ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် ( ၁၇ ) ချက်

Advertisements

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် ( ၁၇ ) ချက်ကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။

( ၁ ) *ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။ (​၂ ) *ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။ ( ၃ ) *စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။ ( ၄ ) *အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။

( ၅ ) *ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးကပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။ ( ၆ ) *ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

( ၇ ) *ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။ ( ၈ ) *ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။ ( ၉ ) *စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

( ၁၀ ) *နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။ ( ၁၁ ) *ရောင်းကုန် ပစ္စည်း ပြတ်သွားတယ် ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။ ( ၁၂ ) *ဈေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ် ။

( ၁၃ ) *ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သောပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။ ( ၁၄ ) *စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။

( ၁၅ ) *ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ်အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။

( ၁၆ ) *အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။ ( ၁၇ ) *အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။