
အထိုင္မ်ားတဲ့အလုပ္၊ အာ႐ုံစူးစိုက္မႈမ်ားတဲ့ အလုပ္ေတြလုပ္တဲ့အခါ ေညာင္းညာၿပီး ဇက္ေၾကာတက္တတ္ပါတယ္။ ဇက္ေၾကာတက္တာက ဆိုးက်ိဳးသိပ္မရွိသလို ထင္ရေပမယ့္ ေရရွည္မွာ က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြားထိခိုက္ေစႏိုင္ပါတယ္။ ဇက္ေၾကာတက္တာကို ဒီတိုင္းပဲေနေနမယ္ဆိုရင္ေတာ့ ဇက္က်ီးေပါင္းျဖစ္ၿပီး အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ရပါလိမ့္မယ္။ ဒီေတာ့ ဇက္ေၾကာတက္တတ္တဲ့သူေတြအေနနဲ႔ အဲ့ဒီေလာက္အေျခအေနမဆိုးခင္မွာ ေလ့က်င့္ခန္းေလးေတြ လုပ္ထားသင့္ပါတယ္။ ဒါေၾကာင့္ ဇက္ေၾကာတတ္တဲ့သူေတြ ေန႔တိုင္းလုပ္သင့္တဲ့ ေလ့က်င့္ခန္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
အဆင့္(၁) လည္ပင္းအေနာက္ဘက္ႂကြက္သားေတြကို အနားေပးျခင္း
အရင္ဆုံး ထိုင္ခုံတစ္ခုေပၚမွာ ေက်ာ႐ိုးကိုေျဖာင့္မတ္ေနေအာင္ ထားၿပီး ထိုင္ပါ။ ၿပီးရင္ လက္ႏွစ္ဖက္ကို ေခါင္းေနာက္မွာ ထားလိုက္ၿပီး ေမးေစ့နဲ႔ရင္ဘတ္နဲ႔ထိသည္အထိေခါင္းကိုငုံ႔ကာ လက္က အားနည္းနည္းထည့္ၿပီး ဖိထားေပးကာ အဲ့ဒီအေနအထားမွာ စကၠန္႔ ၃၀ ေနေပးလိုက္ပါ။ လည္ပင္းနဲ႔ေနာက္ေက်ာမွာ တင္းေနတဲ့ခံစားခ်က္ကို ရၿပီးအေၾကာေျပသြားပါလိမ့္မယ္။
အဆင့္(၂) ပခုံးအေၾကာေလွ်ာ့ျခင္း

ထိုင္ခုံ ဒါမွမဟုတ္ ၾကမ္းျပင္ေပၚမွာ ခါးကိုမတ္မတ္ထားၿပီးထိုင္ပါ။ ပုံမွာျပထားတဲ့အတိုင္း လက္ႏွစ္ဖက္ကို ေနာက္ေက်ာဘက္မွာ ခ်ိတ္ကိုင္ထားၿပီး ရင္ဘတ္ကိုဖြင့္ထားပါ။ ဘယ္၊ညာတလွည့္စီ စကၠန္႔ ၃၀ လုပ္ေပးလိုက္ရင္ ပခုံး၊ လက္ေမာင္းနဲ႔ ရင္ဘတ္ေနရာေတြမွာ အေၾကာေျပသြားပါလိမ့္မယ္။
အဆင့္(၃) လည္ပင္းကိုေသြးစီးဆင္းမႈေကာင္းေအာင္လုပ္ျခင္း
ေျခေထာက္ႏွစ္ဖက္ကို ပခုံးအက်ယ္ခြဲၿပီး လက္ႏွစ္ဖက္ကို ေဘးမွာခ်ကာ ေနာက္ေက်ာကိုမတ္မတ္ရပ္ပါ။ ၿပီးရင္ ပခုံးႏွစ္ဖက္ကို အေပၚဘက္ျမႇင့္ႏိုင္သေလာက္ ျမႇင့္လိုက္ၿပီး အဲ့ဒီအေနအထားမွာ စကၠန္႔ ၃၀ ေနေပးကာ နဂိုအေနအထားအတိုင္း ေအာက္ျပန္ခ်လိုက္ပါ။ ဒါကို ၁၀ ႀကိမ္ေလာက္လုပ္ေပးပါ။
အဆင့္(၄) လက္ေမာင္းႂကြက္သားအေၾကာေလွ်ာ့ျခင္း

