မ်က္ႏွာမွာ ၾကည့္ရဆိုးေစတဲ့ မွဲ႔ေျခာက္ေတြကို သဘာဝနည္းလမ္းမ်ားျဖင့္ ကုသျခင္း

Advertisements

အစက္အေျပာက္ကင္းၿပီးၾကည္လင္ေနတဲ့မ်က္ႏွာကသင့္ကိုအလွတိုးေစမယ့္အခ်က္ေတြထဲကတစ္ခုပါ။မ်က္ႏွာကမလွရင္ေတာင္အစက္အေျပာက္ေတြကင္းစင္ေနမႈကပဲဆြဲေဆာင္မႈရွိရွိလွပေစဖို႔အေကာင္းဆုံးအားျဖည့္ေပးတယ္ေလ။ မ်က္ႏွာေပၚမွာ ဝက္ၿခံ၊တင္းတိပ္၊မွဲ႔ေျခာက္နဲ႔အမဲစက္ေတြရွိေနတာကယုံၾကည္မႈပ်က္သုဥ္းေစတယ္ေနာ္။ဒီတစ္ေခါက္ေတာ့မွဲ႔ေျခာက္ေတြရွိလို႔စိတ္ညစ္ေနသူေတြအတြက္အိမ္တြင္းကုထုံးေလးေတြအေၾကာင္းမွ်ေဝေပးခ်င္ပါတယ္။ မွဲ႔ေျခာက္ဆိုတာဘာလဲ မွဲ႔ေျခာက္ဆိုတာက အေရျပားေပၚမွာအေရာင္ခပ္ရင့္ရင့္အစက္အေျပာက္ေလးေတြျဖစ္ေနတာပါ။မ်က္ႏွာမွာျဖစ္ႏိုင္သလိုလက္ေမာင္း၊ပခုံး၊ေနာက္ေက်ာစတဲ့ခႏၶာကိုယ္အေရျပားေတြအေပၚမွာလည္းျဖစ္ႏိုင္ပါတယ္။

ဘာေၾကာင့္ျဖစ္ရတာလဲ မွဲ႔ေျခာက္ျဖစ္ေစရတဲ့အဓိကအေၾကာင္းအရင္းတစ္ခုက ေနေရာင္ျခည္နဲ႔ထိေတြ႕မႈမ်ားလြန္းတာေၾကာင့္ပါ။အသားျဖဴတဲ့သူေတြမွာပိုအျဖစ္မ်ားပါတယ္။အာရွသားေတြထက္အေနာက္ဥေရာပႏိုင္ငံသားေတြရဲ႕အသားအေရကမွဲ႔ေျခာက္ျဖစ္လြယ္ပါတယ္။ မွဲ႔ေျခာက္သက္သာေစမယ့္အိမ္တြင္းကုထုံးေတြကဘာေတြမ်ားလဲ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ အေရျပားေပၚကမွဲ႔ေျခာက္ေတြေၾကာင့္စိတ္ညစ္မခံေနပါနဲ႔ေတာ့။အခုေျပာတဲ့နည္းလမ္းေလးေတြကိုအသုံးျပဳၾကည့္ဖို႔ေျပာပါရေစ။

ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္ကအေရျပားေပၚကအေရာင္ရင့္ေနတဲ့ အေရျပားဆဲလ္ေတြကိုဖယ္ရွားေပးႏိုင္တဲ့အာနိသင္ရွိပါတယ္။ဒီအာနိသင္ကပဲမွဲ႔ေျခာက္ေတြကိုအေရာင္ေလ်ာ့ၿပီးသက္သာေစမွာပါ။ မွဲ႔ေျခာက္အတြက္ပန္းသီးရွာလကာရည္ကိုအသုံးျပဳမယ္ဆိုရင္ပန္းသီးရွာလကာရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာကို ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာနဲ႔ေရာလိုက္ပါ။ရလာတဲ့အေရာအေႏွာကိုသန္႔စင္ထားတဲ့မ်က္ႏွာေပၚမွာလိမ္းေပးပါ။မွဲ႔ေျခာက္ရွိတဲ့ေနရာေတြကိုလိမ္းေပးပါ။၁၅မိနစ္ကေနမိနစ္၂၀ေလာက္အထိထားေပးပါ။ၿပီးရင္ေရေႏြးေႏြးေလးနဲ႔ေဆးခ်လိုက္ပါ။ တစ္ေန႔တစ္ႀကိမ္လိမ္းေပးရင္ကိုလုံေလာက္ပါတယ္။

