Advertisements
စုဗူးလေးလုပ်ပါ။
ပိုမှစုပါ
အသုံး နဲ့ အဖြုန်း
အဖြုန်းဆိုတာက
ပြန်လည်ရေတွက်ပါ
ဗိုက်ထဲမှာမစုပါနဲ့
3 ပုံခွဲပါ။
Unicode
ခေတ်ကာလအကြပ်အတည်းမှာ ငွေပိုငွေလျှံထွက်စေတဲ့ ငွေစုနည်း
ကျွန်တော်ပြောပြမယ့်နည်းလမ်းလေးကိုယ်ပိုင်နည်းလမ်းလေးဖြစ်လို့သဘောထားမတိုက်ဆိုင်ရင်ကိုယ့်နည်းလမ်းနဲ့ကိုယ်သွားပါလို့ပြောချင်ပါတယ်။
စုဗူးလေးလုပ်ပါ။
စုဗူးဆိုပြီးကြီးကြီးကျယ်ကျယ်တွေမလုပ်ပါနဲ့။ဘူးလေးတစ်ဘူးထဲ ထည့်ပြီးပဲစုပါ။အလွယ်တကူဖွင့်လို့ရမယ့်ဗူးလေးနဲ့ပဲစုပါ။
ပိုမှစုပါ
လူ့ဘဝကြီးဆိုတာအရမ်းတိုတောင်းပြီးဘယ်နေ့သေမလဲဆိုတာမသိတယ့်အတွက်ကိုယ့်မုန့်ဖိုးနဲ့ချင့်ချိန်ပြီးစားချင်တာလေးတွေဝယ်စားပါ။အိမ်ရောက်တယ့်အခါကိုယ်ဒီနေ့ဘယ်လောက်ပိုလဲပိုသလောက်ကိုအဲ့ဗူးထဲထည့်ပါ။ 50 ပိုလည်း 50 ပဲထည့်ပါ။
အသုံး နဲ့ အဖြုန်း
အပေါ်မှာပြောခဲ့သလိုစားချင်တာလေးတွေစားပါဆိုတာ ကိုယ်ဒီနေ့တော့ဒါလေးစားချင်တယ်ဆိုပြီးစားလိုက်တာမျိုးက အသုံးပါ။
အဖြုန်းဆိုတာက
ကိုယ့်အတွက်မလိုအပ်ပဲ သူများနဲ့ယှဥ်ပြိုင်လိုပြီးဝယ်လိုက်တာမျိုးပါ။ ဥပမာ သူငယ်ချင်းတစ်ယောက်က Nike ဖိနပ်စီးလို့ငါလည်းစီးမယ်ဆိုတာမျိုးမလုပ်ပါနဲ့။ ကိုယ်တကယ်ကောလိုအိပ်လား မဝယ်ရင်ကောဘာဖြစ်နိုင်မလဲဆိုတယ့်မေးခွန်း ၂ ခုကိုပေးမေးပါ။
ပြန်လည်ရေတွက်ပါ
ကိုယ်ပိုတာလေးတွေနေ့တိုင်းထည့်ပြီးစုလာတာကို ၁ ပတ် တစ်ခါ ရေတွက်ကြည့်ပါ။ ဘယ်လောက်ရရ အရမ်းပျော်ရသလို ပြန်စဥ်းစားပါ တကယ်လို့သာဒါကြီးမဝယ်လိုက်ရင် ဒီဗူးထဲမှာ အများကြီးဖြစ်နေပြီဆိုပြီး ပြန်ချင့်ချိန်ပါ။ (ကပ်စေးနည်းလာပါလိမ့်မယ်)
ဗိုက်ထဲမှာမစုပါနဲ့
တစ်ချို့ကြဗိုက်ထဲမှာစုကြတာများပါတယ်။ ကိုယ့်မိဘကဘယ်လောက်ပိုက်ဆံရှိရှိတစ်ချို့ရက်လေးတွေမှာ ချင့်ချိန်ပြီးစားကြည့်ပါ။ အရမ်းစျေးကြီးတာတွေကိုနေ့တိုင်းနေ့လည်စာလို ညစာလိုစားတာမျိုးတွေကိုရှောင်ပါ။ အဲ့ကပိုတယ့် ပိုက်ဆံတွေဗူးထဲထည့်ရတယ့်အချိန်အရမ်းပျော်ဖို့ကောင်းပါတယ်။
3 ပုံခွဲပါ။
ဥပမာ ပိုက်ဆံစုလာလို့ ၁၅၀၀၀ ရပြီဆိုရင် 5000ကိုမိဘကိုတစ်ခုခုဝယ်ပေးပါ။ နောက် 5000 ကို ကိုယ်လိုချင်တာဝယ်ပါ။ နောက် 5000 ကိုဗူးထဲမှာပဲဆက်ထားပါ ဆက်စုပါ။
ဒါကတော့စုနည်းတွေနဲ့ကပ်စေးနဲ နည်းတွေပဲဖြစ်ပါတယ်။ ကြိုက်တယ်ဆိုအခုပဲဗူးတစ်လုံးရှာပြီး ၅၀ ရှိရင် ၅၀ ထည့်လိုက်ပါ။ ကိုယ်ပိုင်နည်းလမ်းရှိရင်လည်းမျှဝေခဲ့ပါဦး