အစာအိမ်နာ အစာအိမ်အောင့် ရောဂါများအတွက် အရေးပေါ်ဆေးနည်း

Advertisements

အစားစားချိန်မမှန်တာ အပူအစပ်နဲ့ အမာတွေကို ဆက်တိုက်စားမိတဲ့အခါ ရုတ်တရက် အစာအိမ်နာတာ အောင့်တာ ဖြစ်တတ်ကြပါတယ်။ အဆိုပါ ရုတ်တရက် အစာအိမ်အောင့်ခြင်း နာခြင်းများအတွက် ဆေးမလိုပဲ သဘာဝနည်းအတိုင်း အရေးပေါ်ကုသနိုင်ပါတယ်။ လွယ်ကူရိုးရှင်းသလို ဘေးထွက်ဆိုးကျိုးတွေလည်း နည်းတဲ့နည်းလေးပါ။

ဂျပန် မှာ ရထား စီးတုန်းရင်း အစာအိမ် အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန် အဖွားကြီးတယောက်က ရပ်တဲ့ ဘူတာ က mini market ထဲခေါ်သွားပြီး ကုသ ပေးလိုက်တဲ့ အရေးပေါ်ဆေးနည်း လေး ပါ။ ဂျပန် လူမျိုး များရဲ့ ရိုးရာ ဆေးနည်း တစ်ခုလို့ သိရပါတယ်။

ဆေးနည်းကတော့ ကြက်ဥ သို့ ဘဲဥ တစ်လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်၊ အနှစ်ကို ဖယ်ထားပြီး အကာထဲကို ဆိုးဆေးမပါတဲ့ သဘာဝ သကြားညို အနည်းငယ်ထည့်၍ သောက်လိုက်ပါ။ အစာအိမ် ကြောင့် ဗိုက်အောင့် ဗိုက်နာ ချက်ချင်းပျောက်ပါတယ်။ အရေးပေါ် ဆေးနည်း လေးပါ။

အစာအိမ်နာတာဟာ နေ့စဉ်ရက်စက်ဖြစ်နေတာမျိုး အမြဲလိုလို အစာအိမ်နာတတ်တယ်ဆိုရင်တော့ ဆေးရုံ ဆေးခန်းတွေမှာ တက်ရောက်ခါ သေချာကုသဖို့ လိုအပ်ပါတယ်။