အႏၲရာယ္ရွိတဲ့အခ်ိဳမႈန္႔ကို မစားရမေနႏိုင္သူေတြအတြက္ အိမ္တြင္းျဖစ္ အခ်ိဳမႈန္႔ျပဳလုပ္နည္း

Advertisements

အခ်ိဳမႈန္႔ကို မစားရလည္း မေနႏိုင္ အႏၲရာယ္လည္း မ်ားတာေၾကာင့္ စားရမွာလည္း တြန္႔ဆုတ္ေနသူေတြအတြက္ အိမ္တြင္းျဖစ္ အခ်ိဳမႈန္႔လုပ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ကိုယ္တိုင္ျပဳလုပ္ထားတဲ့ အခ်ိဳမႈန႔္ဆိုေတာ့ ေဘးလည္းကင္းသလို ႀကိဳက္သေလာက္လည္း ထည့္စားႏိုင္ၿပီေလ။

အႏၲရာယ္ကင္းတဲ့အခ်ိဳမႈန္႔္ျပဳလုပ္နည္းအတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့ ( ၁) ကန္ဇြန္းဥ – ၅၀သား၊ ( ၂ ) ၾကက္သြန္နီ -၂၀သား ၊ ( ၃ ) ၾကက္သြန္ျဖဴ- ၅က်ပ္သား၊ ( ၄ ) ဆား၊ထမင္းစားဇြန္း – ၁ဇြန္း၊ ( ၅ ) သၾကား ထမင္းစားဇြန္း -၃ဇြန္း၊ ( ၆ ) အုန္းထန္းလ်က္ – ၅လုံး၊ ( ၇ ) င႐ုပ္ေကာင္းထမင္းစားဇြန္း – ၁ဇြန္း တို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္းကေတာ့ ကန္းဇြန္းဥ၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴတို႔ကို ျခစ္ နဲ႔ပါးပါးျခစ္ပါ။ၿပီးလွ်င္ ေနပူပူမွာေနလွန္းပါ။ ထို႔ေနာက္ မီးေအးေအးနဲ႔ ႂကြပ္ေနေအာင္ေမႊပါ။ ကန္ဇြန္းဥၾကက္သြန္ေမႊးနံေလးရၿပီဆိုတာနဲ႔ဆား ၊ သၾကား၊င႐ုပ္ေကာင္း၊ထန္းလ်က္တို႔ကိုထုေခ်ၿပီးထည့္ပါ။ ၿပီးလွ်င္ အေအးခံပါ။ အေအးခံၿပီးရင္ေတာ့ Blander နဲ႔မႈန႔္ေနေအာင္ႀကိတ္ပါ။ၿပီးရင္ပုလင္းထဲထည့္ၿပီး ေလလုံေအာင္သိမ္းထားပါ။

ဒါဆိုရင္အသင့္သုံးဖို႔အႏၲရာယ္ကင္းတဲ့အခ်ိဳမူန႔္ရပါၿပီ။ ေဈးထဲကဝယ္ထားတဲ့ (မီးဖိုေခ်ာင္လူသတ္သမားႀကီး) အခ်ိဳမူန႔္ကိုအမိူက္ပုံးထဲသို႔လႊတ္ပစ္လိုက္လို႔ရပါၿပီ။

Unicode

အန္တရာယ်ရှိတဲ့အချိုမှုန့်ကို မစားရမနေနိုင်သူတွေအတွက် အိမ်တွင်းဖြစ် အချိုမှုန့်ပြုလုပ်နည်း

အချိုမှုန့်ကို မစားရလည်း မနေနိုင် အန္တရာယ်လည်း များတာကြောင့် စားရမှာလည်း တွန့်ဆုတ်နေသူတွေအတွက် အိမ်တွင်းဖြစ် အချိုမှုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အချိုမှုန့်ဆိုတော့ ဘေးလည်းကင်းသလို ကြိုက်သလောက်လည်း ထည့်စားနိုင်ပြီလေ။

အန္တရာယ်ကင်းတဲ့အချိုမှုန့််ပြုလုပ်နည်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ( ၁) ကန်ဇွန်းဥ – ၅၀သား၊ ( ၂ ) ကြက်သွန်နီ -၂၀သား ၊ ( ၃ ) ကြက်သွန်ဖြူ- ၅ကျပ်သား၊ ( ၄ ) ဆား၊ထမင်းစားဇွန်း – ၁ဇွန်း၊ ( ၅ ) သကြား ထမင်းစားဇွန်း -၃ဇွန်း၊ ( ၆ ) အုန်းထန်းလျက် – ၅လုံး၊ ( ၇ ) ငရုပ်ကောင်းထမင်းစားဇွန်း – ၁ဇွန်း တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ ကန်းဇွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ခြစ် နဲ့ပါးပါးခြစ်ပါ။ပြီးလျှင် နေပူပူမှာနေလှန်းပါ။ ထို့နောက် မီးအေးအေးနဲ့ ကြွပ်နေအောင်မွှေပါ။ ကန်ဇွန်းဥကြက်သွန်မွှေးနံလေးရပြီဆိုတာနဲ့ဆား ၊ သကြား၊ငရုပ်ကောင်း၊ထန်းလျက်တို့ကိုထုချေပြီးထည့်ပါ။ ပြီးလျှင် အအေးခံပါ။ အအေးခံပြီးရင်တော့ Blander နဲ့မှုန့်နေအောင်ကြိတ်ပါ။ပြီးရင်ပုလင်းထဲထည့်ပြီး လေလုံအောင်သိမ်းထားပါ။

ဒါဆိုရင်အသင့်သုံးဖို့အန္တရာယ်ကင်းတဲ့အချိုမူန့်ရပါပြီ။ ဈေးထဲကဝယ်ထားတဲ့ (မီးဖိုချောင်လူသတ်သမားကြီး) အချိုမူန့်ကိုအမိူက်ပုံးထဲသို့လွှတ်ပစ်လိုက်လို့ရပါပြီ။