
အိမ္သုံး ေႂကြခြက္ေတြ မီးဖိုေခ်ာင္သုံး ပစၥည္းေတြ ပန္းအိုးေတြမွာ အဝါေရာင္ညစ္ညစ္ေတြ စြန္းထင္းေနတဲ့အခါ အရမ္းကို စိတ္ညစ္ရပါတယ္။ ဘယ္လို ပန္းကန္ေဆးဆပ္ျပာရည္ေတြနဲ႔မွ မေျပာင္ေတာ့ဘူးဆိုရင္ေတာ့ အခုေဖာ္ျပမယ့္နည္းလမ္းေလးကို စမ္းသုံးၾကည့္ပါေနာ္။
( ၁ ) ဘုရားပန္းအိုးေတြအပါအဝင္ အိမ္ရဲ႕ အလွဆင္ဖန္ပန္းအိုးေတြ ေႂကြပန္းအိုးေတြမွာ ဝါညစ္ညစ္ေတြ စြန္းထင္းလာတဲ့အခါ ဆားနဲ႔ေရကို ျပစ္ႏွစ္ေနေအာင္ေဖ်ာ္ၿပီး အဆိုပါ ပန္းအိုးထဲမွာ ထည့္ပါ။ လႈပ္ခါၿပီး ဆားနဲ႔က်င္းၿပီးတဲ့အခါမွာေတာ့ ဆပ္ျပာနဲ႔ ေရကို အသုံးျပဳၿပီး ပုံမွန္အတိုင္း သန္႔စင္ပါ။ ဒါဆိုရင္ေတာ့ စြန္းထင္းေနတဲ့ အစြန္းအထင္းေတြကို အလြယ္တကူ ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။

( ၂ ) ေကာ္ဖီခြက္ေတြမွာ ေကာ္ဖီေၾကာင့္ စြန္းထင္းေနတဲ့ အေရာင္ေတြကို ဖယ္ရွားခ်င္တယ္ဆိုရင္ေတာ့ အိမ္သုံးဆားနဲ႔ ရွာလကာရည္ကို အသုံးျပဳကာ ဖယ္ရွားႏိုင္ပါတယ္။ အိမ္သုံးဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ရွာလကာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို သမေအာင္နယ္ပါ။ ထို႔ေနာက္ အဆိုပါ အေရာအေႏွာကို ေကာ္ဖီေတြစြန္းထင္းေနတဲ့ေႂကြခြက္ထဲမွာ ၂ နာရီၾကာေအာင္ ထည့္ပါ။ ၿပီးရင္ေတာ့ ပုံမွန္အတိုင္းေဆးေၾကာသန္႔စင္ႏိုင္ပါၿပီရွင္။
( ၃ ) ဟင္းခ်က္ဒယ္အိုးေတြမွာ ဆီခ်ိဳးေတြကပ္ေနတဲ့အခါ ေဆးေၾကာရတာ ေတာ္ေတာ္ခက္ခဲတယ္ဆိုတာ အိမ္ရွင္မတိုင္း ႀကဳံဖူးၾကမွာပါေနာ္။ သံဆ နဲ႔ ေဆးတတ္ၾကေပမဲ့ သံဆေတြကပ္က်န္ၿပီး အစားအေသာက္ေတြမွာ ပါလာတဲ့အခါ က်န္းမာေရးအတြက္ လုံးဝမေကာင္းပါဘူးေနာ္။ ဆီခ်ိဳးေတြကို လြယ္လြယ္နဲ႔ ရွင္းျပစ္ဖို႔ဆိုရင္ေတာ့ ဆားတစ္ဗူးပဲ လိုအပ္ပါတယ္။ ဆားအနည္းငယ္ကို ဆီခ်ိဳးေတြ ေပေနတဲ့ ဒယ္အိုးထဲမွာ ျဖဴးလိုက္ပါ။ ထို႔ေနာက္ မီးဖိုေခ်ာင္မွာပဲ သုံးေလ့ရွိတဲ့ လက္သုတ္ပဝါ ဒါမွမဟုတ္ ပန္းကန္ေဆးတဲ့ အဝတ္ဖတ္နဲ႔ ပြတ္ၿပီးသုတ္လိုက္ပါ။ ၿပီးရင္ေတာ့ ပုံမွန္အတိုင္း ေဆးေၾကာႏိုင္ပါၿပီ။
( ၄ ) သစ္သားစဥ့္နီတုံးေတြ အသုံးျပဳတာ ၾကာလာတဲ့ေနာက္ မူလအေရာင္ေပ်ာက္တဲ့အထိ ညစ္ပတ္တဲ့အခါ ဆားကို သုံးၿပီး သန္႔ရွင္းႏိုင္ပါတယ္။ ဆားအနည္းငယ္ကို ညစ္ပတ္ေနတဲ့ သစ္သားစဥ့္နီတုံးေပၚမွာ ျဖဴးၿပီး သံပု႐ိုသီးကို အျခမ္းနဲ႔ ပြတ္တိုက္လိုက္ပါ။ မိနစ္အနည္းငယ္ၾကာၿပီဆိုရင္ေတာ့ အဆိုပါ စဥ့္နီတုံးကို ေဆးေၾကာပါ။

