
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ပိုရှည်ကြတာ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ ဒါက အမျိုသမီးတွေအတွက် good new ဖြစ်ပုံရပေမယ့် သူတို့မျှော်လင့်မထားတဲ့ အရာတစ်ခုရှိပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် မြန်မြန်အရွယ်ကျကြောင်း တွေ့ရှိရပါတယ်။ ဒါက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး ။ ကိုယ်ဝန်ဆောင်ကနေ သွေးဆုံးတဲ့အထိ အမျိုးသမီးတွေမှာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။
၁။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဖိစီးမှု ခံစားကြရပါတယ်
Dr.Judith Mohring ရဲ့အဆိုအရ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ယိုင်လဲမှုတွေ ပိုဖြစ်ပွားလေ့ရှိပါတယ်။ ထို့အပြင် ဟော်မုန်းမတူညီမှုကြောင့်လည်း ဖြစ်ပါတယ်။ ဟော်မုန်းအတက်အကျတွေက စိတ်ကျရောဂါနှင့် ဆက်စပ်နေပါတယ်။ ဒါ့အပြင် ရာသီအလိုက်ဖြစ်တတ်တဲ့ ရောဂါတွေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုသက်ရောက်ပါတယ်။ မကြာခဏ စိတ်ဖိစီးခြင်းကလည်း စောစီးစွာ အိုမင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။

၂။ ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေဟာ အရွယ်ကျမြန်ပါတယ်
ဂျော့ခ်ျ Mason တက္ကသိုလ်မှ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်ခြင်းဟာ သင့်အား ၁၁နှစ်လောက် အိုမင်းပုံပေါ်စေပါတယ်။ အကြောင်းကတော့ ကလေးမွေးဖွားတဲ့ အမျိုးသမီးတွေဟာ ကလေးမမွေးဖွားသေးသော အမျိုးသမီးတွေထက် telomeres ပိုတိုပါတယ်။ သင့်ရဲ့ telomeres ဆဲလ်ပိုတိုခြင်းက သင့်ရဲ့ အသွင်အပြင်ကို အိုမင်းစေပါတယ်။ ထို့အပြင် ကိုယ်ဝန်ဆောင်စဉ် စိတ်ဖိစီးခြင်းကလည်း အိုမင်းခြင်းလုပ်ငန်းစဉ်ကို မြန်စေပါတယ်။
၃။ အမျိုးသားတွေရဲ့အရေပြားက ပိုထူပါတယ်
အရေပြားအထူးကုဆရာဝန်တွေရဲ့အဆိုအရ အမျိုးသားအရေပြားက အမျိုးသမီးအရေပြားထက် ၂၅% ပိုထူပါတယ်။ ရာခိုင်နှုန်းက လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားသော်လည်း ယေဘုယျ ပုံပန်းသဏ္ဍန်က တူညီနေဆဲ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ နည်းပါးသော်လည်း အမျိုးသမီးတွေထက်ပိုနက်ရှိုင်းပါတယ်။
၅။ testosterone ဟော်မုန်းလယ်ဗယ် မတူညီလို့ပါ
အက်စထရိုဂျင်က အမျိုးသမီးတွေရဲ့ မျက်နှာနုပျိုမှုအတွက် တာဝန်ယူထားရပြီး testosterone အဖိုဟော်မုန်းကတော့ အမျိုးသားတွေအတွက် တာဝန်ယူထားရပါတယ်။ testosterone ဟော်မုန်းမြင့်မားခြင်းက အိုမင်းခြင်းကို နှေးကွေးစေပါတဘ်။ အီစရိုဂျင်က အိုမင်းခြင်းကို ဆန့်ကျင်တဲ့ ဟော်မုန်းတစ်ခုအနေနဲ့ လုပ်ဆောင်သော်လည်း ၎င်းထုတ်လုပ်မှုက testosterone ဟော်မုန်းထက် မြန်မြန် ကျဆင်းသွားပါတယ်။ ဒါ့ကြောင့်အမျိုးသမီးတွေဟာ အရေးအကြောင်းတွေ ပထမဆုံးခံစားရတာဖြစ်ပါတယ်။
၆။ သွေးဆုံးခြင်းက အိုမင်းမှုကို ဖြစ်ပေါ်စေပါတယ်
သွေးဆုံးချိန်အတွင်း ဟော်မုန်းတွေ ဆုံးရှုံးခြင်းက အိုမင်းခြင်းဖြစ်စဉ်ကို မြန်စေပါတယ်။ အမျိုးသမီးတွေ သွေးဆုံဂချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်က ယခင်ကလို ကော်လာဂျင်ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။ ဒါက အရေပြားရဲ့ elasticity ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။