အခုေခတ္လူငယ္ေတြ စလုပ္ၾကည့္သင့္တဲ့ ကိုယ္ပိုင္လုပ္ငန္း (၆) ခု

Advertisements

လူတိုင္းကေတာ့ ဝန္ထမ္းလုပ္ခ်င္လို႔ လုပ္ေနၾကတာမဟုတ္ပါဘူး။ ျဖစ္လာတဲ့ အေျခအေန၊ အေၾကာင္းတရား အေပၚမူတည္ၿပီး အ႐ြယ္ေရာက္လာရင္ အလုပ္တစ္ခုေတာ့ ျဖစ္ေအာင္ ဝင္လုပ္ေနၾကတာပါ။ ဝန္ထမ္းဘဝမွာ ေပ်ာ္ေနသူေတြ ရွိေကာင္းရွိႏိုင္သလို ကိုုယ္ပိုင္လုပ္ငန္းလုပ္ခ်င္သူေတြလည္း မနည္းလွပါဘူး။ ကိုယ္ပိုင္လုပ္ငန္း တစ္ခု လုပ္ဖို႔ဆိုတာ ေျပာသေလာက္မလြယ္ေပမဲ့ အခုေခတ္မွာေတာ့ အခြင့္အလမ္းေတြအမ်ားႀကီး ပြင့္လာပါၿပီ။ အဲဒါေၾကာင့္ အခုေခတ္မွာ ကိုယ္ပိုင္လုပ္ငန္းတစ္ခု လုပ္ၾကည္ခ်င္တဲ့ လူငယ္ေတြ စတင္ၿပီး လုပ္ၾကည့္သင့္တဲ့ ကိုယ္ပိုင္လုပ္ငန္း (၆) ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Blogger

အခုေနာက္ပိုင္းမွာ အင္တာနက္အသုံးျပဳသူမ်ားျပားလာတာနဲ႔အမွ် က႑အသီးသီးအတြက္ ဘေလာ့ဂ္ေတြ ေရးသားတဲ့ Blogger ေတြ ေပၚေပါက္လာပါတယ္။ Blogger အမ်ိဳးမ်ိဳးရွိတဲ့အထဲမွာ အလွအပအၾကာင္းေရးတဲ့ Beauty Blogger၊ ခရီးေတြအေၾကာင္း ေရးတဲ့ Travel Blogger နဲ႔ အစားအေသာက္အေၾကာင္းေရးတဲ့ Food Blogger တို႔ကေတာ့ အေတာ္ေခတ္စားပါတယ္။ အဲဒီလို ဘေလာ့ဂ္ေတြေရးရင္း Social Influencer အျဖစ္ ပရိသတ္ေတြအမ်ားႀကီး ရေနသူေတြလည္း မနည္းပါဘူး။ အဲဒီလိုလူသိ မ်ားလာေလ စီးပြားေရးလုပ္ငန္းေတြက လည္း ေၾကာ္ျငာအတြက္ အေနာက္က လိုက္လာေလပါပဲ။ အဲဒါေၾကာင့္ ဝါသနာပါမယ္ ဆိုရင္ အခုေခတ္မွာ Blogger အလုပ္နဲ႔ ရပ္တည္ဖို႔ ႀကိဳးစားၾကည့္သင့္ပါတယ္။

၂။ Personal Shopper

Personal Shopper ဆိုတာဟာ ဝယ္သူေတြလိုခ်င္တဲ့ ပစၥည္းကိုရွာဝယ္ၿပီး တဆင့္ခံျပန္ေရာင္ေပးၾကတာမ်ိဳးပါ။ Online Shopping ဆိုရင္လည္း မမွားပါဘူး။ အြန္လိုင္းအသုံးမ်ားလာတဲ့ ေခတ္မွာ Online Shop လုပ္ငန္းေတြ လည္း အေတာ္ေလးေခတ္ထလာပါတယ္။ မိမိကသာ တကယ္ကို ပစၥည္းမွန္ေဈးမွန္၊ ဝန္ေဆာင္မႈ ေကာင္းေကာင္းနဲ႔ Online Shop လုပ္ၿပီး ေဈးကြက္ထိုးေဖာက္လိုက္မယ္ဆိုရင္ မေအာင္ျမင္စရာအေၾကာင္းမရွိ ပါဘူး။ ဒါေပမဲ့ ခ်က္ခ်င္းထေအာင္ျမင္ဖို႔ မလြယ္ဘဲ နာမည္ရဖို႔အတြက္ အခ်ိန္တစ္ခုေတာ့ ယူရမွာပါ။

