



Unicode
မွေးနေ့ရှင် ဦးမေတ္တာမပါဘဲ ကျင်းပခဲ့ရတဲ့ မွေးနေ့ပွဲလေးရဲ့ကြေကွဲစရာပုံရိပ်များ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို နှစ်အတော်ကြာ ပိုင်ဆိုင်ရယူထားတဲ့ လူရွှင်တော် ဦးမေတ္တာကတော့ မကြာခင်က ကိုဗစ်ရောဂါနဲ့ ကွယ်လွန်းသွားတာဖြစ်ပါတယ် ။ မကွယ်လွန်ခင် ရောဂါဒဏ်ကို အတော်လေး ခံစားသွား ရတာကိုလည်း စိတ်မကောင်းစွာ တွေ့ရပါတယ် ။

အောက်ဆီဂျင်တွေ ထိုးကျကာ ရုတ်တရက် ကွယ်လွန်သွားတာကြောင့် ပရ်သတ်တွေရော ချစ်ခင်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကပါ မိသားစုတွေနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။ ဩဂုတ်လ (၇) ရက်နေ့ကဆိုရင် ဦးမေတ္တာရဲ့ ရက် လည်နေ့ဖြစ်တယ်လို့သိရပါတယ် ။

ရက်လည်နေ့မှာ ကွယ်လွန်သူ ဦးမေတ္တာကို ရည်စူးပြီး ကျန်ရစ်သူ မိသားစုက ရက်လည်ဆွမ်းကပ်ကာ ကောင်းမှုကုသိုလ် ပြုခဲ့ပါတယ် ။ဒါ့အပြင် ဦးမေတ္တာရဲ့ မွေးနေ့အကြိုအဖြစ် မွေးနေ့ရှင်မပါဘဲ ကျင်းပခဲ့တာကိုလည်း စိတ်မကောင်းစွာတွေ့ရပါတယ် ။ပရိသတ်ကြီးအတွက် ကျန်ရစ်သူ မိသားစုရဲ့ မွေးနေ့ပွဲ ကျင်းပနေတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။