
အိမ္ေထာင္ရွင္မေတြအတြက္ေတာ့ ေန႔စဥ္အိမ္မႈကိစၥေတြလုပ္ရတာ မသက္သာလွပါဘူး။ အလုပ္တစ္ဖက္နဲ႔ဆို ပိုေတာင္ဆိုးေသးပါတယ္။ နားရတဲ့အခ်ိန္ဆိုတာမရွိပါဘူး။ ဒီေတာ့ အိမ္မႈကိစၥေတြလုပ္တဲ့အခါ ထိထိေရာက္ေရာက္ ၿပီးစီးဖို႔နဲ႔ အခ်ိန္ကုန္သက္သာဖို႔က အေရးႀကီးလာပါတယ္။ ဒါ့ေၾကာင့္ အိမ္သန႔္ရွင္းေရးလုပ္တဲ့အခါ လြယ္ကူၿပီး ထိေရာက္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ကို အိမ္ရွင္မေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေမြ႕ယာကို စပေရးအသုံးျပဳၿပီး ပိုးသတ္ႏိုင္
ေရျမႇဳပ္ေမြ႕ယာအထူေတြက ေလ်ာ္လို႔မရပါဘူး။ အိပ္ရာခင္းေလာက္သာ လဲလို႔ရပါတယ္။ ဒီေတာ့ ေမြ႕ယာက ၾကာလာတာနဲ႔အမွ် ဘက္တီးရီးယားေတြကိန္းေအာင္းႏိုင္ပါတယ္။ ေမြ႕ယာရဲ႕ အေပၚယံအလႊာကို အလြယ္တကူသန႔္ရွင္းဖို႔အတြက္ အယ္ကိုေဟာ ၁ဆ ေရ၂ဆေရာၿပီး စပေရးဘူးထဲထည့္ပါ။ သင့္ေမြ႕ယာကို ဖုန္စုပ္စက္ျဖင့္ သန႔္ရွင္း(သို႔) ဖုန္ခါေပးပါ။ ၿပီးမွ အယ္ကိုေဟာရည္ျဖင့္ ျဖန္းေပးပါ။ အေျခာက္ခံေပးပါ။ အယ္ကိုေဟာက အေပၚယံအလႊာကို ပိုးသတ္ေပးၿပီး မေကာင္းတဲ့အနံေတြကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ေသေစပါတယ္။
၂။ Blender ကိုဘယ္လိုေဆးေၾကာမလဲ
ဒါက႐ိုးရွင္းပါတယ္။ ေဖ်ာ္စက္ထဲမွာ ေရနညး္နညး္ႏွင့္ ဆပ္ျပာရည္တစ္စက္ထည့္ပါ။ မီးပလပ္ထိုးၿပီး ခဏေမႊေပးလိုက္ပါ။ ၿပီးမွ ေရျဖင့္ျပန္ေဆးပါ။

၃။ ဆားက သင့္အဝတ္အအစားေတြကို ၾကာရွည္အေရာင္ေတာက္ေအာင္ ကူညီႏိုင္ပါတယ္။
သင့္အဝတ္အစားေတြကို အေရာင္ျပန္ေတာက္ခ်င္ရင္ ဆားဖန္ခြက္နဲ႔တစ္ဝက္ေလာက္ကို အဝတ္ေလွ်ာ္စက္ထဲ သို႔မဟုတ္ သင့္အဝတ္အစားမ်ားကို ဆပ္ျပာရည္ႏွင့္ ဆားထည့္စိမ္ၿပီး ေလွ်ာ္ႏိုင္ပါတယ္။ သင့္အဝတ္အစားေတြ ျပန္ေတာက္ပလာပါလိမ့္မယ္။
၄။ အေၾကာ္ဒယ္ေတြ ေဆးတဲ့အခါ
အေၾကာ္ဒယ္အိုးရဲ႕ မ်က္ႏွာျပင္ေတြ ပ်က္စီးဖို႔ အလြယ္ဆုံးနညး္လမ္းေတာ့ ပူေနတဲ့အခ်ိန္ ေဆးေၾကာတာပဲ ျဖစ္ပါတယ္။ ဒါက အစားအစာေတြေၾကာ္တဲ့အခါ အိုးကပ္တာတို႔ ျဖစ္လာေစပါတယ္။ ခြၽဲက်ိက်ိအစက္အေျပာက္ေတြကို ေဆးေၾကာဖို႔ ခက္လာပါလိမ့္မယ္။ဒါ့ေၾကာင့္ အေၾကာ္ဒယ္အိုးေဆးတဲ့အခါ ေအးသြားတဲ့အထိ ေစာင့္ၿပီးမွ ေဆးေၾကာပါ။

