အက်ႌမွာ ပီေကေတြကပ္ေနတဲ့အခါ အလြယ္တကူခြာႏိုင္တဲ့ နည္းလမ္းေကာင္းမ်ား

Advertisements

အက်ႌမွာ ပီေကေတြကပ္ေနတဲ့အခါ ခြာရခက္သလို အရမ္းလည္း စိတ္ညစ္စရာေကာင္းပါတယ္။ ကပ္ေနတဲ့ ပီေကေတြကို ဆြဲခြာတဲ့အခါ ပီေကအႂကြင္းအက်န္ေတြ ကပ္ညိက်န္ခဲ့တာ ဒါမွမဟုတ္ အသားႏုႏု အက်ႌေတြမွာဆိုရင္ အက်ႌတထည္လုံးျပစ္ရတဲ့အထိ ဆိုးဝါးလြန္းတဲ့ ပီေကေတြပါေနာ္။ အဲ့လိုမ်ိဳးခြာရခက္တဲ့ ပီေကေတြကို လြယ္လင့္တကူ ခြာႏိုင္တဲ့ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ရွင္။

( ၁ ) မီးပူေပးျခင္း

ပီေကကပ္ေနတဲ့ အဝတ္အထည္ကို ကတ္ထူျပားတခုေပၚမွာ တင္လိုက္ပါ။ ပီေကဟာ အက်ႌနဲ႔ ကတ္ထူျပားရဲ႕ ၾကားမွာ ရွိရပါမယ္။ ၿပီးေနာက္ ပီေကမကပ္တဲ့ အက်ႌရဲ႕ တဖက္မ်က္ႏွာျပင္ကို မီးပူတိုက္ပါ။ ဒါဆိုရင္ေတာ့ ပီေကဟာ အက်ႌမွာ ကပ္က်န္မေနေတာ့ပဲ အပူခ်ိန္ေၾကာင့္ ကတ္ထူျပားမွာ ကပ္က်န္ေနခဲ့မွာပဲ ျဖစ္ပါတယ္။ အက်ႌမွာ ပီေကေတြမက်န္ေတာ့ဘူးဆိုရင္ေတာ့ ပုံမွန္အတိုင္း အက်ႌကိုေလွ်ာ္လို႔ရပါၿပီ။

( ၂ ) အေအးခံျခင္း

ဒီနည္းလမ္းကေတာ့ ေတာ္ေတာ္မ်ားမ်ား သိၾကသလို အရမ္းလည္း အသုံးတည့္တဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။ ပီေကေတြကပ္ေနတဲ့ အထည္ကို ေရစိုခံ အိတ္တခုထဲမွာ ထည့္ၿပီး ေရခဲေသတၱာထဲမွာ ထည့္ထားပါ။ သတိထားရမယ့္အခ်က္ကေတာ့ ပီေကနဲ႔ ပလက္စတစ္အိတ္ကပ္မေနေစဖို႔ သတိထားရပါမယ္။ တကယ္လို႔ ပီေကနဲ႔ ပလက္စတစ္အိတ္ကပ္မေနေစဖို႔ လုပ္လို႔အဆင္မေျပဘူးဆိုရင္ေတာ့ အက်ႌကို အိတ္ထဲမွာ မထည့္ပဲ အိတ္ေပၚမွာပဲ တင္ထားႏိုင္ပါတယ္။ ဒါေပမဲ့ တခုသတိထားရမွာကေတာ့ ေရခဲေသတၱာထဲမွာရွိတဲ့ တျခားစားစရာပစၥည္းေတြနဲ႔ အက်ႌကို မထိေစဖို႔ေတာ့ သတိထားရပါမယ္။

ကပ္ေနတဲ့ ပီေကရဲ႕ ပမာဏအႀကီးအေသးကို လိုက္ၿပီး ေရခဲေသတၱာထဲမွာ ၃ နာရီကေန ၄ နာရီအထိ ထားေပးရပါမယ္။ အက်ႌက ေအးခဲေနၿပီဆိုရင္ေတာ့ ပီေကကို ခြာလို႔ရပါၿပီ။ ခြာတဲ့အခါမွာလည္း ဓားတုံးတုံး ဒါမွမဟုတ္ ေထာပတ္သုတ္တဲ့ ဓားလိုမ်ိဳးသုံးၿပီး ဂ႐ုတစိုက္ ခြာေပးရပါမယ္။ တကယ္လို႔ အထက္ကေျပာထားသလို လုပ္ဖို႔ အဆင္မေျပဘူးဆိုရင္ေတာ့ ကပ္ေနတဲ့ ပီေကေပၚမွာ ေရခဲတုံးကပ္ၿပီးလည္း ခြာႏိုင္ပါတယ္ရွင္။

