
ေခြၽးနံ႔နံျခင္းနဲ႔ ေျခဖေနာင့္ကြဲျခင္းတို႔လို ခႏၶာကိုယ္ပိုင္းဆိုင္ရာ ျပႆနာေတြအတြက္ ေငြပိုေတြကုန္ရေလ့ရွိ ပါတယ္။ အမွန္ေတာ့ အဲဒီလို ကိစၥရပ္ေတြအတြက္ ေငြကုန္ ေၾကးက်သက္သာၿပီး တကယ္လည္းထိေရာက္တဲ့ နည္းလမ္းေတြ ရွိေနပါတယ္။ အဲဒီနည္းလမ္းေတြဟာ ေဈးႀကီးပစၥည္းေတြ ဝယ္သုံးတာထက္ ေငြကုန္ေၾကးက် သက္သာေပမဲ့ ေဘးထြက္ဆိုးက်ိဳးလည္း မရွိပါဘူးေနာ္။ အဲဒီနည္းလမ္းေတြအတြက္ အနီးနားကေဆးဆိုင္ေတြမွာ အလြယ္တကူဝယ္လို႔ရတဲ့ ပစၥည္းေတြကို အသုံးျပဳ႐ုံပါပဲ။

၁။ ေျခဖေနာင့္ကြဲျခင္းအတြက္ အကိုက္အခဲေပ်ာက္ေဆးနဲ႔ လီမြန္ရည္
နည္းလမ္းကေတာ့ လြယ္ပါတယ္။ အကိုက္အခဲေပ်ာက္ေဆး ၁၀ လုံးေလာက္ကို အမႈန႔္ျဖစ္ေအာင္ ႀကိတ္ေခ်ၿပီး လီမြန္ရည္နဲ႔ ေရာေႏွာပါ။ အဲဒီအေရာကို cotton pad နဲ႔ယူၿပီး ေျဖဖေနာင့္ေပၚမွာ ကပ္ေပးပါ။ cotton pad မကြာသြားေအာင္ သင့္ေျခဖေနာင့္ကို ပလတ္စတစ္အိတ္နဲ႔ထုတ္ၿပီး တစ္ညလုံးထားရမွာ ျဖစ္ပါတယ္။ အဲဒီလို ျပဳလုပ္ေပးျခင္းက ေျခဖေနာင့္က ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အေရးျပားကို ႏူးညံ့ေခ်ာေမြ႕လာေစပါတယ္။
၂။ ခ်ိဳင္းေခြၽးနံ႔ထြက္ျခင္းအတြက္ လစ္တရင္း (Listerine)
Listerine ကို ပါးစပ္ေဆးတဲ့ ပလုတ္က်င္းေဆးရည္အျဖစ္ လူသိမ်ားပါတယ္။ အဲဒီေဆးရည္ကို ခ်ိဳင္းေခြၽးနံ႔ ေပ်ာက္ကင္းေအာင္ ျပဳလုပ္ရာမွာလည္း အသုံးျပဳႏိုင္ပါတယ္။ ဂြမ္းလုံးမွာ Listerine ေဆးရည္အနည္းငယ္ဆြတ္ ၿပီး သင့္ခ်ိဳင္းေအာက္ဘက္ကို သုတ္လိမ္းသန႔္စင္ေပးပါ။ သင့္ကို တစ္ေန႔တာလုံး ေခြၽးနံ႔ကင္းစင္ေနေစမွာပါ။

၃။ လက္သည္းပိုးဝင္ျခင္းနဲ႔ လက္အသားမာတက္ျခင္းအတြက္ Apple cider vinegar
အရည္အေသြးမေကာင္းတဲ့ လက္သည္းနီဆိုးျခင္းနဲ႔ တျခားအေၾကာင္းအရင္းေတြေၾကာင့္ လက္သည္းမႈိစြဲျခင္းနဲ႔ ပိုးဝင္ျခင္းတို႔လို ျပႆနာေတြ အတြက္ ပန္းသီးဗနီကာလို႔လူသိမ်ားတဲ့ Apple cider vinegar ရွိ႐ုံနဲ႔ လုံေလာက္ ပါတယ္။ ပန္းသီးဗနီကာရည္နည္းနည္းနဲ႔ ေရခပ္ေႏြးေႏြးကို ေရာစပ္ၿပီး ထည့္ထားတဲ့ ဇလုံထဲကို သင့္လက္သည္းေတြ ျမဳပ္ေအာင္ စိမ္ေပး႐ုံပါပဲ။ အဲဒီလိုျပဳလုပ္ေပးျခင္းက လက္သည္းမႈိစြဲျခင္းကို သက္သာေစ႐ုံ မကဘဲ သင့္လက္သည္းေတြကို ႀကံ့ခိုင္သန္မာလာေစပါတယ္။
၄။ မ်က္ေတာင္ထူထဲရွည္လ်ားေစဖို႔အတြက္ ကေလးေပါင္ဒါမႈန႔္
မ်က္ေတာင္ထူထူျဖစ္ဖို႔အတြက္ ေဈးႀကီးတဲ့ Volumizing mascara ဝယ္ေနစရာ မလိုပါဘူး။ မ်က္ေတာင္မွာ ႐ိုး႐ိုး mascara (မ်က္ေတာင္ေကာ့ေဆး) ကိုပဲ အသုံးျပဳၿပီး အဲဒီအေပၚကေန ကေလးေပါင္ဒါမႈန႔္ေလး နည္းနည္း ထပ္ေပါင္းထည့္လိုက္႐ုံပါပဲေနာ္။ ေပါင္ဒါထပ္ေပါင္းၿပီးရင္ အဲဒီအေပၚကေန မ်က္ေတာင္ေကာ့ေဆးကို တစ္ထပ္ ျပန္ဆိုးေပးပါ။ သင့္မ်က္ေတာင္ကို ထူထဲလွပေနေစပါလိမ့္မယ္။
Unicode
ခြေဖနောင့်ကွဲခြင်း၊ လက်အသားမာတက်ခြင်း၊ ချွေးနံ့နံခြင်းတို့အတွက် အိမ်တွင်းဆေးနည်း
ချွေးနံ့နံခြင်းနဲ့ ခြေဖနောင့်ကွဲခြင်းတို့လို ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် ငွေပိုတွေကုန်ရလေ့ရှိ ပါတယ်။ အမှန်တော့ အဲဒီလို ကိစ္စရပ်တွေအတွက် ငွေကုန် ကြေးကျသက်သာပြီး တကယ်လည်းထိရောက်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ အဲဒီနည်းလမ်းတွေဟာ ဈေးကြီးပစ္စည်းတွေ ဝယ်သုံးတာထက် ငွေကုန်ကြေးကျ သက်သာပေမဲ့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူးနော်။ အဲဒီနည်းလမ်းတွေအတွက် အနီးနားကဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုရုံပါပဲ။

