




Unicode
ခင်ပွန်းဖြစ်သူကိုလွမ်းလွန်းလို့ စာလေးရေးတာကိုတောင် ဝိုင်းပြီးတိုက်ခိုက်နေကြတဲ့အကြောင်း ရင်ဖွင့်လာတဲ့ ရွှေရည်သိန်းတန်
ပရိတ်သတ်ကြီးရေ… တေးသံရှင် ရွှေရည်သိန်းတန်ကတော့ မကြာသေးခင်ကမှ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးထားရတာကြောင့် ပူဆွေးသောကရောက်နေရတာပဲဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက စိတ်ထားပြည့်ဝပြီး အမြဲတူယဉ်တွဲကာအလှူဒါနတွေနဲ့ကုသိုလ်ေ ကာင်းမှူတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ရွှေရည်သိန်းတန်က အခုဆိုရင် ခင်ပွန်းမရှိတော့တာကြောင့် ဝမ်းနည်းခံစားရပေမယ့်လည်း သွားလေသူအတွက်ရည်စူးပြီး အလှူအတန်းတွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။
ရွှေရည်သိန်းတန်က အခုချိန်မှာ ခင်ပွန်းကိုသတိရလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စာလေးရေး သားမိရင်တောင် ပြိုလဲနေပါပြီလို့ ထင်နေတဲ့သူတချို့ကြောင့် လူသိရှင်ကြားမလွမ်းရဲတဲ့အကြောင်း ကို ရင်ဖွင့် လာတာဖြစ်ပါတယ်။
သူမကတော့ အရမ်းသတိရလို့ ငိုချင်လာခဲ့ရင် သူမမျက်ရည်ကြောင့် ခင်ပွန်းပူလောင်နေမှာကိုစိုးရိမ်ပြီး ချက်ချင်းမျက်ရည်တိတ်ကာ ပုတီးပြေးစိပ်နေရတာပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ရွှေရည်သိန်းတန်ကို အားပေးစကားလေးတွေနဲ့ နှစ်သိမ့်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွှေရည်သိန်းတန်က အချိန်တိုအတွင်းမှာ ကြံ့ကြံ့ ခိုင်ခိုင်ဖြစ်အောင် ပြန်လည်တည်ဆောက်နေရတာဖြစ်ပါတယ်။ သူမကို (၁၀)နှစ်လုံး မျက်ရည်မကျအောင်ထားပေးခဲ့တဲ့ ခင်ပွန်းကိုတွေးရင်း သူ့စိတ်နဲ့အသက်ရှင်မယ်လို့တွေးထားတာဖြစ်ပါတယ်။
ရွှေရည်သိန်းတန်က ဘုရား၊တရားတွေလည်း ပိုလုပ်နေပြီး စိတ်ခံစားချက်ကိုဖြေသိမ့်နေတာပဲဖြစ်ပါတယ်။အခုချိန်မှာ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးထားရ တဲ့ခံစားချက်ကိုကိုယ်ချင်းစာရင်း စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။