လက္မွာ စြဲေနတဲ့ ငါးညႇီနံ႔ကို ဖယ္ရွားႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား

Advertisements

ဒါေပမဲ့လည္း စိတ္မပူပါနဲ႔ လက္မွာ စြဲကပ္ေနတဲ့ ငါးညႇီနံ႔ေတြကို မီးဖိုေခ်ာင္က အစားအစာေလးေတြနဲ႔ အလြယ္တကူဖယ္ရွားႏိုင္ပါတယ္။ ဘယ္လိုဖယ္ရွားရမလဲဆိုတဲ့ နည္းလမ္းေကာင္းေလးေတြကို အတူတူဆက္ေလ့လာၾကည့္လိုက္ရေအာင္။

သံပုယိုသီးႏွင့္ ရွာလကာရည္

ရွာလကာရည္ ၂၄၀ မီလီလီတာႏွင့္ သံပုယိုရည္ ၅၉ မီလီလီတာတို႔ကို ပန္းကန္လုံးတစ္လုံးထဲသို႔ ေပါင္းထည့္ၿပီးေနာက္ သမေအာင္ ေရာေမႊေပးလိုက္ပါ။ ထို႔ေနာက္ ပန္းကန္ေဆးဆပ္ျပာရည္ တစ္စက္ခန႔္ကို ထိုသံပုယိုရည္ထဲ ထပ္ေပါင္းထည့္ကာ ေမႊေပးလိုက္ပါ။ မိနစ္ ၃၀ ျပည့္ေအာင္ စိမ္ထားလိုက္ပါ။

မိနစ္ ၃၀ ခန႔္ၾကာတဲ့အခါမွာေတာ့ သင့္ရဲ႕ ငါးညႇီနံ႔ နံေနတဲ့လက္ကို ထိုပန္းကန္ထဲထည့္ၿပီး ပြတ္တိုက္ေပးလိုက္ပါ။ လက္ေခ်ာင္းေလးမ်ားကို စနစ္တက်ပြတ္တိုက္ၿပီးတဲ့အခါမွာေတာ့ ဆပ္ျပာနဲ႔ ေရတို႔အသုံးျပဳၿပီး ျပန္လည္ေဆးေၾကာသန႔္စင္ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ ငါးညႇီနံ႔ေတြ ေပ်ာက္သြားၿပီး သံပုယိုရည္အနံ႔ေလးေတြ သင္းေနပါလိမ့္မယ္။

မုန႔္ဖုတ္ဆိုဒါ

မုန႔္ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၂ ဇြန္းခန႔္ကို ေရ လက္ဖက္ရည္ဇန္းတစ္ဇြန္းျဖင့္ ေရာေႏွာလိုက္ပါ။ ရရွိလာတဲ့အႏွစ္ကို လက္ေပၚသို႔ သုတ္လိမ္းကာ ပြတ္တိုက္ေပးလိုက္ပါ။ ေသေသခ်ာခ်ာပြတ္တိုက္ၿပီးသြားပါက ေရ၊ ဆပ္ျပာတို႔ျဖင့္ သန႔္စင္ေအာင္ ေဆးေၾကာေပးလိုက္ပါ။ ဒါဆိုင္ေတာ့ လက္မွာ ကပ္ၿငိေနတဲ့ ငါးညႇီနံ႔ေတြ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

သြားတိုက္ေဆးနဲ႔ ေဆးေၾကာသန႔္စင္ေပးပါ

အရင္ဦးဆုံး သင့္ရဲ႕လက္ကို ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာသန႔္စင္ေပးလိုက္ပါ။ တကယ္လို႔ သင့္ရဲ႕လက္က ေျခာက္ေသြ႕ေနမယ္ဆိုရင္ သြားတိုက္ေဆးက အာနိသင္ျပမွာမဟုတ္ပါဘူး။ ေရေႏြးျဖင့္ ေဆးေၾကာၿပီးတဲ့အခါ သြားတိုက္ေဆးအနည္းငယ္ကို လက္ဖဝါးထဲထည့္ၿပီးေနာက္ လက္ႏွစ္ဖက္ကို ပြတ္တိုက္ေပးလိုက္ပါ။ လက္ဖဝါးေရာ လက္ဖမိုးမွာပါ ပြတ္တိုက္ၿပီးတဲ့အခါ ေရေႏြးေႏြးေလးျဖင့္ ျပန္လည္ေဆးေၾကာေပးလိုက္ပါ။ သြားတိုက္ေဆးေၾကာင့္ လက္က ကပ္ေစး ကပ္ေစးျဖစ္ေနတယ္ဆိုရင္ေတာ့ ဆပ္ျပာအသုံးျပဳၿပီး ျပန္လည္ေဆးေၾကာေပးႏိုင္ပါတယ္။