ဘယ္ဘက္ေျခေထာက္ကို အေရွ႕ဘက္လွမ္းေနတဲ့ပုံစံမ်ိဳးလုပ္ၿပီး နံရံနားကပ္ရပ္ပါ။ ဘယ္ဘက္လက္ကို ပခုံးနဲ႔တတန္းတည္းျဖစ္သည္အထိ အေနာက္ဘက္ကေန ျဖည္းျဖည္းခ်င္းေျမႇာက္ကာ လက္ဝါးကို နံရံမွာကပ္ထားပါ။ မ်က္ႏွာက အေရွ႕တည့္တည့္ကိုပဲ လွည့္ထားရမွာျဖစ္ၿပီး ညာဘက္လက္ကို ဗိုက္ေပၚမွာ တင္ထားေပးလိုက္ပါ။ အဲ့ဒီအေနအထားမွာ စကၠန္႔ ၃၀ ေနေပးပါ။ ညာဘက္ကိုလည္း အဲ့ဒီအတိုင္းထပ္လုပ္ေပးပါ။ လက္ေမာင္းမွာတင္းၾကပ္ေနတာေတြ ေျပေလ်ာ့သြားပါလိမ့္မယ္။
အဆင့္(၅) ကိုယ္ေနဟန္ထားမွန္ေအာင္ေလ့က်င့္ျခင္း
ထိုင္ခုံ ဒါမွမဟုတ္ ၾကမ္းျပင္ေပၚမွာ ခါးကိုမတ္ၿပီးထိုင္ပါ။ လက္ေခ်ာင္းႏွစ္ေခ်ာင္းကို ေမးေစ့မွာ ကပ္လိုက္ၿပီး ဦးေခါင္းကို အေနာက္ကိုေရာက္ႏိုင္သေလာက္ေရာက္ေအာင္ တြန္းလိုက္ကာ အဲ့ဒီအေနအထားမွာ စကၠန္႔ ၃၀ ေနေပးပါ။ ၿပီးရင္ နဂိုအတိုင္းျပန္ေနပါ။ ဒါကို ၁၀ ႀကိမ္လုပ္ေပးမယ္ဆိုရင္ ဇက္ေၾကာတက္တာကို သက္သာေစၿပီး လက္ျပင္ကုန္းတာကိုလည္း တျဖည္းျဖည္းပုံစံမွန္လာေစပါတယ္။
အဆင့္ (၆) ပခုံးနားတဝိုက္ႂကြက္သားသန္မာေအာင္ေလ့က်င့္ျခင္း

ၾကမ္းျပင္ေပၚမွာ ခါးကိုမတ္ၿပီး တင္ပ်ဥ္ေခြထိုင္ပါ။ လက္ႏွစ္ဖက္ကိုေျမႇာက္လိုက္ၿပီး တံေတာင္ဆစ္ကိုေကြးကာ ဦးေခါင္းေပၚမွာ လက္ဝါးႏွစ္ဖက္ကို ကပ္ထားလိုက္ပါ။ ဦးေခါင္းကို ဘယ္ဘက္ကိုလွည့္ၿပီး စကၠန္႔ ၃၀ ေနၿပီး အေရွ႕တည့္တည့္ျပန္လွည့္ပါ။ ၿပီးရင္ ညာဘက္ကို လွည့္ၿပီး စကၠန္႔ ၃၀ ေနကာ အေရွ႕ဘက္ျပန္လွည့္ေပးပါ။ အဲ့ဒါကို ၁၀ ႀကိမ္လုပ္ေပးပါ။
အဆင့္(၇) ပခုံးႂကြက္သားမ်ားဆန္႔ျခင္း
ခါးကိုမတ္၊ ေနာက္ေက်ာကိုဆန္႔ထားၿပီး ေျခေထာက္ႏွစ္ဖက္ကို ပခုံးအက်ယ္ခြဲရပ္ပါ။ လက္ႏွစ္ဖက္ကို ဦးေခါင္းေပၚ ဆန္႔ႏိုင္သေလာက္ဆန္႔တန္းလိုက္ၿပီး လက္ဝါးႏွစ္ဖက္ကို ကပ္ထားကာ စကၠန္႔အနည္းငယ္ေနပါ။ ၿပီးရင္ ျဖည္းျဖည္းခ်င္းျပန္ခ်ၿပီး တံေတာင္ဆစ္ကိုေကြးကာ ေနာက္ေက်ာဘက္ကို ဆြဲကပ္ေပးလိုက္ပါ။ အဲ့ဒါကို ၅ ႀကိမ္ ဒါမွမဟုတ္ ၁၀ ႀကိမ္ လုပ္ေပးပါ။ အဲ့ဒီအခ်ိန္မွာ ပခုံးေနာက္ဘက္မွာရွိတဲ့ႂကြက္သားေတြ ဆန္႔လာၿပီး လည္ပင္းတဝိုက္တင္းၾကပ္ေနတာေတြ ေျပေလ်ာ့သြားပါလိမ့္မယ္။
သတိေပးခ်က္ – ဒီေလ့က်င့္ခန္းေလးေတြကို တဆင့္ခ်င္း ျဖည္းျဖည္းခ်င္းလုပ္မွ ထိေရာက္တဲ့ ရလဒ္ကို ရမွာျဖစ္လို႔ ျမန္ျမန္ေလာေလာ မလုပ္မိဖို႔ သတိထားပါ။
Unicode
ဇက်ကြောတက်တတ်သူတွေ ကျီးပေါင်းမဖြစ်အောင် ကာကွယ်နိုင်မယ့် (၅)မိနစ်စာ လေ့ကျင့်ခန်း