( ၅ ) ေရခ်ိဳးခန္း အိမ္သာ နံရံေတြ ညစ္ပတ္ဝါက်င္ေနၿပီး ဘယ္လိုဆပ္ျပာနဲ႔ ေဆးေဆး မေျပာင္ျဖစ္ေနရင္ေတာ့ ဒီနည္းလမ္းေလးကို သုံးၾကည့္ပါေနာ္။ လိုအပ္တဲ့ အရာေတြကေတာ့ ဆပ္ျပာဆီ ၊ အိမ္သုံးဆား ခြက္ ၁ ဝက္ နဲ႔ ေရေႏြး ၁ ဂါလံတို႔ပဲ ျဖစ္ပါတယ္။ ေရေႏြး ၁ ဂါလံထဲကို ဆပ္ျပာဆီနဲ႔ ဆား ခြက္ ၁ ဝက္တို႔ကို ေရာေမႊပါ။ အဆိုပါ အေရာနဲ႔ နံရံေတြကို ပြတ္တိုက္ၿပီး ေဆးေၾကာပါ။ ပိုၿပီးညစ္ပတ္တဲ့ေနရာေတြမွာဆိုရင္ေတာ့ အားပိုစိုက္ၿပီး ပြတ္တိုက္ဖို႔လိုပါတယ္ေနာ္။
Unicode
ကော်ဖီခွက်တွေ ကြွေခွက်တွေ ဝါနေတဲ့အခါ ဒယ်အိုးတွေ ညစ်ပတ်နေတဲ့အခါ ပြန်လည်ဖြူစင်စေမယ့် နည်းလမ်းကောင်း
အိမ်သုံး ကြွေခွက်တွေ မီးဖိုချောင်သုံး ပစ္စည်းတွေ ပန်းအိုးတွေမှာ အဝါရောင်ညစ်ညစ်တွေ စွန်းထင်းနေတဲ့အခါ အရမ်းကို စိတ်ညစ်ရပါတယ်။ ဘယ်လို ပန်းကန်ဆေးဆပ်ပြာရည်တွေနဲ့မှ မပြောင်တော့ဘူးဆိုရင်တော့ အခုဖော်ပြမယ့်နည်းလမ်းလေးကို စမ်းသုံးကြည့်ပါနော်။

( ၁ ) ဘုရားပန်းအိုးတွေအပါအဝင် အိမ်ရဲ့ အလှဆင်ဖန်ပန်းအိုးတွေ ကြွေပန်းအိုးတွေမှာ ဝါညစ်ညစ်တွေ စွန်းထင်းလာတဲ့အခါ ဆားနဲ့ရေကို ပြစ်နှစ်နေအောင်ဖျော်ပြီး အဆိုပါ ပန်းအိုးထဲမှာ ထည့်ပါ။ လှုပ်ခါပြီး ဆားနဲ့ကျင်းပြီးတဲ့အခါမှာတော့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး ပုံမှန်အတိုင်း သန့်စင်ပါ။ ဒါဆိုရင်တော့ စွန်းထင်းနေတဲ့ အစွန်းအထင်းတွေကို အလွယ်တကူ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။
( ၂ ) ကော်ဖီခွက်တွေမှာ ကော်ဖီကြောင့် စွန်းထင်းနေတဲ့ အရောင်တွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အိမ်သုံးဆားနဲ့ ရှာလကာရည်ကို အသုံးပြုကာ ဖယ်ရှားနိုင်ပါတယ်။ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို သမအောင်နယ်ပါ။ ထို့နောက် အဆိုပါ အရောအနှောကို ကော်ဖီတွေစွန်းထင်းနေတဲ့ကြွေခွက်ထဲမှာ ၂ နာရီကြာအောင် ထည့်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်းဆေးကြောသန့်စင်နိုင်ပါပြီရှင်။