၅။ ေရခဲတုံးက ေကာ္ေဇာေပၚက ပရိေဘာဂအရာေတြကို ဖယ္ရွားလို႔ရပါတယ္
တစ္ခ်ိဳ႕အိမ္ဧည့္ခန္းေတြမွာ ႏူးညံ့တဲ့ေကာ္ေဇာေတြ ခင္းထားတတ္ၾကပါတယ္။ ဆက္တီခုံေတြ၊ စားပြဲေတြလို ပရိေဘာဂေတြက ေကာ္ေဇာ္ေပၚမွာ အရာထင္က်န္ခဲ့ပါတယ္။ ဒီအရာထင္တာေတြ ဖယ္ရွားဖို႔ ေရခဲတုံးကို တင္ထားေပးပါ။ ေကာေဇာမ်က္ႏွာျပင္က ေရကိုစုပ္ယူသြားၿပီး မၾကာခင္မွာ အရာထင္တာ ေပ်ာက္သြားပါလိမ့္မယ္။ ဒီနည္းလမ္းရဲ႕လႈိ႕ဝွက္ခ်က္က အက်ိဳးသက္ေရာက္မႈ တျဖည္းျဖည္းခ်င္းျဖစ္လာတာပါ။ ေကာ္ေဇာေပၚမွာ ေရအနည္းငယ္ေလာင္းေပးတာက ထိေရာက္မွာ မဟုတ္ပါဘူး။
၆။ ၾကက္သြန္နဲ႔ အကင္ဇကာကို အလြယ္တကူ သန႔္ရွင္းလို႔ရပါတယ္
အကင္ဇကာေပၚမွာ ဆီေတြနဲ႔ မဲၿပီးခြၽဲက်ိေနရင္ ၾကက္သြန္နီတစ္လုံးကို တစ္ျခမ္းျခမ္းပါ။ ခက္ရင္းတစ္ခုနဲ႔ ထိုးစိုက္ၿပီး ျခမ္းထားတဲ့အျခမ္းနဲ႔ အကင္ဇကာပူေနဆဲမွာ ပြတ္တိုက္ေပးပါ။ ၾကက္သြန္နီက အကင္ဇကာကို ျမန္ျမန္သန႔္ရွင္းေပးၿပီး ေနာက္အစားစာေတြကို အရသာရွိရွိ ကင္လို႔ရမွာပါ။

၇။ ေျမျဖဴက နံရံကပ္စကၠဴ သို႔ အဝတ္အစားက အမဲဆီအစြန္းအထင္းေတြကို သန႔္ရွင္းႏိုင္ပါတယ္
ေျမျဖဴက နံရံကပ္စကၠဴ သို႔ ခ်ည္ထည္ေတြေပၚက အမဲဆီ အစက္အေျပာက္ေတြကို အလြယ္တကူဖယ္ရွားႏိုင္ပါတယ္။ ဆီစြန္းေပၚမွာ ေျမျဖဴတစ္ပိုင္းနဲ႔ ပြတ္တိုက္ေပးပါ။ ငါးမိနစ္ေလာက္ေနမွ ေရစိုအဝတ္ျဖင့္ အစက္အေျပာက္ကို ပြတ္ေပးပါ။
ခြၽတ္ရခက္တဲ့ အစြန္းေတြဆိုလွ်င္ အႀကိမ္ေပါင္းမ်ားစြာ လုပ္ဖို႔ လိုပါတယ္။
၈။ ေ႐ႊလက္ဝတ္ရတနာေတြကို ဘီယာနဲ႔ အလြယ္တကူ သန႔္စင္လို႔ရပါတယ္
ေ႐ြလက္ဝတ္ရတနာကို အသစ္အတိုင္းျဖစ္ေစဖို႔ ဘီယာထဲမွာ အဝတ္စတစ္ခုကို စိမ္ၿပီး ပြတ္ေပးပါ။ ေ႐ႊမွန္လွ်င္ ခ်က္ခ်င္းအေရာင္တတ္လာပါတယ္။ ဒါေပမယ့္ သင့္လက္ဝတ္ရတနာမွာ စိန္ပါေနရင္ေတာ့ ဒီနည္းလမ္းကို မသုံးပါနဲ႔။ ပ်က္စီးေစႏိုင္လို႔ပါ။