( ၃ ) ေရေငြ႕ျဖင့္အပူေပးျခင္း

ပီေကကပ္ေနတဲ့ အက်ႌရဲ႕ တဖက္စကို ပြက္ပြက္ဆူေနတဲ့ ေရေႏြးထဲကို ထည့္ၿပီး အစတဖက္ကေနကိုင္ကာ ဓားတုံးတုံး ဒါမွမဟုတ္ သြားတိုက္တံနဲ႔ ပြတ္တိုက္ၿပီး ဖယ္ပါ။ ၿပီးရင္ေတာ့ အက်ႌကို ေလတိုက္ထဲမွာ အေျခာက္ခံၿပီး ပီေကေတြ မေျပာင္သလို ခံစားရတယ္ဆိုရင္ေတာ့ ေနာက္တႀကိမ္ေရေႏြးနဲ႔ ျပန္လည္ေဆးေၾကာႏိုင္ပါတယ္။

အိမ္မွာ ေရေႏြးအိုးရွိတယ္ဆိုရင္ေတာ့ ေရေႏြးအိုးကထြက္တဲ့အေငြ႕နဲ႔လည္း ပီေကကို ခြာႏိုင္ပါတယ္။ ေရေႏြးအိုးရဲ႕ အေငြ႕ထြက္တဲ့အနားမွာ ပီေကကပ္ေနတဲ့ အက်ႌစကို ထားၿပီး သြားတိုက္တံနဲ႔ ပြတ္ၿပီးဖယ္ရွားႏိုင္ပါတယ္။​ သြားတိုက္တံနဲ႔ပြတ္တိုက္တဲ့အခါ direction တဖက္တည္းကိုပဲ ပြတ္တိုက္ဖို႔ေတာ့ ဂ႐ုျပဳဖို႔လိုပါတယ္။

( ၄ ) အပူေပးထားတဲ့ ဗင္နီကာျဖင့္ ဖယ္ရွားျခင္း

ဗင္နီကာအရည္ကို အပူေပးၿပီးလည္း ဖယ္ရွားႏိုင္ပါတယ္။ အပူေပးထားတဲ့ ဗင္နီကာအရည္ထဲကို သြားတိုက္တံႏွစ္လိုက္ပါ ။ ၿပီးေနာက္ အဆိုပါ သြားတိုက္တံနဲ႔ ပီေကကို ဖယ္ရွားႏိုင္ပါၿပီ။ တခုသတိထားရမွာကေတာ့ ဗင္နီကာအရည္ဟာ ပူေနမွ ျဖစ္မွာပါ။ ဖယ္ေနရင္း ဗင္နီကာအရည္က ေအးသြားမယ္ဆိုရင္ေတာ့ ျပန္ၿပီးအပူေပးပါ။ ၿပီးရင္ေတာ့ ပုံမွန္အတိုင္း အက်ႌကို ေလွ်ာ္ႏိုင္ပါၿပီ။

( ၅ ) ဆံပင္ျဖန္းေဆး ( Hair Spray )

ပီေကေတြကို ဖယ္ရွားခ်င္တယ္ဆိုရင္ေတာ့ Hair Spray နဲ႔လည္း ဖယ္ရွားႏိုင္ပါတယ္။ အက်ႌမွာကပ္ေနတဲ့ ပီေကကို hair spray နဲ႔ ျဖန္းလိုက္ပါ။ ဒါဆိုရင္ ပီေကဟာ မာသြားပါလိမ့္မယ္။ ၿပီးရင္ေတာ့ ဓားတုံးတုံးနဲ႔ ပီေကကို ခြာလိုက္ပါ။ ပီေကကြာသြားၿပီဆိုရင္ေတာ့ ပုံမွန္အတိုင္း အက်ႌကို ေလွ်ာ္ေပးႏိုင္ပါၿပီ။