Unicode

လက်မှာ စွဲနေတဲ့ ငါးညှီနံ့ကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းများ

ဒါပေမဲ့လည်း စိတ်မပူပါနဲ့ လက်မှာ စွဲကပ်နေတဲ့ ငါးညှီနံ့တွေကို မီးဖိုချောင်က အစားအစာလေးတွေနဲ့ အလွယ်တကူဖယ်ရှားနိုင်ပါတယ်။ ဘယ်လိုဖယ်ရှားရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

သံပုယိုသီးနှင့် ရှာလကာရည်

ရှာလကာရည် ၂၄၀ မီလီလီတာနှင့် သံပုယိုရည် ၅၉ မီလီလီတာတို့ကို ပန်းကန်လုံးတစ်လုံးထဲသို့ ပေါင်းထည့်ပြီးနောက် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ပန်းကန်ဆေးဆပ်ပြာရည် တစ်စက်ခန့်ကို ထိုသံပုယိုရည်ထဲ ထပ်ပေါင်းထည့်ကာ မွှေပေးလိုက်ပါ။ မိနစ် ၃၀ ပြည့်အောင် စိမ်ထားလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာတဲ့အခါမှာတော့ သင့်ရဲ့ ငါးညှီနံ့ နံနေတဲ့လက်ကို ထိုပန်းကန်ထဲထည့်ပြီး ပွတ်တိုက်ပေးလိုက်ပါ။ လက်ချောင်းလေးများကို စနစ်တကျပွတ်တိုက်ပြီးတဲ့အခါမှာတော့ ဆပ်ပြာနဲ့ ရေတို့အသုံးပြုပြီး ပြန်လည်ဆေးကြောသန့်စင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ငါးညှီနံ့တွေ ပျောက်သွားပြီး သံပုယိုရည်အနံ့လေးတွေ သင်းနေပါလိမ့်မယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို ရေ လက်ဖက်ရည်ဇန်းတစ်ဇွန်းဖြင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို လက်ပေါ်သို့ သုတ်လိမ်းကာ ပွတ်တိုက်ပေးလိုက်ပါ။ သေသေချာချာပွတ်တိုက်ပြီးသွားပါက ရေ၊ ဆပ်ပြာတို့ဖြင့် သန့်စင်အောင် ဆေးကြောပေးလိုက်ပါ။ ဒါဆိုင်တော့ လက်မှာ ကပ်ငြိနေတဲ့ ငါးညှီနံ့တွေ ပျောက်ကင်းသွားပါလိမ့်မယ်။

သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်ပေးပါ

အရင်ဦးဆုံး သင့်ရဲ့လက်ကို ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ တကယ်လို့ သင့်ရဲ့လက်က ခြောက်သွေ့နေမယ်ဆိုရင် သွားတိုက်ဆေးက အာနိသင်ပြမှာမဟုတ်ပါဘူး။ ရေနွေးဖြင့် ဆေးကြောပြီးတဲ့အခါ သွားတိုက်ဆေးအနည်းငယ်ကို လက်ဖဝါးထဲထည့်ပြီးနောက် လက်နှစ်ဖက်ကို ပွတ်တိုက်ပေးလိုက်ပါ။ လက်ဖဝါးရော လက်ဖမိုးမှာပါ ပွတ်တိုက်ပြီးတဲ့အခါ ရေနွေးနွေးလေးဖြင့် ပြန်လည်ဆေးကြောပေးလိုက်ပါ။ သွားတိုက်ဆေးကြောင့် လက်က ကပ်စေး ကပ်စေးဖြစ်နေတယ်ဆိုရင်တော့ ဆပ်ပြာအသုံးပြုပြီး ပြန်လည်ဆေးကြောပေးနိုင်ပါတယ်။