အပူေလာင္ဒဏ္ရာေတြကို အမာ႐ြတ္မက်န္ေအာင္ ကုသနည္း

Advertisements

အပူေလာင္တာ၊ မီးပူကပ္တာေတြျဖစ္လာတဲ့အခါ ကုသတဲ့နည္းလမ္းမမွန္တဲ့အခါ အမာ႐ြတ္ႀကီးႀကီးက်န္ခဲ့တတ္ပါတယ္။ ဒါေၾကာင့္ မေတာ္တဆအပူေလာင္တာေတြျဖစ္လာရင္ အမာ႐ြတ္မက်န္ေအာင္ကုသႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ပ်ားရည္

ပ်ားရည္က ေအးျမၿပီး ေရာင္ရမ္းတာေတြကိုသက္သာေစတာေၾကာင့္ အပူေလာင္ဒဏ္ရာေပၚမွာ ပ်ားရည္ကိုပါးပါးေလးလိမ္းေပးလိုက္ရင္ အပူေလာင္ဒဏ္ရာသက္သာလြယ္ၿပီး အမာ႐ြတ္လည္းမက်န္ေအာင္အစြမ္းထက္ပါတယ္။

(၂) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္အႏွစ္ကလည္း ေအးျမတာေၾကာင့္ အပူေလာင္ဒဏ္ရာေတြအတြက္ အရမ္းေကာင္းပါတယ္။ ဒါေၾကာင့္ အပူေလာင္ဒဏ္ရာျဖစ္တဲ့အခါ ရွားေစာင္းလက္ပပ္အတြင္းသားအႏွစ္ကိုလိမ္းေပးရင္ ဒဏ္ရာကိုအျမန္သက္သာေစၿပီး အမာ႐ြတ္လည္းမက်န္ေစတာကို ေတြ႕ရပါလိမ့္မယ္။

(၃) ရွာလကာရည္

ရွာလကာရည္ရဲ႕ acetic acid ဓာတ္က ဒဏ္ရာေတြကို အလ်င္အျမန္သက္သာေစတာေၾကာင့္ အပူေလာင္ဒဏ္ရာေပၚမွာ ရွာလကာရည္ကို ေလာင္းေပးရင္ အပူေလာင္ဒဏ္ရာအလြယ္ေလးသက္သာေစၿပီး အမာ႐ြတ္လည္းမက်န္ပါဘူး။

(၄) ေရေအး

အပူေလာင္တဲ့အခါ ဆီလိမ္းတာ၊ သြားတိုက္ေဆးလိမ္းတာေတြလုံးဝမလုပ္ပါနဲ႔။ ခ်က္ခ်င္းေရေအးနဲ႔ေလာင္းခ်ၿပီး ေရေအးစိမ္ထားတဲ့အဝတ္ေလးကပ္ေပးရင္ အပူေလာင္ဒဏ္ရာသက္သာၿပီး အမာ႐ြတ္လည္း မက်န္ေစပါဘူး။

Unicode

အပူလောင်ဒဏ်ရာတွေကို အမာရွတ်မကျန်အောင် ကုသနည်း

အပူလောင်တာ၊ မီးပူကပ်တာတွေဖြစ်လာတဲ့အခါ ကုသတဲ့နည်းလမ်းမမှန်တဲ့အခါ အမာရွတ်ကြီးကြီးကျန်ခဲ့တတ်ပါတယ်။ ဒါကြောင့် မတော်တဆအပူလောင်တာတွေဖြစ်လာရင် အမာရွတ်မကျန်အောင်ကုသနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပျားရည်

ပျားရည်က အေးမြပြီး ရောင်ရမ်းတာတွေကိုသက်သာစေတာကြောင့် အပူလောင်ဒဏ်ရာပေါ်မှာ ပျားရည်ကိုပါးပါးလေးလိမ်းပေးလိုက်ရင် အပူလောင်ဒဏ်ရာသက်သာလွယ်ပြီး အမာရွတ်လည်းမကျန်အောင်အစွမ်းထက်ပါတယ်။

(၂) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်အနှစ်ကလည်း အေးမြတာကြောင့် အပူလောင်ဒဏ်ရာတွေအတွက် အရမ်းကောင်းပါတယ်။ ဒါကြောင့် အပူလောင်ဒဏ်ရာဖြစ်တဲ့အခါ ရှားစောင်းလက်ပပ်အတွင်းသားအနှစ်ကိုလိမ်းပေးရင် ဒဏ်ရာကိုအမြန်သက်သာစေပြီး အမာရွတ်လည်းမကျန်စေတာကို တွေ့ရပါလိမ့်မယ်။

(၃) ရှာလကာရည်

ရှာလကာရည်ရဲ့ acetic acid ဓာတ်က ဒဏ်ရာတွေကို အလျင်အမြန်သက်သာစေတာကြောင့် အပူလောင်ဒဏ်ရာပေါ်မှာ ရှာလကာရည်ကို လောင်းပေးရင် အပူလောင်ဒဏ်ရာအလွယ်လေးသက်သာစေပြီး အမာရွတ်လည်းမကျန်ပါဘူး။

(၄) ရေအေး

အပူလောင်တဲ့အခါ ဆီလိမ်းတာ၊ သွားတိုက်ဆေးလိမ်းတာတွေလုံးဝမလုပ်ပါနဲ့။ ချက်ချင်းရေအေးနဲ့လောင်းချပြီး ရေအေးစိမ်ထားတဲ့အဝတ်လေးကပ်ပေးရင် အပူလောင်ဒဏ်ရာသက်သာပြီး အမာရွတ်လည်း မကျန်စေပါဘူး။