စာႂကြင္း ပီေကခြာတဲ့အခါ ဓားတုံးတုံးကို အသုံးျပဳဖို႔ မွာရသလဲဆိုရင္ေတာ့ ခြၽင္ထက္ေနတဲ့ ဓားေတြကို အသုံးျပဳတဲ့အခါ အက်ႌေတြ ပ်က္ဆီးႏိုင္လို႔ပဲ ျဖစ္ပါတယ္။​

Unicode

အင်္ကျီမှာ ပီကေတွေကပ်နေတဲ့အခါ အလွယ်တကူခွာနိုင်တဲ့ နည်းလမ်းကောင်းများ

အင်္ကျီမှာ ပီကေတွေကပ်နေတဲ့အခါ ခွာရခက်သလို အရမ်းလည်း စိတ်ညစ်စရာကောင်းပါတယ်။ ကပ်နေတဲ့ ပီကေတွေကို ဆွဲခွာတဲ့အခါ ပီကေအကြွင်းအကျန်တွေ ကပ်ညိကျန်ခဲ့တာ ဒါမှမဟုတ် အသားနုနု အင်္ကျီတွေမှာဆိုရင် အင်္ကျီတထည်လုံးပြစ်ရတဲ့အထိ ဆိုးဝါးလွန်းတဲ့ ပီကေတွေပါနော်။ အဲ့လိုမျိုးခွာရခက်တဲ့ ပီကေတွေကို လွယ်လင့်တကူ ခွာနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

( ၁ ) မီးပူပေးခြင်း

ပီကေကပ်နေတဲ့ အဝတ်အထည်ကို ကတ်ထူပြားတခုပေါ်မှာ တင်လိုက်ပါ။ ပီကေဟာ အင်္ကျီနဲ့ ကတ်ထူပြားရဲ့ ကြားမှာ ရှိရပါမယ်။ ပြီးနောက် ပီကေမကပ်တဲ့ အင်္ကျီရဲ့ တဖက်မျက်နှာပြင်ကို မီးပူတိုက်ပါ။ ဒါဆိုရင်တော့ ပီကေဟာ အင်္ကျီမှာ ကပ်ကျန်မနေတော့ပဲ အပူချိန်ကြောင့် ကတ်ထူပြားမှာ ကပ်ကျန်နေခဲ့မှာပဲ ဖြစ်ပါတယ်။ အင်္ကျီမှာ ပီကေတွေမကျန်တော့ဘူးဆိုရင်တော့ ပုံမှန်အတိုင်း အင်္ကျီကိုလျှော်လို့ရပါပြီ။

( ၂ ) အအေးခံခြင်း

ဒီနည်းလမ်းကတော့ တော်တော်များများ သိကြသလို အရမ်းလည်း အသုံးတည့်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ပီကေတွေကပ်နေတဲ့ အထည်ကို ရေစိုခံ အိတ်တခုထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ သတိထားရမယ့်အချက်ကတော့ ပီကေနဲ့ ပလက်စတစ်အိတ်ကပ်မနေစေဖို့ သတိထားရပါမယ်။ တကယ်လို့ ပီကေနဲ့ ပလက်စတစ်အိတ်ကပ်မနေစေဖို့ လုပ်လို့အဆင်မပြေဘူးဆိုရင်တော့ အင်္ကျီကို အိတ်ထဲမှာ မထည့်ပဲ အိတ်ပေါ်မှာပဲ တင်ထားနိုင်ပါတယ်။ ဒါပေမဲ့ တခုသတိထားရမှာကတော့ ရေခဲသေတ္တာထဲမှာရှိတဲ့ တခြားစားစရာပစ္စည်းတွေနဲ့ အင်္ကျီကို မထိစေဖို့တော့ သတိထားရပါမယ်။

ကပ်နေတဲ့ ပီကေရဲ့ ပမာဏအကြီးအသေးကို လိုက်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကနေ ၄ နာရီအထိ ထားပေးရပါမယ်။ အင်္ကျီက အေးခဲနေပြီဆိုရင်တော့ ပီကေကို ခွာလို့ရပါပြီ။ ခွာတဲ့အခါမှာလည်း ဓားတုံးတုံး ဒါမှမဟုတ် ထောပတ်သုတ်တဲ့ ဓားလိုမျိုးသုံးပြီး ဂရုတစိုက် ခွာပေးရပါမယ်။ တကယ်လို့ အထက်ကပြောထားသလို လုပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ ကပ်နေတဲ့ ပီကေပေါ်မှာ ရေခဲတုံးကပ်ပြီးလည်း ခွာနိုင်ပါတယ်ရှင်။