သံပ႐ိုသီး
သံပ႐ိုသီးမွာဗီတာမင္ C ႂကြယ္ဝစြာပါဝင္ေနပါတယ္။ ဗီတာမင္ C ကအသားအေရကိုၾကည္လင္ေစၿပီးအမဲစက္ေတြကိုေလ်ာ့ပါးေစႏိုင္ပါတယ္။အသားအေရကိုေနေရာင္ေၾကာင့္ပ်က္စီးမႈကေနလည္းသက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္မွဲ႔ေျခာက္သက္သာခ်င္တယ္ဆိုရင္ဂြမ္းစသန္႔သန္႔ေလးမွာသံပ႐ိုရည္ညႇစ္လို႔သန္႔စင္ထားတဲ့အေရျပားေပၚမွာလိမ္းေပးပါ။၁၅မိနစ္ကေနမိနစ္၂၀ေလာက္ထားၿပီးေရေဆးခ်ေပးပါ။တစ္ပတ္ကို၂ႀကိမ္ေလာက္အထိလုပ္ေပးလို႔ရပါတယ္။

ရွားေစာင္းလက္ပပ္
ရွားေစာင္းလက္ပပ္ကခရမ္းလြန္ေရာင္ျခည္ေၾကာင့္အသားအေရထိခိုက္ပ်က္စီးမႈကိုအထိေရာက္ဆုံးကာကြယ္ေပးႏိုင္သလိုအစိုဓာတ္လည္းထိန္းေပးႏိုင္ပါတယ္။ဒါတင္လားဆိုေတာ့မဟုတ္ေသးပါဘူး။မွဲ႔ေျခာက္ေတြနဲ႔အေရျပားေပၚကအစက္အေျပာက္ေတြ အမာ႐ြတ္ေတြကိုပါသက္သာေစႏိုင္ပါေသးတယ္။ ဒါေၾကာင့္မွဲ႔ေျခာက္သက္သာခ်င္တယ္ဆိုရင္ရွားေစာင္းလက္ပပ္အတြင္းသားကိုမွဲ႔ေျခာက္ျဖစ္တဲ့ေနရာမွာလိမ္းေပးၿပီး၂မိနစ္ကေန၃မိနစ္ေလာက္အထိႏွိပ္ေပးပါ။ၿပီးရင္၁၀မိနစ္ေလာက္ထားၿပီးေရေဆးခ်လိုက္ပါ။တစ္ညလုံးထားလို႔လည္းရပါတယ္။ေန႔တိုင္းလုပ္ေပး႐ုံပါ။

နႏြင္း
နႏြင္းမွာပါတဲ့curcuminျဒပ္ေပါင္းေတြကအေရျပားေပၚမွာမယ္လ္လာနင္စုပုံမႈေၾကာင့္ျဖစ္လာတဲ့အသားအေရာင္ရင့္တာကိုသက္သာေစႏိုင္ပါတယ္။ဒါေၾကာင့္မွဲ႔ေျခာက္သက္သာေစဖို႔အတြက္နႏြင္းမႈန္႔စစ္စစ္လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာကိုသံပ႐ိုရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာနဲ႔ေရာစပ္လိုက္ပါ။ ၿပီးရင္သန္႔စင္ထားတဲ့အေရျပားေပၚမွာလိမ္းေပးပါ။ေျခာက္တဲ့အထိထားပါ။ၿပီးရင္ေရနဲ႔ေသခ်ာစင္ေအာင္ေဆးခ်လိုက္႐ုံပါ။တစ္ပတ္ကိုတစ္ႀကိမ္လုပ္ေပး႐ုံပါ။

