
သင့္ကို ခ်မ္းသာလာေအာင္ လုပ္ေပးႏိုင္တဲ့ အရာဟာ သင့္ရဲ႕ ေန႔စဥ္အလုပ္ခ်ိန္ဇယားထဲမွာ ရွိပါတယ္။ ဒါ့ေၾကာင့္ပဲ ကြၽန္ေတာ္တို႔ရဲ႕ အေလ့အက်င့္ေတြကို အေကာင္းဘက္ေရာက္ေအာင္ အၿမဲပဲ တြန္းပို႔ေနရတာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ခ်မ္းသာခ်င္ရင္ ရွိသင့္တဲ့ အက်င့္တစ္ခ်ိဳ႕အေၾကာင္း ေျပာသြားမွာပါ။

(၁) ကိုယ့္အတိုင္းအတာနဲ႔ ကိုယ္ ေနထိုင္သုံးစြဲပါ
ေႁခြတာေရးအေလ့အက်င့္ဟာ ေငြေၾကးအခက္အခဲကေန လြတ္ေျမာက္ဖို႔ အၿမဲပဲ အေထာက္အကူျဖစ္ပါတယ္။ ေငြေၾကာင့္ ဘယ္သူ႔ဆီမွ မ်က္ႏွာေအာက္က်မခံခ်င္ရင္ ကိုယ့္အသုံးစရိတ္ကို အၿမဲ စိစစ္ပါ။ေငြစုပါ။ ေနေရးအတြက္ ကိုယ့္လစာရဲ႕ ၂၅% ထက္ ပိုမသုံးဖို႔ လိုပါတယ္။ အစားအေသာက္အတြက္ အမ်ားဆုံး ၁၅% ၊ အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ပါးဖို႔ လူမႈေရးကိစၥအတြက္ သုံးဖို႔ ၁၀% ထက္ မပိုဖို႔ စသည္ျဖင့္ စည္းကမ္းထားသင့္ပါတယ္။
(၂) ေလာင္းကစားမလုပ္ပါနဲ႔
အေပ်ာ္အပါးလိုက္စားတာ ၊ ေလာင္းကစားလုပ္တာ နဲ႔ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္မႈနည္းျခင္းဟာ ဆင္းရဲလမ္းကို လိုက္ေနတာ ျဖစ္ပါတယ္။ ပိုက္ဆံအေတာ္ရွိတဲ့ သူေတြေတာင္ ဒီလိုအက်င့္ဆိုးေတြ ရွိေနရင္ မၾကာခင္ ဒုကၡေရာက္သြားႏိုင္ပါတယ္။

(၃) ရင္းႏွီးျမႇပ္ႏွံမႈ လုပ္ပါ
ဝန္ထမ္းဘဝနဲ႔ လစာကိုပဲ မွီခိုမေနဘဲ စီးပြားေရးလုပ္ငန္းေလးေတြမွာ ေျခခ်ဖို႔ ႀကိဳးစားပါ။ ကိုယ့္ဝင္ေငြထဲက တစ္လ ၁၀% ႏႈန္းကို လုပ္ငန္းလုပ္ဖို႔ စုေဆာင္းထားသင့္ပါတယ္။ ေသခ်ာတဲ့ လုပ္ငန္းေတြမွာ ရင္းႏွီးျမႇပ္ႏွံတာ ျဖစ္ေစ ကိုယ္ပိုင္လုပ္ငန္းေသးေသးေလးေတြ ထူေထာင္ဖို႔ ျဖစ္ေစ ဒီေငြကို ျပန္သုံးႏိုင္ပါတယ္။
(၄) မိတ္ေဆြေကာင္းေတြ ေပါင္းပါ
ေငြမရွာခင္ ကိုယ့္မွာ မိတ္ေကာင္းေဆြေကာင္းေတြ အရင္ရွိထားတာ ပိုေကာင္းပါတယ္။ မိတ္ေဆြေကာင္းတစ္ေယာက္ဟာ သင့္ဘဝကို အႀကီးအက်ယ္ေျပာင္းလဲေစႏိုင္တဲ့ အစြမ္းရွိပါတယ္။ စစ္မွန္ေကာင္းမြန္ၿပီး အက်ိဳးလိုလားတဲ့ မိတ္ေဆြေတြေၾကာင့္ပဲ အခက္အခဲေတြ အလြယ္တကူ ေက်ာ္လႊားႏိုင္သလို ဘဝကိုလည္း တိုးတက္ႀကီးပြားေစႏိုင္လို႔ျဖစ္ပါတယ္။
Unicode
သင့်ကို ချမ်းသာလာစေနိုင်တဲ့ အကျင့် (၄) မျိုး
သင့်ကို ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ အရာဟာ သင့်ရဲ့ နေ့စဉ်အလုပ်ချိန်ဇယားထဲမှာ ရှိပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေကို အကောင်းဘက်ရောက်အောင် အမြဲပဲ တွန်းပို့နေရတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချမ်းသာချင်ရင် ရှိသင့်တဲ့ အကျင့်တစ်ချို့အကြောင်း ပြောသွားမှာပါ။

