
ရည်းစားဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံစုရအောင်လို့ စပြီးတိုင်ပင်ဖြစ်ကြတယ်အဲ့ဒါနဲ့စုမယ်ဆိုပြီး ငွေစစုဖြစ်သွားတာပေါ့ တစ်လတစ်ခါ ဘဏ်ထဲငွေထည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ် ကိုယ်ကတော့ လခစား ဝန်ထမ်းဆိုတော့ အများကြီးမစုနိုင်ဘူး (၃ပုံ ၁ပုံလောက်ပေါ့) တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် Bank account ကိုလဲ ၂ယောက်နာမည်နဲ့ KBZ_Call_Deposits_account လုပ်ထားလိုက်တယ် အဆင်ပြေတဲ့လူ သွားလို့ရအောင်ပေါ့
အဲ့လိုနဲ့ စု လာလိုက်တာ ဘဏ်စာအုပ်လေး ၂နှစ်နဲ့ ၄လ ပြည့် ( ရည်းစားသက်တမ်း ၄နှစ်နဲ့ ၄လ)မှာ သိန်း ၃၀ လောက် စုမိသွားတယ်။ ဘဏ်စာအုပ်လေးခနခနထုတ်ထုတ်ကြည့်ပြီး ပီတိတေဖြာတဲ့ အရသာကလေ ဘယ်လိုပြောရမလဲ
(တအားမများပေမယ့် မိန်းကလေးမို့လားတော့မသိစာအုပ်ထဲက ဂဏန်းခုနှစ်လုံးကို ကြည့်နေရတာနဲ့ကို အရမ်း စိတ်ချမ်းတေ သာနေပါပြီနော် ) ချစ်သက်တမ်းတွေတိုးလာတာလည်း သက်သေတစ်ခုပဲပေါ့နော် (ရန်ဖြစ်တိုင်း ပြတ်ရင် ဘဏ်စာအုပ် ငါမယူဘူး နင်ယူလိုက်ဆြိုပီး တယောက်တလှည့်ပြော ရန်တေသတ်တာပြီးရင် တကယ်လည်းမပြတ်နိုင်ကြတော့ ပျော်စရာကြီး ဟီးဟီး )
အဲ့တော့အကြံပေးချင်တာကလက်ထပ်ဖို့ရည်ရွယ်ထားရင်ချစ်သူနှစ်ယောက်ပေါင်းပြီး ငွေစုကြည့်ပါ တစ်နေ့တစ်နေ့ တစ်လတစ်လ ကနေ ရက်ပေါင်းများသွားရင် စုငွေတွေ တိုးလာမှာ အမှန်ပါပဲ စစုတုန်းကတော့မဖြစ်စလောက်ပေမယ့် ခုလိုနှစ်နဲ့ချီလာတော့ချစ်သူ၂ယောက်သား ဖြစ်ချင်တာလေးတစ်ခုခုလုပ်လို့ရတာပေါ့ Credit:Htet Wai Si Myint