၃။ Florist

အခုေခတ္မွာ ပန္းစည္းနဲ႔ လက္ေဆာင္ကဒ္ေတြေရာင္းတဲ့ ဆိုင္ေလးေတြလည္း အေတာ္ေလးမ်ားလာပါၿပီ။ ခ်စ္သူမ်ားေန႔၊ ေမြးေန႔၊ အထိမ္းအမွတ္ေန႔ေတြဆိုရင္ ပန္းစည္းလွလွေလးေတြ ေပးေလ့ရွိတဲ့ ဓေလ့ဟာ အေတာ္ ေခတ္စားလာတာေၾကာင့္ အခုေခတ္မွာ Florist ဆိုင္ေလးဖြင့္ၿပီး ဝန္ေဆာင္မႈေကာင္းေကာင္းေပးႏိုင္ရင္လည္း အဆင္ေျပႏိုင္ပါတယ္။

၄။ Baker

အခုေနာက္ပိုင္းမွာ မုန႔္ဆိုင္လွလွေလးေတြ ေပၚေပါက္လာသလို မုန႔္လွလွေလးေတြကို အြန္လိုင္းမွာတင္ၿပီး ေရာင္းၾကတာလည္း မနည္းပါဘူး။ မုန႔္ဖုတ္သင္တန္းေတြ အေတာ္မ်ားမ်ားေပၚလာသလို ပေရာ္ဖက္ရွင္အတြက္ မဟုတ္ေတာင္ အေပ်ာ္သေဘာနဲ႔ အိမ္မွာေနရင္း မုန႔္ဖုတ္ေနသူေတြလည္း ရွိပါတယ္။ အဲဒါေၾကာင့္ ခ်စ္စရာ ေကာင္းၿပီး အရသာရွိတဲ့ မုန႔္ေတြနဲ႔ လူေတြကို ဆြဲေဆာင္ႏိုင္မယ့္ Baker လုပ္ငန္းကလည္း မဆိုးလွပါဘူး။

၅။ Photographer

အခုေနာက္ပိုင္းမွာ အရင္ထက္ အမွတ္တရဓာတ္ပုံ႐ိုက္ကူးမႈေတြ ပိုမ်ားလာပါတယ္။ အရင္က ဘြဲ႕ဓာတ္ပုံ၊ မဂၤလာေဆာင္ပုံနဲ႔ အလႉမဂၤလာေတြအတြက္သာ ႐ိုက္ၾကတာပါ။ ဒီေခတ္မွာေတာ့ Pre-wedding, Friendship goal နဲ႔ Relationship goal တို႔အပါအဝင္ တျခားအေပ်ာ္တမ္း အမွတ္တရဓာတ္ပုံ႐ိုက္တာေတြလည္း အေတာ္ မ်ားလာပါတယ္။ အဲဒါေၾကာင့္ ဝါသနာပါၿပီး လက္ရာေကာင္းေကာင္းနဲ႔ ဓာတ္ပုံ႐ိုက္တတ္မယ္၊ အြန္လိုင္းမွာ လည္း ေပါက္ေအာင္လုပ္မယ္ဆိုရင္ Photographer ဟာလည္း လူငယ္ေတြလုပ္ၾကည့္သင့္တဲ့ အလုပ္တစ္ခု ပါပဲ။