ဒိန္ခ်ဥ္
ဒိန္ခ်ဥ္မွာlactic acid ပါဝင္ေနၿပီး Lactic acid ကမယ္လ္လာနင္ျဖစ္ေပၚမႈကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ဒီလိုေလွ်ာ့ခ်ေပးမႈကမွဲ႔ေျခာက္ျဖစ္တာကိုသက္သာေစႏိုင္မွာပါ။ ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္း၂ဇြန္းစာခန္႔ကိုမွဲ႔ေျခာက္ျဖစ္တဲ့ေနရာမွာလိမ္းေပးပါ။၁၅မိနစ္ကေနမိနစ္၂၀ေလာက္အထိစက္ဝိုင္းပုံသ႑ာန္ႏွိပ္ေပးပါ။ၿပီးရင္ေရနဲ႔ေဆးခ်လိုက္႐ုံပါ။ေန႔တိုင္းလုပ္ေပးလို႔ရပါတယ္။

ပ်ားရည္
ပ်ားရည္မွာအသားအေရကိုက်န္းမာေစႏိုင္တဲ့ phenolic နဲ႔ flavonoid ျဒပ္ေပါင္းေတြပါဝင္ေနပါတယ္။ဒီျဒပ္ေပါင္းေတြကမွဲ႔ေျခာက္ေတြျဖစ္မလာေအာင္ကာကြယ္ေပးႏိုင္သလိုမွဲ႔ေျခာက္သက္သာေစဖို႔လည္းအေကာင္းဆုံးအားျဖည့္ေပးႏိုင္ပါတယ္။ သံပ႐ိုရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာကိုပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာကိုေရာၿပီးမွဲ႔ေျခာက္ျဖစ္တဲ့ေနရာမွာလိမ္းေပးပါ။၁၅မိနစ္ကေနမိနစ္၂၀ေလာက္အထိထားေပးၿပီးေရေအးေအးေလးနဲ႔ေဆးခ်လိုက္ပါ။ တစ္ပတ္ကိုႏွစ္ႀကိမ္ေလာက္အထိလုပ္ေပးလို႔ရပါတယ္။

ငွက္ေပ်ာခြံ
ငွက္ေပ်ာခြံမွာပါတဲ့ bioactive ျဒပ္ေပါင္းကမွဲ႔ေျခာက္ကိုသက္သာေစႏိုင္ပါတယ္။ စားၿပီးသားငွက္ေပ်ာခြံကိုသန္႔စင္ထားတဲ့မ်က္ႏွာေပၚမွာလိမ္းေပးၿပီးမိနစ္၂၀ေလာက္ထားပါ။ၿပီးရင္ေရေဆးခ်လိုက္ပါ။ တစ္ေန႔ကိုတစ္ႀကိမ္လုပ္ေပးပါ။

