
ဒီေန႔မွာေတာ့ ျမန္မာ့႐ုပ္ရွင္ေလာကထဲက ထင္ရွားလွတဲ့ မင္းသမီးေတြထဲက တစ္ဦးျဖစ္တဲ့ ထပ္ဆင့္အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ရဲ႕ အေၾကာင္းကို တင္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္။ အားလုံးကခ်စ္စႏိုးနဲ႔ အူဝဲလို႔ ေခၚၾကတဲ့ သူမကိုေတာ့ ၁၉၇၇ခုႏွစ္၊ ဧၿပီလ ၂၄ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ မိဘေတြကေတာ့ ဦးေက်ာ္ဇင္ နဲ႔ ေဒၚျမသီတာတို႔ပဲ ျဖစ္ပါတယ္။

ေမြးခ်င္းသုံးဦးရွိၿပီး သူမကေတာ့ အငယ္ဆုံးျဖစ္ပါတယ္။ သူမရဲ႕ဇာတိကေတာ့ ရန္ကုန္ၿမိဳ႕ ျဖစ္ပါတယ္။ သူမရဲ႕မိဘမ်ိဳး႐ိုးကို ၾကည့္မယ္ဆိုရင္ေတာ့ သူမဟာခုထက္ထိနာမည္ေက်ာ္ၾကားေနဆဲျဖစ္တဲ့ စာေရးဆရာႀကီး ဒဂုန္တာယာရဲ႕တူမ ျဖစ္ပါတယ္။ ရဲေဘာ္သုံးက်ိပ္အဖြဲ႕ဝင္ဗိုလ္ေဇယ်ရဲ႕ေျမး ေတာ္စပ္သူလည္း ျဖစ္ပါတယ္။
မင္းသားႀကီးေကာလိပ္ဂ်င္ေနဝင္း တူမေတာ္စပ္ျဖစ္ၿပီး ရာဇာေနဝင္းနဲ႔ ေဟမာေနဝင္းတို႔နဲ႔လည္း အမ်ိဳးေတာ္စပ္သူပဲျဖစ္ၿပီး ပိုင္ေဇရဲထြန္း ေမာင္ႏွမဝမ္းကြဲ ေတာ္စပ္သူျဖစ္ပါတယ္ ။ဒါ့အျပင္ သူမကတူမေလးျဖစ္တဲ့ေမတိုးခိုင္ကိုလည္း သမီးေလးတစ္ေယာက္လို ခ်စ္ခင္သူျဖစ္ၿပီးအႏုပညာ လမ္းေၾကာင္းေပၚကိုေရာက္ေအာင္ ေျမေတာင္ေျမႇက္ေပးသူလည္း ျဖစ္ပါတယ္။ သူမက ၁၉၉၆ခုႏွစ္ကေနစတင္ၿပီးေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္ာလာၿပီးေနာက္ပိုင္းမွာေတာ့ တီဗီမွာေၾကာ္ာျငာမင္းသမီးအေနနဲ႔တၿပိဳင္နက္ထဲမွာပဲ ျမန္မာဇာတ္လမ္းေတြထဲမွာ က်ရာေနရာကေနပါဝင္သ႐ုပ္ေဆာင္လာသူပဲျဖစ္ပါတယ္။

သူမရဲ႕အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔အတူ သ႐ုပ္ေဆာင္ေကာင္းမႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ရင္ထဲမွာေနရာတစ္ေနရာကို ယူထားႏိုင္ၿပီးအကယ္ဒမီဆုေတြကို ရရွိခဲ့သူျဖစ္ပါတယ္။ အႏုပညာလမ္းေၾကာင္းေပၚမွာေလွ်ာက္လွမ္းေနရင္းနဲ႔ ျမန္မာ့မင္းသားထဲမွာထိပ္ဆုံးကေအာင္ျမင္ေနတဲ့မင္းသားျဖစ္သူ ေျပတီဦးနဲ႔ေ႐ြလက္တြဲၿပီး ေအာင္ျမင္ၿပီးလူတိုင္းက အားက်ရတဲ့ မိသားစုဘဝေလးကို သမီးေလးတစ္ေယာက္ သားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။
သူမကေတာ့ ကိုယ္ပိုင္စီးပြားေရးအျဖစ္ ေရေမြးနဲ႔ အိတ္ေတြကိုလည္း သူမအမည္နဲ႔တင္သြင္းတဲ့အလုပ္ကိုလည္း လုပ္ကိုင္ေနသူျဖစ္ပါတယ္။ ခုလက္ရွိမွာေတာ့သူမရဲ႕ကိုယ္ထဲမွာ စီးဆင္းေနတဲ့မတရားမႈကို ၿငိမ္ၾကည့္ေနလို႔အဆင္မေျပတဲ့အတြက္ေၾကာင့္ သူမတို႔ဇနီးေမာင္ႏွံကေတာ့ အဖမ္းခံထား၇တာ ျဖစ္ပါတယ္။