အထိုင်များတဲ့အလုပ်၊ အာရုံစူးစိုက်မှုများတဲ့ အလုပ်တွေလုပ်တဲ့အခါ ညောင်းညာပြီး ဇက်ကြောတက်တတ်ပါတယ်။ ဇက်ကြောတက်တာက ဆိုးကျိုးသိပ်မရှိသလို ထင်ရပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ ဇက်ကြောတက်တာကို ဒီတိုင်းပဲနေနေမယ်ဆိုရင်တော့ ဇက်ကျီးပေါင်းဖြစ်ပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်ရပါလိမ့်မယ်။ ဒီတော့ ဇက်ကြောတက်တတ်တဲ့သူတွေအနေနဲ့ အဲ့ဒီလောက်အခြေအနေမဆိုးခင်မှာ လေ့ကျင့်ခန်းလေးတွေ လုပ်ထားသင့်ပါတယ်။ ဒါကြောင့် ဇက်ကြောတတ်တဲ့သူတွေ နေ့တိုင်းလုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အဆင့်(၁) လည်ပင်းအနောက်ဘက်ကြွက်သားတွေကို အနားပေးခြင်း

အရင်ဆုံး ထိုင်ခုံတစ်ခုပေါ်မှာ ကျောရိုးကိုဖြောင့်မတ်နေအောင် ထားပြီး ထိုင်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ထားလိုက်ပြီး မေးစေ့နဲ့ရင်ဘတ်နဲ့ထိသည်အထိခေါင်းကိုငုံ့ကာ လက်က အားနည်းနည်းထည့်ပြီး ဖိထားပေးကာ အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ နေပေးလိုက်ပါ။ လည်ပင်းနဲ့နောက်ကျောမှာ တင်းနေတဲ့ခံစားချက်ကို ရပြီးအကြောပြေသွားပါလိမ့်မယ်။
အဆင့်(၂) ပခုံးအကြောလျှော့ခြင်း
ထိုင်ခုံ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ခါးကိုမတ်မတ်ထားပြီးထိုင်ပါ။ ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို နောက်ကျောဘက်မှာ ချိတ်ကိုင်ထားပြီး ရင်ဘတ်ကိုဖွင့်ထားပါ။ ဘယ်၊ညာတလှည့်စီ စက္ကန့် ၃၀ လုပ်ပေးလိုက်ရင် ပခုံး၊ လက်မောင်းနဲ့ ရင်ဘတ်နေရာတွေမှာ အကြောပြေသွားပါလိမ့်မယ်။
အဆင့်(၃) လည်ပင်းကိုသွေးစီးဆင်းမှုကောင်းအောင်လုပ်ခြင်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ခွဲပြီး လက်နှစ်ဖက်ကို ဘေးမှာချကာ နောက်ကျောကိုမတ်မတ်ရပ်ပါ။ ပြီးရင် ပခုံးနှစ်ဖက်ကို အပေါ်ဘက်မြှင့်နိုင်သလောက် မြှင့်လိုက်ပြီး အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ နေပေးကာ နဂိုအနေအထားအတိုင်း အောက်ပြန်ချလိုက်ပါ။ ဒါကို ၁၀ ကြိမ်လောက်လုပ်ပေးပါ။
အဆင့်(၄) လက်မောင်းကြွက်သားအကြောလျှော့ခြင်း
