
ေျခေထာက္ႂကြက္တက္တာဟာ လူတိုင္းနီးပါးႀကဳံဖူးတဲ့ျဖစ္ရပ္တစ္ခုပါ။ နာက်င္ၿပီးခံရခက္လြန္းတဲ့အျပင္ ျပင္းထန္လြန္းတဲ့အခါ အသက္အႏၲရာယ္ရွိတဲ့အထိျဖစ္ႏိုင္တာေၾကာင့္ ႐ုတ္တရက္ႂကြက္တက္တဲ့အခါ ခ်က္ခ်င္းသက္သာေအာင္လုပ္တတ္ဖို႔လိုပါတယ္။ ဒါေၾကာင့္ ႐ုတ္တရက္ႂကြက္တက္လာရင္သက္သာေအာင္လုပ္ႏိုင္ဖို႔ ငါးမိနစ္အတြင္း ႂကြက္တက္တာကိုေပ်ာက္ကင္းေစမယ့္ အေရးေပၚနည္းလမ္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ႂကြက္တက္တဲ့အခါ ေျခသလုံးေနရာက မခံမရပ္ႏိုင္ေအာင္နာလာတဲ့အတြက္ ေျခေထာက္ကိုေကြးၿပီးဖိထားဖို႔ႀကိဳးစားတတ္ၾကပါတယ္။ အဲ့ဒီလိုမလုပ္ပါနဲ႔။ ေျခေထာက္ကိုဆန္႔ႏိုင္သေလာက္ဆန္႔ထားပါ။ ခႏၶာကိုယ္ကိုလဲခ်လိုက္ၿပီး ေျခေထာက္ကို အျမင့္ေနရာတစ္ခုခုမွာတင္ထားေပးပါ။ ေျခေထာက္ကိုအျမင့္မွာ တင္ထားဖို႔အဆင္မေျပဘူးဆိုရင္ေတာ့ ေျခဖဝါးကိုႏွိပ္ေပးပါ။
ၿပီးရင္ တဘက္အပါးတစ္ထည္ကို ေရေႏြးထဲစိမ္ၿပီးေရစင္ေအာင္ညႇစ္ကာ ေျခသလုံးေနရာမွာကပ္ထားေပးပါ။ ေရေႏြးမရွိဘူးဆိုရင္လည္း ေရေအးေအးမွာတဘက္ကိုစိမ္ၿပီး ေရစင္ေအာင္ညႇစ္ၿပီးကပ္ေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ရင္လည္း ေရခဲတုံးေလးေတြကို တဘက္နဲ႔ထုပ္ၿပီး ၾကပ္ထုပ္ထိုးသလို လုပ္ေပးလိုက္ပါ။

အခုေျပာခဲ့တဲ့နည္းက ႂကြက္တက္တာကို ခ်က္ခ်င္းသက္သာေစတဲ့အေရးေပၚနည္းလမ္းျဖစ္ၿပီး ေနာက္ထပ္မျဖစ္ေအာင္တားဖို႔ဆိုရင္ေတာ့ တစ္ေန႔တာအတြက္ေရအလုံအေလာက္ေသာက္ေပးပါ။ မနက္အိပ္ရာထတစ္ႀကိမ္၊ ညအိပ္ရာမဝင္ခင္တစ္ႀကိမ္အေၾကာေလွ်ာ့ေပးပါ။ လမ္းေလွ်ာက္တာလိုမ်ိဳး ေသြးပူေလ့က်င့္ခန္းေတြလုပ္ေပးပါ။
Unicode
ခြေထောက်ကြွက်တက်တာကို (၅)မိနစ်အတွင်းသက်သာအောင်လုပ်နည်း
ခြေထောက်ကြွက်တက်တာဟာ လူတိုင်းနီးပါးကြုံဖူးတဲ့ဖြစ်ရပ်တစ်ခုပါ။ နာကျင်ပြီးခံရခက်လွန်းတဲ့အပြင် ပြင်းထန်လွန်းတဲ့အခါ အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်တာကြောင့် ရုတ်တရက်ကြွက်တက်တဲ့အခါ ချက်ချင်းသက်သာအောင်လုပ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် ရုတ်တရက်ကြွက်တက်လာရင်သက်သာအောင်လုပ်နိုင်ဖို့ ငါးမိနစ်အတွင်း ကြွက်တက်တာကိုပျောက်ကင်းစေမယ့် အရေးပေါ်နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
ကြွက်တက်တဲ့အခါ ခြေသလုံးနေရာက မခံမရပ်နိုင်အောင်နာလာတဲ့အတွက် ခြေထောက်ကိုကွေးပြီးဖိထားဖို့ကြိုးစားတတ်ကြပါတယ်။ အဲ့ဒီလိုမလုပ်ပါနဲ့။ ခြေထောက်ကိုဆန့်နိုင်သလောက်ဆန့်ထားပါ။ ခန္ဓာကိုယ်ကိုလဲချလိုက်ပြီး ခြေထောက်ကို အမြင့်နေရာတစ်ခုခုမှာတင်ထားပေးပါ။ ခြေထောက်ကိုအမြင့်မှာ တင်ထားဖို့အဆင်မပြေဘူးဆိုရင်တော့ ခြေဖဝါးကိုနှိပ်ပေးပါ။

ပြီးရင် တဘက်အပါးတစ်ထည်ကို ရေနွေးထဲစိမ်ပြီးရေစင်အောင်ညှစ်ကာ ခြေသလုံးနေရာမှာကပ်ထားပေးပါ။ ရေနွေးမရှိဘူးဆိုရင်လည်း ရေအေးအေးမှာတဘက်ကိုစိမ်ပြီး ရေစင်အောင်ညှစ်ပြီးကပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ရေခဲတုံးလေးတွေကို တဘက်နဲ့ထုပ်ပြီး ကြပ်ထုပ်ထိုးသလို လုပ်ပေးလိုက်ပါ။
အခုပြောခဲ့တဲ့နည်းက ကြွက်တက်တာကို ချက်ချင်းသက်သာစေတဲ့အရေးပေါ်နည်းလမ်းဖြစ်ပြီး နောက်ထပ်မဖြစ်အောင်တားဖို့ဆိုရင်တော့ တစ်နေ့တာအတွက်ရေအလုံအလောက်သောက်ပေးပါ။ မနက်အိပ်ရာထတစ်ကြိမ်၊ ညအိပ်ရာမဝင်ခင်တစ်ကြိမ်အကြောလျှော့ပေးပါ။ လမ်းလျှောက်တာလိုမျိုး သွေးပူလေ့ကျင့်ခန်းတွေလုပ်ပေးပါ။