက်တော့ မျက်ခွက်ကို ၂ ဆက် လှမ်းထိုးတယ် .. တော်သေးတယ် လက်နဲ့ကာလိုက်လို့ ။
ပီးတော့ ဖုန်း ထပ်တောင်းတယ် . ကိုယ်တွေက ဖုန်းတော့ မပေးဘူး ဆိုပီး ပြောလိုက်တယိ ၊ မင်း ငါ့ကို သိလားတဲ့၊ မသိဘူး”လို့ ပြောလိုက်တော့ ဖုန်းပေးနော် ဆိုပီး ထပ်တောင်းတော့ “ဖုန်းတော့ မပေးဘူးဗျာ”လို့ပြောနေတုန်းကို ဘေးကနေ ပုလင်းကွဲနဲ့ ခြေထောက်ကို ၂ ချက် ရှပ်ထိုးလိုက်တယ် ..

ပီးတော့ “ဖုန်းတောင်းတယ့်ကောင်ရဲ့ ဘေးကကောင်က ဖုန်းမပေးရင် ပိုက်ဆံပေးကွာ”ဆိုတော့ ၊ “အ်ုကေ ပေးမယ်ဆိုပီး အိတ်ထဲမှာ ရှိတယ့် ၂ သောင်းလောက်ကို အကုန် ထုတ်ပေးလိုက်တယ် ။ “ရပီမလား bro အကုန်ပေးထားတာဆိုပီး ထ ပီး ပြန်ထွက်လာလိုက်တယ်
(တော်သေးတယ် ဖုန်းမပေးလိုက်ရလို့ . လုစားနေတယ့် သူတွေ ထင်ပါတယ် . ဖုန်း Passcode ဖြည်ပေးလိုက်ရင် passscode ကို အေးဆေးပြောင်းပီး ဖုန်းအသာလး ယူဖို့လုပ်ထားတယ့် Plan , အခြေအနေ လည်း ရှတ်ရှတ်သဲသဲ မဖစ်ချင်တော့ ရတာ ယူသွားတယ့် အကွက် )

တခု သိလိုက်ရတာက လှည်းတန်းလိုနေရာဗျာ ဟိုဘက် ခြမ်းမှာ လူတွေရှိတယ် . ကားတွေလည်း ဘေးက တောက်လျောက်ဖြတ်နေတာ . ဟိုဘက်ခြမ်းက ကော်ဖီဆိုင်နားမှာ လူတွေရှ်တယ်နော် . ကိုယ်တွေ ကို လုပ်နေတာလဲ အစ အဆုံးမြင်တယ် . လှမ်းကြည့်နေယုံမှ အပ ဘာမှ မလုပ်
လှည်းတန်းနား တယောက်ထဲ မသွားကြဖို့ကို ကိုယ့် ကိုတွေ အဖြစ်လေးနဲ့ သတိပေးပေးလိုက်ပါတယ်ဗျာ