စိတ္အေႏွာင့္အယွက္ေပးတဲ့ ပု႐ြက္ဆိတ္ျပႆနာကို အကုသိုလ္ကင္းကင္းျဖင့္ ဖယ္ရွားနည္း

Advertisements

အကုသိုလ္လည္း ရသလို က်န္းမာေရးအတြက္လည္း အက်ိဳးမျပဳတဲ့ ဓာတုျဖန္းေဆးေတြအစား သဘာဝပစၥည္းမ်ားကို အသုံးျပဳျခင္းက က်န္းမာေရးအတြက္လည္း ဆိုးက်ိဳးမျဖစ္ေစသလို ပိုက္ဆံလည္း ေခြၽတာရ ေရာက္ပါတယ္။ ဒါဆိုရင္ ဘယ္လိုသဘာဝနည္းလမ္းေတြ အသုံးျပဳၿပီး မီးဖိုေခ်ာင္ထဲက ပု႐ြက္ဆိတ္ေတြကို ႏွိမ္နင္းႏိုင္မလဲဆိုတာကို အတူတူေလ့လာၾကည့္လိုက္ရေအာင္။

သစ္ၾကမ္းပိုးေခါက္

ေၾကာင္အိမ္ထဲမွာပဲျဖစ္ျဖစ္၊ တံခါးနားမွာပဲျဖစ္ျဖစ္၊ ပု႐ြက္ဆိတ္လာတတ္တဲ့ ေနရာေတြကို သစ္ၾကမ္းပိုးေခါက္ ျဖဴးေပးလိုက္ပါ။ ထိုကဲ့သို႔ ျဖဴးေပးလိုက္႐ုံနဲ႔တင္ ပု႐ြက္ဆိတ္ေတြ ေဝးေဝးေျပးသြားမွာပဲျဖစ္ပါတယ္။ ဒါမွမဟုတ္လည္း ဝါဂြမ္းစေလးကို သစ္ၾကမ္းပိုးေခါက္အဆီထဲ ထည့္ႏွစ္ၿပီး ပု႐ြက္ဆိတ္လာရာလမ္းမွာ ခ်ထားလိုက္လို႔လည္း ရပါေသးတယ္။

သံပုယိုရည္

သံပုယိုသီးထဲမွာ ပါဝင္တဲ့ အက္ဆစ္ဂုဏ္သတၱိက ပု႐ြတ္ဆိတ္ေတြရဲ႕ အနံ႔ခံအာ႐ုံကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ သံပုယိုသီးတစ္လုံးကို အရည္ညႇစ္ၿပီးေနာက္ ဝါဂြမ္းစကို သံပုယိုရည္ထဲ ထည့္ႏွစ္လိုက္ပါ။ ထို႔ေနာက္ ထိုဝါဂြမ္းစေလးကို ေနရာအခ်ိဳ႕မွာ ထားထားေပးလိုက္မယ္ဆိုရင္ နာရီပိုင္းအနည္းငယ္အတြင္း ပု႐ြက္ဆိတ္ေတြ ေပ်ာက္သြားပါလိမ့္မယ္။

င႐ုတ္သီးမႈန႔္

င႐ုတ္သီးမႈန႔္အနံ႔က ျပင္းလြန္းတဲ့အတြက္ေၾကာင့္ ပု႐ြက္ဆိတ္ေတြ အစာရွာထြက္တဲ့အခါ အသုံးျပဳရတဲ့ အနံ႔ခံအာ႐ုံကို ပ်က္စီးသြားေစၿပီး ထိုရနံ႔ျပင္းနဲ႔ ေဝးရာဆီသို႔ ထြက္သြားေစပါတယ္။ ဒါ့ေၾကာင့္ ပု႐ြက္ဆိတ္ေတြ လာတတ္တဲ့ ေနရာမွာ င႐ုတ္သီးမႈန႔္မ်ား ျဖဴးထားေပးလိုက္ပါ။

ရွာလကာရည္

ရွာလကာရည္ရဲ႕ ျပင္းတဲ့ရနံ႔ကလည္း ပု႐ြက္ဆိတ္ေတြရဲ႕ အစာရွာထြက္ရာ ဦးတည္ဘက္လားရာကို ေပ်ာက္ဆုံးသြားေစပါတယ္။ ေရတစ္ဖန္ခြက္ကို ရွာလကာရည္ တစ္ဖန္ခြက္ျဖင့္ ဆတူေရာေႏွာၿပီး စပေရးဘူးထဲထည့္ကာ သမေအာင္ လႈပ္ခါေပးလိုက္ပါ။ ထို႔ေနာက္ ပု႐ြက္ဆိတ္မ်ား အုံခဲေနေသာ ေနရာေပၚသို႔ ပက္ျဖန္းေပးလိုက္ပါက ပု႐ြက္ဆိတ္မ်ားကို ခ်က္ခ်င္းႏွင္ထုတ္ႏိုင္ပါတယ္။