Unicode

မျက်နှာမှာ ကြည့်ရဆိုးစေတဲ့ မှဲ့ခြောက်တွေကို သဘာဝနည်းလမ်းများဖြင့် ကုသခြင်း

အစက်အပြောက်ကင်းပြီးကြည်လင်နေတဲ့မျက်နှာကသင့်ကိုအလှတိုးစေမယ့်အချက်တွေထဲကတစ်ခုပါ။မျက်နှာကမလှရင်တောင်အစက်အပြောက်တွေကင်းစင်နေမှုကပဲဆွဲဆောင်မှုရှိရှိလှပစေဖို့အကောင်းဆုံးအားဖြည့်ပေးတယ်လေ။ မျက်နှာပေါ်မှာ ဝက်ခြံ၊တင်းတိပ်၊မှဲ့ခြောက်နဲ့အမဲစက်တွေရှိနေတာကယုံကြည်မှုပျက်သုဉ်းစေတယ်နော်။ဒီတစ်ခေါက်တော့မှဲ့ခြောက်တွေရှိလို့စိတ်ညစ်နေသူတွေအတွက်အိမ်တွင်းကုထုံးလေးတွေအကြောင်းမျှဝေပေးချင်ပါတယ်။ မှဲ့ခြောက်ဆိုတာဘာလဲ မှဲ့ခြောက်ဆိုတာက အရေပြားပေါ်မှာအရောင်ခပ်ရင့်ရင့်အစက်အပြောက်လေးတွေဖြစ်နေတာပါ။မျက်နှာမှာဖြစ်နိုင်သလိုလက်မောင်း၊ပခုံး၊နောက်ကျောစတဲ့ခန္ဓာကိုယ်အရေပြားတွေအပေါ်မှာလည်းဖြစ်နိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ မှဲ့ခြောက်ဖြစ်စေရတဲ့အဓိကအကြောင်းအရင်းတစ်ခုက နေရောင်ခြည်နဲ့ထိတွေ့မှုများလွန်းတာကြောင့်ပါ။အသားဖြူတဲ့သူတွေမှာပိုအဖြစ်များပါတယ်။အာရှသားတွေထက်အနောက်ဥရောပနိုင်ငံသားတွေရဲ့အသားအရေကမှဲ့ခြောက်ဖြစ်လွယ်ပါတယ်။ မှဲ့ခြောက်သက်သာစေမယ့်အိမ်တွင်းကုထုံးတွေကဘာတွေများလဲ မျက်နှာနဲ့ ခန္ဓာကိုယ် အရေပြားပေါ်ကမှဲ့ခြောက်တွေကြောင့်စိတ်ညစ်မခံနေပါနဲ့တော့။အခုပြောတဲ့နည်းလမ်းလေးတွေကိုအသုံးပြုကြည့်ဖို့ပြောပါရစေ။

ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကအရေပြားပေါ်ကအရောင်ရင့်နေတဲ့ အရေပြားဆဲလ်တွေကိုဖယ်ရှားပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ဒီအာနိသင်ကပဲမှဲ့ခြောက်တွေကိုအရောင်လျော့ပြီးသက်သာစေမှာပါ။ မှဲ့ခြောက်အတွက်ပန်းသီးရှာလကာရည်ကိုအသုံးပြုမယ်ဆိုရင်ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရောလိုက်ပါ။ရလာတဲ့အရောအနှောကိုသန့်စင်ထားတဲ့မျက်နှာပေါ်မှာလိမ်းပေးပါ။မှဲ့ခြောက်ရှိတဲ့နေရာတွေကိုလိမ်းပေးပါ။၁၅မိနစ်ကနေမိနစ်၂၀လောက်အထိထားပေးပါ။ပြီးရင်ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ တစ်နေ့တစ်ကြိမ်လိမ်းပေးရင်ကိုလုံလောက်ပါတယ်။

သံပရိုသီး
သံပရိုသီးမှာဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် C ကအသားအရေကိုကြည်လင်စေပြီးအမဲစက်တွေကိုလျော့ပါးစေနိုင်ပါတယ်။အသားအရေကိုနေရောင်ကြောင့်ပျက်စီးမှုကနေလည်းသက်သာစေနိုင်ပါတယ်။ ဒါကြောင့်မှဲ့ခြောက်သက်သာချင်တယ်ဆိုရင်ဂွမ်းစသန့်သန့်လေးမှာသံပရိုရည်ညှစ်လို့သန့်စင်ထားတဲ့အရေပြားပေါ်မှာလိမ်းပေးပါ။၁၅မိနစ်ကနေမိနစ်၂၀လောက်ထားပြီးရေဆေးချပေးပါ။တစ်ပတ်ကို၂ကြိမ်လောက်အထိလုပ်ပေးလို့ရပါတယ်။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကခရမ်းလွန်ရောင်ခြည်ကြောင့်အသားအရေထိခိုက်ပျက်စီးမှုကိုအထိရောက်ဆုံးကာကွယ်ပေးနိုင်သလိုအစိုဓာတ်လည်းထိန်းပေးနိုင်ပါတယ်။ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။မှဲ့ခြောက်တွေနဲ့အရေပြားပေါ်ကအစက်အပြောက်တွေ အမာရွတ်တွေကိုပါသက်သာစေနိုင်ပါသေးတယ်။ ဒါကြောင့်မှဲ့ခြောက်သက်သာချင်တယ်ဆိုရင်ရှားစောင်းလက်ပပ်အတွင်းသားကိုမှဲ့ခြောက်ဖြစ်တဲ့နေရာမှာလိမ်းပေးပြီး၂မိနစ်ကနေ၃မိနစ်လောက်အထိနှိပ်ပေးပါ။ပြီးရင်၁၀မိနစ်လောက်ထားပြီးရေဆေးချလိုက်ပါ။တစ်ညလုံးထားလို့လည်းရပါတယ်။နေ့တိုင်းလုပ်ပေးရုံပါ။