၁။ ခြေဖနောင့်ကွဲခြင်းအတွက် အကိုက်အခဲပျောက်ဆေးနဲ့ လီမွန်ရည်
နည်းလမ်းကတော့ လွယ်ပါတယ်။ အကိုက်အခဲပျောက်ဆေး ၁၀ လုံးလောက်ကို အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး လီမွန်ရည်နဲ့ ရောနှောပါ။ အဲဒီအရောကို cotton pad နဲ့ယူပြီး ဖြေဖနောင့်ပေါ်မှာ ကပ်ပေးပါ။ cotton pad မကွာသွားအောင် သင့်ခြေဖနောင့်ကို ပလတ်စတစ်အိတ်နဲ့ထုတ်ပြီး တစ်ညလုံးထားရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်ပေးခြင်းက ခြေဖနောင့်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေးပြားကို နူးညံ့ချောမွေ့လာစေပါတယ်။
၂။ ချိုင်းချွေးနံ့ထွက်ခြင်းအတွက် လစ်တရင်း (Listerine)
Listerine ကို ပါးစပ်ဆေးတဲ့ ပလုတ်ကျင်းဆေးရည်အဖြစ် လူသိများပါတယ်။ အဲဒီဆေးရည်ကို ချိုင်းချွေးနံ့ ပျောက်ကင်းအောင် ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ဂွမ်းလုံးမှာ Listerine ဆေးရည်အနည်းငယ်ဆွတ် ပြီး သင့်ချိုင်းအောက်ဘက်ကို သုတ်လိမ်းသန့်စင်ပေးပါ။ သင့်ကို တစ်နေ့တာလုံး ချွေးနံ့ကင်းစင်နေစေမှာပါ။

၃။ လက်သည်းပိုးဝင်ခြင်းနဲ့ လက်အသားမာတက်ခြင်းအတွက် Apple cider vinegar
အရည်အသွေးမကောင်းတဲ့ လက်သည်းနီဆိုးခြင်းနဲ့ တခြားအကြောင်းအရင်းတွေကြောင့် လက်သည်းမှိုစွဲခြင်းနဲ့ ပိုးဝင်ခြင်းတို့လို ပြဿနာတွေ အတွက် ပန်းသီးဗနီကာလို့လူသိများတဲ့ Apple cider vinegar ရှိရုံနဲ့ လုံလောက် ပါတယ်။ ပန်းသီးဗနီကာရည်နည်းနည်းနဲ့ ရေခပ်နွေးနွေးကို ရောစပ်ပြီး ထည့်ထားတဲ့ ဇလုံထဲကို သင့်လက်သည်းတွေ မြုပ်အောင် စိမ်ပေးရုံပါပဲ။ အဲဒီလိုပြုလုပ်ပေးခြင်းက လက်သည်းမှိုစွဲခြင်းကို သက်သာစေရုံ မကဘဲ သင့်လက်သည်းတွေကို ကြံ့ခိုင်သန်မာလာစေပါတယ်။
၄။ မျက်တောင်ထူထဲရှည်လျားစေဖို့အတွက် ကလေးပေါင်ဒါမှုန့်
မျက်တောင်ထူထူဖြစ်ဖို့အတွက် ဈေးကြီးတဲ့ Volumizing mascara ဝယ်နေစရာ မလိုပါဘူး။ မျက်တောင်မှာ ရိုးရိုး mascara (မျက်တောင်ကော့ဆေး) ကိုပဲ အသုံးပြုပြီး အဲဒီအပေါ်ကနေ ကလေးပေါင်ဒါမှုန့်လေး နည်းနည်း ထပ်ပေါင်းထည့်လိုက်ရုံပါပဲနော်။ ပေါင်ဒါထပ်ပေါင်းပြီးရင် အဲဒီအပေါ်ကနေ မျက်တောင်ကော့ဆေးကို တစ်ထပ် ပြန်ဆိုးပေးပါ။ သင့်မျက်တောင်ကို ထူထဲလှပနေစေပါလိမ့်မယ်။