
အဝတ္အစားမ်ားကို ျဖဴေဖြးေတာက္ေျပာင္ေအာင္ ျပဳလုပ္ေပးႏိုင္တဲ့ မီးဖိုေခ်ာင္သုံး အစားအစာတစ္ခုကေတာ့ သံပုယိုသီးပဲျဖစ္ပါတယ္။ သံပုယိုသီးရဲ႕ အသုံးဝင္ပုံကို ေသခ်ာသိထားမယ္ဆိုရင္ေတာ့ သင့္ရဲ႕အျဖဴေရာင္အဝတ္အစားမ်ားကို ေဟာင္းႏြမ္းမသြားဘဲ အခ်ိန္အၾကာႀကီး အသစ္အတိုင္း ထိန္းသိမ္းထားႏိုင္မွာပါ။ ေခါင္းမာလြန္းတဲ့ အစြန္းအေထးအညစ္အေၾကးမ်ားကို သံပုယိုသီးျဖင့္ ဖယ္ရွားႏိုင္မယ့္ နည္းလမ္း သုံးသြယ္ကို စာဖတ္သူတို႔အတြက္ ေဝမွ်ေပးလိုက္ရပါတယ္။
နည္းလမ္း (၁)
အိုးအႀကီးတစ္လုံးထဲတြင္ ေရ ၂ လီတာထည့္ၿပီးေနာက္ ပြက္ပြက္ဆူလာေအာင္ တည္ထားပါ။ ပြက္ပြက္ဆူလာၿပီဆိုရင္ေတာ့ သံပုယိုသီး ၃ လုံးကို အရည္ညႇစ္ထည့္လိုက္ပါ။ ထို႔ေနာက္ ဆား စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ကာ ေရာသေမႊလိုက္ပါ။ ရရွိလာတဲ့ သံပုယိုရည္ကို အဝတ္ေလွ်ာ္ဆပ္ျပာ စားပြဲတင္ဇြန္း ၄ ဇြန္းျဖင့္ သမေအာင္ ေရာေမႊလိုက္ပါ။ ထို႔ေနာက္ သင့္ရဲ႕အဝတ္အစားမ်ားကို ထိုေရထဲတြင္ မိနစ္ ၄၀ ခန႔္ စိမ္ထားလိုက္ပါ။
သတ္မွတ္ခ်ိန္ျပည့္တဲ့အခါမွာေတာ့ ထိုအဝတ္အစားမ်ားကို ေရျဖင့္ ၃ ႀကိမ္ခန႔္ စင္ၾကယ္ေအာင္ ေဆးေၾကာေပးလိုက္ပါ။ အဝတ္ေျခာက္သြားၿပီဆိုရင္ေတာ့ သင့္ရဲ႕အဝတ္အစားမ်ားက ျဖဴေဖြးေတာက္ေျပာင္သြားတာကို ျမင္ေတြ႕ရပါလိမ့္မယ္။ ဒီနည္းလမ္းကေတာ့ ေခြၽးေၾကာင့္ စြန္းထင္းညစ္ပတ္ေနတဲ့ အဝတ္အစားရဲ႕ခ်ိဳင္းၾကားေနရာနဲ႔ ေကာ္လာတစ္ဝိုက္အတြက္လည္း အသုံးတည့္ပါေသးတယ္။