၆။ Handmade

အခုေခတ္မွာ Handmade ပစၥည္းေလးေတြလည္း အရမ္းေခတ္စားလာပါတယ္။ ကီးခ်ိန္းေလးေတြ၊ လက္ေကာက္ေလးေတြ၊ ပုတီးေစ့ေလးေတြ၊ ပန္းထိုးပိုက္ဆံအိတ္ေတြ၊ ခဲပန္းခ်ီ စသျဖင့္ Handmade ျပဳလုပ္ ႏိုင္တဲ့ ပစၥည္းေလြးအမ်ားႀကီး ရွိပါတယ္။ Handmade ေတြဟာ အခုေခတ္မွာ ေဈးေကာင္းရသလို တန္ဖိုးထား ၿပီးလည္း အသုံးျပဳၾကပါတယ္။ အဲဒါေၾကာင့္ လက္မႈပညာကို ေသခ်ာသင္ယူၿပီး Handmade ေလးေတြလုပ္ကာ အြန္လိုင္းေပၚတင္ေရာင္းတာမ်ိဳးကေနလည္း ကိုယ္ပိုင္လုပ္ငန္းစတင္ႏိုင္ပါတယ္။

Unicode

အခုခေတ်လူငယ်တွေ စလုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခု

လူတိုင်းကတော့ ဝန်ထမ်းလုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ ဖြစ်လာတဲ့ အခြေအနေ၊ အကြောင်းတရား အပေါ်မူတည်ပြီး အရွယ်ရောက်လာရင် အလုပ်တစ်ခုတော့ ဖြစ်အောင် ဝင်လုပ်နေကြတာပါ။ ဝန်ထမ်းဘဝမှာ ပျော်နေသူတွေ ရှိကောင်းရှိနိုင်သလို ကိုုယ်ပိုင်လုပ်ငန်းလုပ်ချင်သူတွေလည်း မနည်းလှပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု လုပ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပေမဲ့ အခုခေတ်မှာတော့ အခွင့်အလမ်းတွေအများကြီး ပွင့်လာပါပြီ။ အဲဒါကြောင့် အခုခေတ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကြည်ချင်တဲ့ လူငယ်တွေ စတင်ပြီး လုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Blogger

အခုနောက်ပိုင်းမှာ အင်တာနက်အသုံးပြုသူများပြားလာတာနဲ့အမျှ ကဏ္ဍအသီးသီးအတွက် ဘလော့ဂ်တွေ ရေးသားတဲ့ Blogger တွေ ပေါ်ပေါက်လာပါတယ်။ Blogger အမျိုးမျိုးရှိတဲ့အထဲမှာ အလှအပအကြာင်းရေးတဲ့ Beauty Blogger၊ ခရီးတွေအကြောင်း ရေးတဲ့ Travel Blogger နဲ့ အစားအသောက်အကြောင်းရေးတဲ့ Food Blogger တို့ကတော့ အတော်ခေတ်စားပါတယ်။ အဲဒီလို ဘလော့ဂ်တွေရေးရင်း Social Influencer အဖြစ် ပရိသတ်တွေအများကြီး ရနေသူတွေလည်း မနည်းပါဘူး။ အဲဒီလိုလူသိ များလာလေ စီးပွားရေးလုပ်ငန်းတွေက လည်း ကြော်ငြာအတွက် အနောက်က လိုက်လာလေပါပဲ။ အဲဒါကြောင့် ဝါသနာပါမယ် ဆိုရင် အခုခေတ်မှာ Blogger အလုပ်နဲ့ ရပ်တည်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

၂။ Personal Shopper

Personal Shopper ဆိုတာဟာ ဝယ်သူတွေလိုချင်တဲ့ ပစ္စည်းကိုရှာဝယ်ပြီး တဆင့်ခံပြန်ရောင်ပေးကြတာမျိုးပါ။ Online Shopping ဆိုရင်လည်း မမှားပါဘူး။ အွန်လိုင်းအသုံးများလာတဲ့ ခေတ်မှာ Online Shop လုပ်ငန်းတွေ လည်း အတော်လေးခေတ်ထလာပါတယ်။ မိမိကသာ တကယ်ကို ပစ္စည်းမှန်ဈေးမှန်၊ ဝန်ဆောင်မှု ကောင်းကောင်းနဲ့ Online Shop လုပ်ပြီး ဈေးကွက်ထိုးဖောက်လိုက်မယ်ဆိုရင် မအောင်မြင်စရာအကြောင်းမရှိ ပါဘူး။ ဒါပေမဲ့ ချက်ချင်းထအောင်မြင်ဖို့ မလွယ်ဘဲ နာမည်ရဖို့အတွက် အချိန်တစ်ခုတော့ ယူရမှာပါ။

