
ပုံမှန်အတိုင်းဆိုလျှင် တစ်နေ့ကို လူတစ်ဦးမှာ အနည်းဆုံး ဆံပင်အချောင်း ၅၀ ကနေ ၁၀၀ ထိကျွတ်ကြပါတယ်။ ဒါကိုစိုးရိမ်စရာမလိုတော့ပါဘူး။
ကိုဗစ်ရောဂါ ကူးစက်ခံရပြီးနောက်မှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပုံမှန်ထက် ဆံပင်ကျွတ်တဲ့ဒုက္ခကို အမျိုးသမီးများမှာသာမက အမျိုးသားများမှာပါ တွေ့နေရပါတယ်။ ဒါ့ကြောင့် ဆံပင်ကျွတ်သွားပြီးတဲ့နောက် ဆံပင်မြန်မြန်ပြန်လည်သန်စွမ်းစေမယ့် သဘာဝနည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ ငှက်ပျောသီး တစ်ဝက်၊ ကြက်ဥအနှစ် ၁ လုံး၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဘီယာ ခွက်တစ်ဝက် တို့ပဲ ဖြစ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် ရှာရမခက်ပါဘူးနော်။
ပါဝင်ပစ္စည်းအားလုံးကို မွှေစက် (သို့) ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ အဲဒီအရည်ကို ဆံပင်ကျွတ်လို့ ပါးနေတဲ့နေရာမှာ လိမ်းပေးပြီး ၁ နာရီ ၂ နာရီလောက်ထားပါ။ အဲဒီလိုလိမ်းထားချိန်မှာ ပူနွေးလာတာကိုခံစားရပါလမ့်မယ်။ စိတ်မပူပါနဲ့ ဒါဟာ ဖျော်ရည်ရဲ့ အာနိသင် အရေပြားထဲကို စိမ့်ဝင်နေတာဖြစ်ပါတယ်။ ပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာနဲ့ ရလဒ်ကောင်းတွေရရှိလာမှာဖြစ်ပါတယ်။