ပရိသတ္ေတြရဲ႕ ပို႔သတဲ့ေမတၱာေၾကာင့္ သူမတို႔မိသားစုေလးအရင္လိုေပ်ာ္ေပ်ာ္႐ြင္႐ြင္ျပန္ေနထိုင္ႏိုင္ဖို႔အတြက္ ပရိသတ္ႀကီးနဲ႔အတူ ဆုေတာင္ေပးၾကရေအာင္ေနာ္….
Unicode
စိတ်ဝင်စားဖို့ကောင်းလှတဲ့ အိန္ဒြာကျော်ဇင် ဖြတ်သန်းခဲ့ရတဲ့ သူမဘဝအကြောင်း
ဒီနေ့မှာတော့ မြန်မာ့ရုပ်ရှင်လောကထဲက ထင်ရှားလှတဲ့ မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အားလုံးကချစ်စနိုးနဲ့ အူဝဲလို့ ခေါ်ကြတဲ့ သူမကိုတော့ ၁၉၇၇ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေကတော့ ဦးကျော်ဇင် နဲ့ ဒေါ်မြသီတာတို့ပဲ ဖြစ်ပါတယ်။

မွေးချင်းသုံးဦးရှိပြီး သူမကတော့ အငယ်ဆုံးဖြစ်ပါတယ်။ သူမရဲ့ဇာတိကတော့ ရန်ကုန်မြို့ ဖြစ်ပါတယ်။ သူမရဲ့မိဘမျိုးရိုးကို ကြည့်မယ်ဆိုရင်တော့ သူမဟာခုထက်ထိနာမည်ကျော်ကြားနေဆဲဖြစ်တဲ့ စာရေးဆရာကြီး ဒဂုန်တာယာရဲ့တူမ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ဗိုလ်ဇေယျရဲ့မြေး တော်စပ်သူလည်း ဖြစ်ပါတယ်။
မင်းသားကြီးကောလိပ်ဂျင်နေဝင်း တူမတော်စပ်ဖြစ်ပြီး ရာဇာနေဝင်းနဲ့ ဟေမာနေဝင်းတို့နဲ့လည်း အမျိုးတော်စပ်သူပဲဖြစ်ပြီး ပိုင်ဇေရဲထွန်း မောင်နှမဝမ်းကွဲ တော်စပ်သူဖြစ်ပါတယ် ။ဒါ့အပြင် သူမကတူမလေးဖြစ်တဲ့မေတိုးခိုင်ကိုလည်း သမီးလေးတစ်ယောက်လို ချစ်ခင်သူဖြစ်ပြီးအနုပညာ လမ်းကြောင်းပေါ်ကိုရောက်အောင် မြေတောင်မြှေက်ပေးသူလည်း ဖြစ်ပါတယ်။ သူမက ၁၉၉၆ခုနှစ်ကနေစတင်ပြီးမော်ဒယ်လ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ာလာပြီးနောက်ပိုင်းမှာတော့ တီဗီမှာကြော်ာငြာမင်းသမီးအနေနဲ့တပြိုင်နက်ထဲမှာပဲ မြန်မာဇာတ်လမ်းတွေထဲမှာ ကျရာနေရာကနေပါဝင်သရုပ်ဆောင်လာသူပဲဖြစ်ပါတယ်။

သူမရဲ့အပြုံးချိုချိုလေးတွေနဲ့အတူ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်နေရာကို ယူထားနိုင်ပြီးအကယ်ဒမီဆုတွေကို ရရှိခဲ့သူဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေရင်းနဲ့ မြန်မာ့မင်းသားထဲမှာထိပ်ဆုံးကအောင်မြင်နေတဲ့မင်းသားဖြစ်သူ ပြေတီဦးနဲ့ရွေလက်တွဲပြီး အောင်မြင်ပြီးလူတိုင်းက အားကျရတဲ့ မိသားစုဘဝလေးကို သမီးလေးတစ်ယောက် သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
သူမကတော့ ကိုယ်ပိုင်စီးပွားရေးအဖြစ် ရေမွေးနဲ့ အိတ်တွေကိုလည်း သူမအမည်နဲ့တင်သွင်းတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။ ခုလက်ရှိမှာတော့သူမရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့မတရားမှုကို ငြိမ်ကြည့်နေလို့အဆင်မပြေတဲ့အတွက်ကြောင့် သူမတို့ဇနီးမောင်နှံကတော့ အဖမ်းခံထား၇တာ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ပို့သတဲ့မေတ္တာကြောင့် သူမတို့မိသားစုလေးအရင်လိုပျော်ပျော်ရွင်ရွင်ပြန်နေထိုင်နိုင်ဖို့အတွက် ပရိသတ်ကြီးနဲ့အတူ ဆုတောင်ပေးကြရအောင်နော်….