( ၃ ) ရေငွေ့ဖြင့်အပူပေးခြင်း

ပီကေကပ်နေတဲ့ အင်္ကျီရဲ့ တဖက်စကို ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ထည့်ပြီး အစတဖက်ကနေကိုင်ကာ ဓားတုံးတုံး ဒါမှမဟုတ် သွားတိုက်တံနဲ့ ပွတ်တိုက်ပြီး ဖယ်ပါ။ ပြီးရင်တော့ အင်္ကျီကို လေတိုက်ထဲမှာ အခြောက်ခံပြီး ပီကေတွေ မပြောင်သလို ခံစားရတယ်ဆိုရင်တော့ နောက်တကြိမ်ရေနွေးနဲ့ ပြန်လည်ဆေးကြောနိုင်ပါတယ်။

အိမ်မှာ ရေနွေးအိုးရှိတယ်ဆိုရင်တော့ ရေနွေးအိုးကထွက်တဲ့အငွေ့နဲ့လည်း ပီကေကို ခွာနိုင်ပါတယ်။ ရေနွေးအိုးရဲ့ အငွေ့ထွက်တဲ့အနားမှာ ပီကေကပ်နေတဲ့ အင်္ကျီစကို ထားပြီး သွားတိုက်တံနဲ့ ပွတ်ပြီးဖယ်ရှားနိုင်ပါတယ်။​ သွားတိုက်တံနဲ့ပွတ်တိုက်တဲ့အခါ direction တဖက်တည်းကိုပဲ ပွတ်တိုက်ဖို့တော့ ဂရုပြုဖို့လိုပါတယ်။

( ၄ ) အပူပေးထားတဲ့ ဗင်နီကာဖြင့် ဖယ်ရှားခြင်း

ဗင်နီကာအရည်ကို အပူပေးပြီးလည်း ဖယ်ရှားနိုင်ပါတယ်။ အပူပေးထားတဲ့ ဗင်နီကာအရည်ထဲကို သွားတိုက်တံနှစ်လိုက်ပါ ။ ပြီးနောက် အဆိုပါ သွားတိုက်တံနဲ့ ပီကေကို ဖယ်ရှားနိုင်ပါပြီ။ တခုသတိထားရမှာကတော့ ဗင်နီကာအရည်ဟာ ပူနေမှ ဖြစ်မှာပါ။ ဖယ်နေရင်း ဗင်နီကာအရည်က အေးသွားမယ်ဆိုရင်တော့ ပြန်ပြီးအပူပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း အင်္ကျီကို လျှော်နိုင်ပါပြီ။

( ၅ ) ဆံပင်ဖြန်းဆေး ( Hair Spray )

ပီကေတွေကို ဖယ်ရှားချင်တယ်ဆိုရင်တော့ Hair Spray နဲ့လည်း ဖယ်ရှားနိုင်ပါတယ်။ အင်္ကျီမှာကပ်နေတဲ့ ပီကေကို hair spray နဲ့ ဖြန်းလိုက်ပါ။ ဒါဆိုရင် ပီကေဟာ မာသွားပါလိမ့်မယ်။ ပြီးရင်တော့ ဓားတုံးတုံးနဲ့ ပီကေကို ခွာလိုက်ပါ။ ပီကေကွာသွားပြီဆိုရင်တော့ ပုံမှန်အတိုင်း အင်္ကျီကို လျှော်ပေးနိုင်ပါပြီ။

စာကြွင်း ပီကေခွာတဲ့အခါ ဓားတုံးတုံးကို အသုံးပြုဖို့ မှာရသလဲဆိုရင်တော့ ချွင်ထက်နေတဲ့ ဓားတွေကို အသုံးပြုတဲ့အခါ အင်္ကျီတွေ ပျက်ဆီးနိုင်လို့ပဲ ဖြစ်ပါတယ်။​