( ၃ ) ဟင်းချက်ဒယ်အိုးတွေမှာ ဆီချိုးတွေကပ်နေတဲ့အခါ ဆေးကြောရတာ တော်တော်ခက်ခဲတယ်ဆိုတာ အိမ်ရှင်မတိုင်း ကြုံဖူးကြမှာပါနော်။ သံဆ နဲ့ ဆေးတတ်ကြပေမဲ့ သံဆတွေကပ်ကျန်ပြီး အစားအသောက်တွေမှာ ပါလာတဲ့အခါ ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူးနော်။ ဆီချိုးတွေကို လွယ်လွယ်နဲ့ ရှင်းပြစ်ဖို့ဆိုရင်တော့ ဆားတစ်ဗူးပဲ လိုအပ်ပါတယ်။ ဆားအနည်းငယ်ကို ဆီချိုးတွေ ပေနေတဲ့ ဒယ်အိုးထဲမှာ ဖြူးလိုက်ပါ။ ထို့နောက် မီးဖိုချောင်မှာပဲ သုံးလေ့ရှိတဲ့ လက်သုတ်ပဝါ ဒါမှမဟုတ် ပန်းကန်ဆေးတဲ့ အဝတ်ဖတ်နဲ့ ပွတ်ပြီးသုတ်လိုက်ပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း ဆေးကြောနိုင်ပါပြီ။
( ၄ ) သစ်သားစဥ့်နီတုံးတွေ အသုံးပြုတာ ကြာလာတဲ့နောက် မူလအရောင်ပျောက်တဲ့အထိ ညစ်ပတ်တဲ့အခါ ဆားကို သုံးပြီး သန့်ရှင်းနိုင်ပါတယ်။ ဆားအနည်းငယ်ကို ညစ်ပတ်နေတဲ့ သစ်သားစဥ့်နီတုံးပေါ်မှာ ဖြူးပြီး သံပုရိုသီးကို အခြမ်းနဲ့ ပွတ်တိုက်လိုက်ပါ။ မိနစ်အနည်းငယ်ကြာပြီဆိုရင်တော့ အဆိုပါ စဥ့်နီတုံးကို ဆေးကြောပါ။

( ၅ ) ရေချိုးခန်း အိမ်သာ နံရံတွေ ညစ်ပတ်ဝါကျင်နေပြီး ဘယ်လိုဆပ်ပြာနဲ့ ဆေးဆေး မပြောင်ဖြစ်နေရင်တော့ ဒီနည်းလမ်းလေးကို သုံးကြည့်ပါနော်။ လိုအပ်တဲ့ အရာတွေကတော့ ဆပ်ပြာဆီ ၊ အိမ်သုံးဆား ခွက် ၁ ဝက် နဲ့ ရေနွေး ၁ ဂါလံတို့ပဲ ဖြစ်ပါတယ်။ ရေနွေး ၁ ဂါလံထဲကို ဆပ်ပြာဆီနဲ့ ဆား ခွက် ၁ ဝက်တို့ကို ရောမွှေပါ။ အဆိုပါ အရောနဲ့ နံရံတွေကို ပွတ်တိုက်ပြီး ဆေးကြောပါ။ ပိုပြီးညစ်ပတ်တဲ့နေရာတွေမှာဆိုရင်တော့ အားပိုစိုက်ပြီး ပွတ်တိုက်ဖို့လိုပါတယ်နော်။