၃။ Florist

အခုခေတ်မှာ ပန်းစည်းနဲ့ လက်ဆောင်ကဒ်တွေရောင်းတဲ့ ဆိုင်လေးတွေလည်း အတော်လေးများလာပါပြီ။ ချစ်သူများနေ့၊ မွေးနေ့၊ အထိမ်းအမှတ်နေ့တွေဆိုရင် ပန်းစည်းလှလှလေးတွေ ပေးလေ့ရှိတဲ့ ဓလေ့ဟာ အတော် ခေတ်စားလာတာကြောင့် အခုခေတ်မှာ Florist ဆိုင်လေးဖွင့်ပြီး ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရင်လည်း အဆင်ပြေနိုင်ပါတယ်။

၄။ Baker

အခုနောက်ပိုင်းမှာ မုန့်ဆိုင်လှလှလေးတွေ ပေါ်ပေါက်လာသလို မုန့်လှလှလေးတွေကို အွန်လိုင်းမှာတင်ပြီး ရောင်းကြတာလည်း မနည်းပါဘူး။ မုန့်ဖုတ်သင်တန်းတွေ အတော်များများပေါ်လာသလို ပရော်ဖက်ရှင်အတွက် မဟုတ်တောင် အပျော်သဘောနဲ့ အိမ်မှာနေရင်း မုန့်ဖုတ်နေသူတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ချစ်စရာ ကောင်းပြီး အရသာရှိတဲ့ မုန့်တွေနဲ့ လူတွေကို ဆွဲဆောင်နိုင်မယ့် Baker လုပ်ငန်းကလည်း မဆိုးလှပါဘူး။

၅။ Photographer

အခုနောက်ပိုင်းမှာ အရင်ထက် အမှတ်တရဓာတ်ပုံရိုက်ကူးမှုတွေ ပိုများလာပါတယ်။ အရင်က ဘွဲ့ဓာတ်ပုံ၊ မင်္ဂလာဆောင်ပုံနဲ့ အလှူမင်္ဂလာတွေအတွက်သာ ရိုက်ကြတာပါ။ ဒီခေတ်မှာတော့ Pre-wedding, Friendship goal နဲ့ Relationship goal တို့အပါအဝင် တခြားအပျော်တမ်း အမှတ်တရဓာတ်ပုံရိုက်တာတွေလည်း အတော် များလာပါတယ်။ အဲဒါကြောင့် ဝါသနာပါပြီး လက်ရာကောင်းကောင်းနဲ့ ဓာတ်ပုံရိုက်တတ်မယ်၊ အွန်လိုင်းမှာ လည်း ပေါက်အောင်လုပ်မယ်ဆိုရင် Photographer ဟာလည်း လူငယ်တွေလုပ်ကြည့်သင့်တဲ့ အလုပ်တစ်ခု ပါပဲ။

၆။ Handmade

အခုခေတ်မှာ Handmade ပစ္စည်းလေးတွေလည်း အရမ်းခေတ်စားလာပါတယ်။ ကီးချိန်းလေးတွေ၊ လက်ကောက်လေးတွေ၊ ပုတီးစေ့လေးတွေ၊ ပန်းထိုးပိုက်ဆံအိတ်တွေ၊ ခဲပန်းချီ စသဖြင့် Handmade ပြုလုပ် နိုင်တဲ့ ပစ္စည်းလွေးအများကြီး ရှိပါတယ်။ Handmade တွေဟာ အခုခေတ်မှာ ဈေးကောင်းရသလို တန်ဖိုးထား ပြီးလည်း အသုံးပြုကြပါတယ်။ အဲဒါကြောင့် လက်မှုပညာကို သေချာသင်ယူပြီး Handmade လေးတွေလုပ်ကာ အွန်လိုင်းပေါ်တင်ရောင်းတာမျိုးကနေလည်း ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ပါတယ်။