ဘယ်ဘက်ခြေထောက်ကို အရှေ့ဘက်လှမ်းနေတဲ့ပုံစံမျိုးလုပ်ပြီး နံရံနားကပ်ရပ်ပါ။ ဘယ်ဘက်လက်ကို ပခုံးနဲ့တတန်းတည်းဖြစ်သည်အထိ အနောက်ဘက်ကနေ ဖြည်းဖြည်းချင်းမြှောက်ကာ လက်ဝါးကို နံရံမှာကပ်ထားပါ။ မျက်နှာက အရှေ့တည့်တည့်ကိုပဲ လှည့်ထားရမှာဖြစ်ပြီး ညာဘက်လက်ကို ဗိုက်ပေါ်မှာ တင်ထားပေးလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ နေပေးပါ။ ညာဘက်ကိုလည်း အဲ့ဒီအတိုင်းထပ်လုပ်ပေးပါ။ လက်မောင်းမှာတင်းကြပ်နေတာတွေ ပြေလျော့သွားပါလိမ့်မယ်။
အဆင့်(၅) ကိုယ်နေဟန်ထားမှန်အောင်လေ့ကျင့်ခြင်း

ထိုင်ခုံ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ခါးကိုမတ်ပြီးထိုင်ပါ။ လက်ချောင်းနှစ်ချောင်းကို မေးစေ့မှာ ကပ်လိုက်ပြီး ဦးခေါင်းကို အနောက်ကိုရောက်နိုင်သလောက်ရောက်အောင် တွန်းလိုက်ကာ အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ ဒါကို ၁၀ ကြိမ်လုပ်ပေးမယ်ဆိုရင် ဇက်ကြောတက်တာကို သက်သာစေပြီး လက်ပြင်ကုန်းတာကိုလည်း တဖြည်းဖြည်းပုံစံမှန်လာစေပါတယ်။
အဆင့် (၆) ပခုံးနားတဝိုက်ကြွက်သားသန်မာအောင်လေ့ကျင့်ခြင်း
ကြမ်းပြင်ပေါ်မှာ ခါးကိုမတ်ပြီး တင်ပျဉ်ခွေထိုင်ပါ။ လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး တံတောင်ဆစ်ကိုကွေးကာ ဦးခေါင်းပေါ်မှာ လက်ဝါးနှစ်ဖက်ကို ကပ်ထားလိုက်ပါ။ ဦးခေါင်းကို ဘယ်ဘက်ကိုလှည့်ပြီး စက္ကန့် ၃၀ နေပြီး အရှေ့တည့်တည့်ပြန်လှည့်ပါ။ ပြီးရင် ညာဘက်ကို လှည့်ပြီး စက္ကန့် ၃၀ နေကာ အရှေ့ဘက်ပြန်လှည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ်လုပ်ပေးပါ။
အဆင့်(၇) ပခုံးကြွက်သားများဆန့်ခြင်း

ခါးကိုမတ်၊ နောက်ကျောကိုဆန့်ထားပြီး ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ခွဲရပ်ပါ။ လက်နှစ်ဖက်ကို ဦးခေါင်းပေါ် ဆန့်နိုင်သလောက်ဆန့်တန်းလိုက်ပြီး လက်ဝါးနှစ်ဖက်ကို ကပ်ထားကာ စက္ကန့်အနည်းငယ်နေပါ။ ပြီးရင် ဖြည်းဖြည်းချင်းပြန်ချပြီး တံတောင်ဆစ်ကိုကွေးကာ နောက်ကျောဘက်ကို ဆွဲကပ်ပေးလိုက်ပါ။ အဲ့ဒါကို ၅ ကြိမ် ဒါမှမဟုတ် ၁၀ ကြိမ် လုပ်ပေးပါ။ အဲ့ဒီအချိန်မှာ ပခုံးနောက်ဘက်မှာရှိတဲ့ကြွက်သားတွေ ဆန့်လာပြီး လည်ပင်းတဝိုက်တင်းကြပ်နေတာတွေ ပြေလျော့သွားပါလိမ့်မယ်။
သတိပေးချက် – ဒီလေ့ကျင့်ခန်းလေးတွေကို တဆင့်ချင်း ဖြည်းဖြည်းချင်းလုပ်မှ ထိရောက်တဲ့ ရလဒ်ကို ရမှာဖြစ်လို့ မြန်မြန်လောလော မလုပ်မိဖို့ သတိထားပါ။