Unicode

စိတ်အနှောင့်အယှက်ပေးတဲ့ ပုရွက်ဆိတ်ပြဿနာကို အကုသိုလ်ကင်းကင်းဖြင့် ဖယ်ရှားနည်း

အကုသိုလ်လည်း ရသလို ကျန်းမာရေးအတွက်လည်း အကျိုးမပြုတဲ့ ဓာတုဖြန်းဆေးတွေအစား သဘာဝပစ္စည်းများကို အသုံးပြုခြင်းက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးမဖြစ်စေသလို ပိုက်ဆံလည်း ချွေတာရ ရောက်ပါတယ်။ ဒါဆိုရင် ဘယ်လိုသဘာဝနည်းလမ်းတွေ အသုံးပြုပြီး မီးဖိုချောင်ထဲက ပုရွက်ဆိတ်တွေကို နှိမ်နင်းနိုင်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

သစ်ကြမ်းပိုးခေါက်

ကြောင်အိမ်ထဲမှာပဲဖြစ်ဖြစ်၊ တံခါးနားမှာပဲဖြစ်ဖြစ်၊ ပုရွက်ဆိတ်လာတတ်တဲ့ နေရာတွေကို သစ်ကြမ်းပိုးခေါက် ဖြူးပေးလိုက်ပါ။ ထိုကဲ့သို့ ဖြူးပေးလိုက်ရုံနဲ့တင် ပုရွက်ဆိတ်တွေ ဝေးဝေးပြေးသွားမှာပဲဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ဝါဂွမ်းစလေးကို သစ်ကြမ်းပိုးခေါက်အဆီထဲ ထည့်နှစ်ပြီး ပုရွက်ဆိတ်လာရာလမ်းမှာ ချထားလိုက်လို့လည်း ရပါသေးတယ်။

သံပုယိုရည်

သံပုယိုသီးထဲမှာ ပါဝင်တဲ့ အက်ဆစ်ဂုဏ်သတ္တိက ပုရွတ်ဆိတ်တွေရဲ့ အနံ့ခံအာရုံကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီးနောက် ဝါဂွမ်းစကို သံပုယိုရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ထိုဝါဂွမ်းစလေးကို နေရာအချို့မှာ ထားထားပေးလိုက်မယ်ဆိုရင် နာရီပိုင်းအနည်းငယ်အတွင်း ပုရွက်ဆိတ်တွေ ပျောက်သွားပါလိမ့်မယ်။

ငရုတ်သီးမှုန့်

ငရုတ်သီးမှုန့်အနံ့က ပြင်းလွန်းတဲ့အတွက်ကြောင့် ပုရွက်ဆိတ်တွေ အစာရှာထွက်တဲ့အခါ အသုံးပြုရတဲ့ အနံ့ခံအာရုံကို ပျက်စီးသွားစေပြီး ထိုရနံ့ပြင်းနဲ့ ဝေးရာဆီသို့ ထွက်သွားစေပါတယ်။ ဒါ့ကြောင့် ပုရွက်ဆိတ်တွေ လာတတ်တဲ့ နေရာမှာ ငရုတ်သီးမှုန့်များ ဖြူးထားပေးလိုက်ပါ။

ရှာလကာရည်

ရှာလကာရည်ရဲ့ ပြင်းတဲ့ရနံ့ကလည်း ပုရွက်ဆိတ်တွေရဲ့ အစာရှာထွက်ရာ ဦးတည်ဘက်လားရာကို ပျောက်ဆုံးသွားစေပါတယ်။ ရေတစ်ဖန်ခွက်ကို ရှာလကာရည် တစ်ဖန်ခွက်ဖြင့် ဆတူရောနှောပြီး စပရေးဘူးထဲထည့်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ပုရွက်ဆိတ်များ အုံခဲနေသော နေရာပေါ်သို့ ပက်ဖြန်းပေးလိုက်ပါက ပုရွက်ဆိတ်များကို ချက်ချင်းနှင်ထုတ်နိုင်ပါတယ်။