နနွင်း
နနွင်းမှာပါတဲ့curcuminဒြပ်ပေါင်းတွေကအရေပြားပေါ်မှာမယ်လ်လာနင်စုပုံမှုကြောင့်ဖြစ်လာတဲ့အသားအရောင်ရင့်တာကိုသက်သာစေနိုင်ပါတယ်။ဒါကြောင့်မှဲ့ခြောက်သက်သာစေဖို့အတွက်နနွင်းမှုန့်စစ်စစ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုသံပရိုရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရောစပ်လိုက်ပါ။ ပြီးရင်သန့်စင်ထားတဲ့အရေပြားပေါ်မှာလိမ်းပေးပါ။ခြောက်တဲ့အထိထားပါ။ပြီးရင်ရေနဲ့သေချာစင်အောင်ဆေးချလိုက်ရုံပါ။တစ်ပတ်ကိုတစ်ကြိမ်လုပ်ပေးရုံပါ။

ဒိန်ချဉ်
ဒိန်ချဉ်မှာlactic acid ပါဝင်နေပြီး Lactic acid ကမယ်လ်လာနင်ဖြစ်ပေါ်မှုကိုလျှော့ချပေးနိုင်ပါတယ်။ဒီလိုလျှော့ချပေးမှုကမှဲ့ခြောက်ဖြစ်တာကိုသက်သာစေနိုင်မှာပါ။ ဒိန်ချဉ်လက်ဖက်ရည်ဇွန်း၂ဇွန်းစာခန့်ကိုမှဲ့ခြောက်ဖြစ်တဲ့နေရာမှာလိမ်းပေးပါ။၁၅မိနစ်ကနေမိနစ်၂၀လောက်အထိစက်ဝိုင်းပုံသဏ္ဍာန်နှိပ်ပေးပါ။ပြီးရင်ရေနဲ့ဆေးချလိုက်ရုံပါ။နေ့တိုင်းလုပ်ပေးလို့ရပါတယ်။

ပျားရည်
ပျားရည်မှာအသားအရေကိုကျန်းမာစေနိုင်တဲ့ phenolic နဲ့ flavonoid ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ဒီဒြပ်ပေါင်းတွေကမှဲ့ခြောက်တွေဖြစ်မလာအောင်ကာကွယ်ပေးနိုင်သလိုမှဲ့ခြောက်သက်သာစေဖို့လည်းအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ သံပရိုရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရောပြီးမှဲ့ခြောက်ဖြစ်တဲ့နေရာမှာလိမ်းပေးပါ။၁၅မိနစ်ကနေမိနစ်၂၀လောက်အထိထားပေးပြီးရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကိုနှစ်ကြိမ်လောက်အထိလုပ်ပေးလို့ရပါတယ်။

ငှက်ပျောခွံ
ငှက်ပျောခွံမှာပါတဲ့ bioactive ဒြပ်ပေါင်းကမှဲ့ခြောက်ကိုသက်သာစေနိုင်ပါတယ်။ စားပြီးသားငှက်ပျောခွံကိုသန့်စင်ထားတဲ့မျက်နှာပေါ်မှာလိမ်းပေးပြီးမိနစ်၂၀လောက်ထားပါ။ပြီးရင်ရေဆေးချလိုက်ပါ။ တစ်နေ့ကိုတစ်ကြိမ်လုပ်ပေးပါ။