ရေဝင်နေတဲ့ဖုန်းကို ခြောက်သွေ့စေမယ့် နည်းလမ်းများ

Advertisements

ဖုန်းထဲကို ရေဝင်ရင် ဘာ့ကြောင့် ဆန်ပုံးထဲ မထည့်သင့်တာလဲ…..ဖုန်းကိုရေဝင်တဲ့အခါ ရေခြောက်သွားဖို့ နည်းလမ်းတွေအထဲက လူသိများတဲ့ နည်းလမ်းကတော့ ဆန်ပုံးထဲ ဖုန်းထည့်ထားတဲ့ နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းက ထင်သလောက် အကျိုးမရှိပါဘူး။ ဖုန်းကို ပိုပြီးတောင် ပျက်စီးစေပါတယ်။

ဆန်က ဖုန်းထဲက ရေတွေကို လျင်လျင်မြန်မြန် မစုပ်ယူနိုင်ပါဘူး။ ဆန်ထဲက အမှုန်တွေက ဖုန်းထဲကို ဝင်ပြီး ဖုန်းကိုတောင် ပျက်စီးစေနိုင်ပါတယ်။ ဖုန်းရေဝင်တဲ့အခါ မီးဖိုထဲက စားပွဲပေါ်မှာ အခြောက်ခံတာလည်း အသုံးဝင်တဲ့ နည်းလမ်းပါပဲ။ ဆန်ပုံးထဲ ထည့်မယ့်အစား လေနဲ့သာ အခြောက်ခံပါ။ ရေဝင်နေတဲ့ဖုန်းကို ခြောက်သွေ့စေမယ့် နည်းလမ်းများ ကို ဖော်ပြပေးလိုက်ပါတယ်နော်။

( ၁ ) ဖုန်းကို ရေဝင်တာနဲ့ ချက်ချင်း power ပိတ်လိုက်ပါ။

ဖုန်းထဲကို ရေဝင်ဝင်ချင်း power ပိတ်လိုက်ရင် လျှပ်စီးပတ်လမ်းတွေ ပျက်စီးတာကို ရှောင်ရှားနိုင်သွားပါပြီ။ လျှပ်စီးပတ်လမ်းတွေ ရေဝင်သွားရင် မကောင်းပါဘူး။ ရေဝင်ဝင်ချင်း ဖုန်းကို မြန်မြန်ပိတ်နိုင်လေ လျှပ်စီးပတ်လမ်းတွေ ပျက်စီးဖို့ အခွင့်အရေးနည်းလေပါပဲ။

( ၂ ) ဖုန်းကို ခြောက်သွေ့တဲ့အဝတ်စနဲ့ သုတ်ပါ။

ဖုန်းကို power ပိတ်ပြီးတဲ့အခါ ခြောက်သွေ့တဲ့အဝတ်စနဲ့ ဖုန်းကို သုတ်ပါ။ ဖုန်းကို အဝတ်စနဲ့ သုတ်တဲ့အခါ ညင်ညင်သာသာ သုတ်ဖို့တော့ လိုအပ်ပါတယ်။

( ၃ ) Sim card နဲ့ memory card ကို ထုတ်ပါ။

ဖုန်းရေစိုတဲ့အခါ ဖုန်းမှာရှိတဲ့ ထုတ်လို့ရတဲ့ အရာမှန်သမျှကို ထုတ်လိုက်ဖို့လည်း လိုအပ်ပါတယ်။ Model နိမ့်တဲ့ဖုန်းတွေဆိုရင် sim card အိမ်နဲ့ ဖုန်းဓါတ်ခဲကိုပါ ထုတ်သင့်ပါတယ်။

( ၄ ) ဖုန်းအားသွင်းတဲ့အပေါက်ထဲကို ဘယ်အရာမှ မထည့်ပါနဲ့။

ဖုန်းထဲက ရေတွေ စုပ်ယူအောင် ဖုန်းအားသွင်းပေါက်ထဲကို ပိတ်စတွေ၊ စက္ကူစတွေ မထည့်သင့်ပါဘူးနော်။ ပြီးတော့ ဖုန်းရေဝင်တဲ့အခါ ဖုန်းက ခလုပ်တွေ မနှိပ်မိဖို့၊ ဖုန်းကို မခါရမ်းဖို့လည်း သတိထားသင့်ပါတယ်နော်။

( ၅ ) ရေဝင်နေတဲ့ဖုန်းကို ခြောက်သွေ့တဲ့ ပိတ်စပေါ်မှာ အခြောက်ခံပါ။

အပေါ်က အဆင့်တွေကို ပြုလုပ်ပြီးတဲ့ခါ ဖုန်းကို ခြောက်သွေ့တဲ့ပိတ်စပေါ်မှာ အခြောက်ခံပါ။ ဖုန်း မခြောက်သွားခင်မှာ power ကို မဖွင့်ဖို့ လိုပါတယ်နော်။ ဖုန်းကို ၂၄ နာရီကနေ ၃၆ နာရီကြာအောင် အခြောက်ခံဖို့ အကြံပေးကြပါတယ်။

ဖုန်းကို အခြောက်ခံပြီးလို့ ဖုန်းက ပြန်အလုပ်လုပ်နိုင်ရင်တောင် ရေဝင်သွားတဲ့အတွက် သုံးရတာ အဆင်မပြေနိုင်သေးပါဘူး။ ဖုန်းရဲ့အခြေအနေကိုကြည့်ပြီး ဖုန်းမှန်ထဲမှာ ရေကွက်တွေ၊ ရေငွေ့ပြန်တာတွေတွေ့ရင် ကျွမ်းကျင်သူထံမှာ သွားရောက်ပြင်ဆင်သင့်ပါတယ်။