(၁) ကိုယ့်အတိုင်းအတာနဲ့ ကိုယ် နေထိုင်သုံးစွဲပါ
ခြွေတာရေးအလေ့အကျင့်ဟာ ငွေကြေးအခက်အခဲကနေ လွတ်မြောက်ဖို့ အမြဲပဲ အထောက်အကူဖြစ်ပါတယ်။ ငွေကြောင့် ဘယ်သူ့ဆီမှ မျက်နှာအောက်ကျမခံချင်ရင် ကိုယ့်အသုံးစရိတ်ကို အမြဲ စိစစ်ပါ။ငွေစုပါ။ နေရေးအတွက် ကိုယ့်လစာရဲ့ ၂၅% ထက် ပိုမသုံးဖို့ လိုပါတယ်။ အစားအသောက်အတွက် အများဆုံး ၁၅% ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးဖို့ လူမှုရေးကိစ္စအတွက် သုံးဖို့ ၁၀% ထက် မပိုဖို့ စသည်ဖြင့် စည်းကမ်းထားသင့်ပါတယ်။
(၂) လောင်းကစားမလုပ်ပါနဲ့
အပျော်အပါးလိုက်စားတာ ၊ လောင်းကစားလုပ်တာ နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုနည်းခြင်းဟာ ဆင်းရဲလမ်းကို လိုက်နေတာ ဖြစ်ပါတယ်။ ပိုက်ဆံအတော်ရှိတဲ့ သူတွေတောင် ဒီလိုအကျင့်ဆိုးတွေ ရှိနေရင် မကြာခင် ဒုက္ခရောက်သွားနိုင်ပါတယ်။

(၃) ရင်းနှီးမြှပ်နှံမှု လုပ်ပါ
ဝန်ထမ်းဘဝနဲ့ လစာကိုပဲ မှီခိုမနေဘဲ စီးပွားရေးလုပ်ငန်းလေးတွေမှာ ခြေချဖို့ ကြိုးစားပါ။ ကိုယ့်ဝင်ငွေထဲက တစ်လ ၁၀% နှုန်းကို လုပ်ငန်းလုပ်ဖို့ စုဆောင်းထားသင့်ပါတယ်။ သေချာတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံတာ ဖြစ်စေ ကိုယ်ပိုင်လုပ်ငန်းသေးသေးလေးတွေ ထူထောင်ဖို့ ဖြစ်စေ ဒီငွေကို ပြန်သုံးနိုင်ပါတယ်။
(၄) မိတ်ဆွေကောင်းတွေ ပေါင်းပါ
ငွေမရှာခင် ကိုယ့်မှာ မိတ်ကောင်းဆွေကောင်းတွေ အရင်ရှိထားတာ ပိုကောင်းပါတယ်။ မိတ်ဆွေကောင်းတစ်ယောက်ဟာ သင့်ဘဝကို အကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့ အစွမ်းရှိပါတယ်။ စစ်မှန်ကောင်းမွန်ပြီး အကျိုးလိုလားတဲ့ မိတ်ဆွေတွေကြောင့်ပဲ အခက်အခဲတွေ အလွယ်တကူ ကျော်လွှားနိုင်သလို ဘဝကိုလည်း တိုးတက်ကြီးပွားစေနိုင်လို့ဖြစ်ပါတယ်။