နည္းလမ္း (၂)
အဝတ္အစားေပၚရွိ စြန္းထင္းေနတဲ့ ေနရာေပၚသို႔ မုန႔္ဖုတ္ဆိုဒါ ပုံထားလိုက္ပါ။ သံပုယိုသီးတစ္ျခမ္းကို ထိုမုန႔္ဖုတ္ဆိုဒါေနရာေပၚမွာ ပြတ္တိုက္ေပးလိုက္ပါ။ ထို႔ေနာက္ ၁၅ မိနစ္ခန႔္ ထားထားလိုက္ပါ။ သတ္မွတ္ခ်ိန္ျပည့္မွ ေရေႏြးေႏြးေလးျဖင့္ ေလွ်ာ္ဖြတ္ေပးလိုက္ပါ။ ထိုနည္းအတိုင္း မဟုတ္ဘဲ မုန႔္ဖုတ္ဆိုဒါနဲ႔ သံပုယိုရည္ကို သမေအာင္ ေရာေႏွာၿပီးမွ ပြတ္တိုက္ေပးလို႔လည္း ရပါတယ္။
နည္းလမ္း (၃)
ေရ တစ္လီတာကို ပြက္ပြက္ဆူေအာင္ တည္ပါ။ ထို႔ေနာက္ ထိုေရေႏြးပူထဲသို႔ သံပုယိုသီး ၂ လုံးကို ခပ္ပါးပါးလွီးထားပါ။ ၿပီးရင္ေတာ့ သင့္ရဲ႕အဝတ္အစားကို ထိုေရထဲတြင္ မိနစ္ ၄၀ ခန႔္ စိမ္ထား႐ုံပါပဲ။ သတ္မွတ္ခ်ိန္ျပည့္တဲ့အခါမွာေတာ့ ေလွ်ာ္ေနက်အတိုင္း ေလွ်ာ္ဖြတ္ေပးလိုက္လို႔ရပါၿပီ။ အဝတ္ေလွ်ာ္စက္ထဲ ထည့္ေလွ်ာ္လို႔လည္း ရပါတယ္။ ထိုနည္းလမ္းေတြ အသုံးျပဳလိုက္လို႔ အဝတ္အစား ပ်က္စီးသြားမွာကိုေတာ့ စိုးရိမ္စရာမလိုတဲ့အတြက္ေၾကာင့္ စိတ္ခ်လက္ခ်အသုံးျပဳႏိုင္ပါတယ္။
Unicode
အချိန်တွေကြာလာတဲ့အခါ အရောင်လွင့်လာတဲ့ အဖြူရောင်အင်္ကျီတွေကို ပြန်လည်ဖြူဖွေးတောက်ပြောင်စေတဲ့ နည်းလမ်းများ
အဝတ်အစားများကို ဖြူဖွေးတောက်ပြောင်အောင် ပြုလုပ်ပေးနိုင်တဲ့ မီးဖိုချောင်သုံး အစားအစာတစ်ခုကတော့ သံပုယိုသီးပဲဖြစ်ပါတယ်။ သံပုယိုသီးရဲ့ အသုံးဝင်ပုံကို သေချာသိထားမယ်ဆိုရင်တော့ သင့်ရဲ့အဖြူရောင်အဝတ်အစားများကို ဟောင်းနွမ်းမသွားဘဲ အချိန်အကြာကြီး အသစ်အတိုင်း ထိန်းသိမ်းထားနိုင်မှာပါ။ ခေါင်းမာလွန်းတဲ့ အစွန်းအထေးအညစ်အကြေးများကို သံပုယိုသီးဖြင့် ဖယ်ရှားနိုင်မယ့် နည်းလမ်း သုံးသွယ်ကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

နည်းလမ်း (၁)
အိုးအကြီးတစ်လုံးထဲတွင် ရေ ၂ လီတာထည့်ပြီးနောက် ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ သံပုယိုသီး ၃ လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ထို့နောက် ဆား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ ရောသမွှေလိုက်ပါ။ ရရှိလာတဲ့ သံပုယိုရည်ကို အဝတ်လျှော်ဆပ်ပြာ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် သင့်ရဲ့အဝတ်အစားများကို ထိုရေထဲတွင် မိနစ် ၄၀ ခန့် စိမ်ထားလိုက်ပါ။
သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ထိုအဝတ်အစားများကို ရေဖြင့် ၃ ကြိမ်ခန့် စင်ကြယ်အောင် ဆေးကြောပေးလိုက်ပါ။ အဝတ်ခြောက်သွားပြီဆိုရင်တော့ သင့်ရဲ့အဝတ်အစားများက ဖြူဖွေးတောက်ပြောင်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီနည်းလမ်းကတော့ ချွေးကြောင့် စွန်းထင်းညစ်ပတ်နေတဲ့ အဝတ်အစားရဲ့ချိုင်းကြားနေရာနဲ့ ကော်လာတစ်ဝိုက်အတွက်လည်း အသုံးတည့်ပါသေးတယ်။
နည်းလမ်း (၂)
အဝတ်အစားပေါ်ရှိ စွန်းထင်းနေတဲ့ နေရာပေါ်သို့ မုန့်ဖုတ်ဆိုဒါ ပုံထားလိုက်ပါ။ သံပုယိုသီးတစ်ခြမ်းကို ထိုမုန့်ဖုတ်ဆိုဒါနေရာပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်မှ ရေနွေးနွေးလေးဖြင့် လျှော်ဖွတ်ပေးလိုက်ပါ။ ထိုနည်းအတိုင်း မဟုတ်ဘဲ မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည်ကို သမအောင် ရောနှောပြီးမှ ပွတ်တိုက်ပေးလို့လည်း ရပါတယ်။

နည်းလမ်း (၃)
ရေ တစ်လီတာကို ပွက်ပွက်ဆူအောင် တည်ပါ။ ထို့နောက် ထိုရေနွေးပူထဲသို့ သံပုယိုသီး ၂ လုံးကို ခပ်ပါးပါးလှီးထားပါ။ ပြီးရင်တော့ သင့်ရဲ့အဝတ်အစားကို ထိုရေထဲတွင် မိနစ် ၄၀ ခန့် စိမ်ထားရုံပါပဲ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ လျှော်နေကျအတိုင်း လျှော်ဖွတ်ပေးလိုက်လို့ရပါပြီ။ အဝတ်လျှော်စက်ထဲ ထည့်လျှော်လို့လည်း ရပါတယ်။ ထိုနည်းလမ်းတွေ အသုံးပြုလိုက်လို့ အဝတ်အစား ပျက်စီးသွားမှာကိုတော့ စိုးရိမ်စရာမလိုတဲ့အတွက်ကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။