၉။ Hairdryer ကိုသုံးၿပီး ပစၥည္းအသစ္က စေတကာေတြကို ဖယ္ရွားလို႔ရပါတယ္
ပစၥည္းအသစ္ ဝယ္လာရင္ ေစ်းႏႈန္းေတြ ကပ္ထားတတ္ပါတယ္။ ဒါေတြကို ဖယ္ရွားဖို႔ ၁မိနစ္ ၂မိနစ္ေလာက္ ဒ႐ိုင္ယာျဖင့္ အပူေပးပါ။ အရာေတာင္မက်န္ခဲ့ပဲ အလြယ္တကူ ခြာလို႔ရပါလိမ့္မယ္။
၁၀။ ပန္းအိုး၊ ပုလင္းေတြကို သန႔္ရွင္းဖို႔ ၾကက္ဥအခြံကိုသုံးႏိုင္ပါတယ္
တစ္ခ်ိဳ႕ အဝက်ဥ္းတဲ့ ပုလင္းေတြ ပန္းအိုးေတြက သန႔္ရွင္းရခက္ခဲပါတယ္။ ဒီအဝက်ဥ္းပုလင္းထဲကို ၾကက္ဥအခြံအနည္းငယ္၊ ဆပ္ျပာအနညး္ငယ္ထည့္ပါ။ ပုလင္းကို လႈပ္ေပးပါ။ အခ်ိန္အနည္းငယ္ေလာက္ေနမွ ပုလင္းထဲကဟာကို သြန္ၿပီး ေရျဖင့္ေဆးေပးပါ။
Unicode
အိမ်ရှင်မတွေအတွက် အချိန်ကုန်သက်သာမယ့် အိမ်သန့်ရှင်းရေး နည်းလမ်းကောင်းလေးတွေ
အိမ်ထောင်ရှင်မတွေအတွက်တော့ နေ့စဉ်အိမ်မှုကိစ္စတွေလုပ်ရတာ မသက်သာလှပါဘူး။ အလုပ်တစ်ဖက်နဲ့ဆို ပိုတောင်ဆိုးသေးပါတယ်။ နားရတဲ့အချိန်ဆိုတာမရှိပါဘူး။ ဒီတော့ အိမ်မှုကိစ္စတွေလုပ်တဲ့အခါ ထိထိရောက်ရောက် ပြီးစီးဖို့နဲ့ အချိန်ကုန်သက်သာဖို့က အရေးကြီးလာပါတယ်။ ဒါ့ကြောင့် အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းတစ်ချို့ကို အိမ်ရှင်မတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ မွေ့ယာကို စပရေးအသုံးပြုပြီး ပိုးသတ်နိုင်
ရေမြှုပ်မွေ့ယာအထူတွေက လျော်လို့မရပါဘူး။ အိပ်ရာခင်းလောက်သာ လဲလို့ရပါတယ်။ ဒီတော့ မွေ့ယာက ကြာလာတာနဲ့အမျှ ဘက်တီးရီးယားတွေကိန်းအောင်းနိုင်ပါတယ်။ မွေ့ယာရဲ့ အပေါ်ယံအလွှာကို အလွယ်တကူသန့်ရှင်းဖို့အတွက် အယ်ကိုဟော ၁ဆ ရေ၂ဆရောပြီး စပရေးဘူးထဲထည့်ပါ။ သင့်မွေ့ယာကို ဖုန်စုပ်စက်ဖြင့် သန့်ရှင်း(သို့) ဖုန်ခါပေးပါ။ ပြီးမှ အယ်ကိုဟောရည်ဖြင့် ဖြန်းပေးပါ။ အခြောက်ခံပေးပါ။ အယ်ကိုဟောက အပေါ်ယံအလွှာကို ပိုးသတ်ပေးပြီး မကောင်းတဲ့အနံတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်။
၂။ Blender ကိုဘယ်လိုဆေးကြောမလဲ
ဒါကရိုးရှင်းပါတယ်။ ဖျော်စက်ထဲမှာ ရေနညး်နညး်နှင့် ဆပ်ပြာရည်တစ်စက်ထည့်ပါ။ မီးပလပ်ထိုးပြီး ခဏမွှေပေးလိုက်ပါ။ ပြီးမှ ရေဖြင့်ပြန်ဆေးပါ။

၃။ ဆားက သင့်အဝတ်အအစားတွေကို ကြာရှည်အရောင်တောက်အောင် ကူညီနိုင်ပါတယ်။
သင့်အဝတ်အစားတွေကို အရောင်ပြန်တောက်ချင်ရင် ဆားဖန်ခွက်နဲ့တစ်ဝက်လောက်ကို အဝတ်လျှော်စက်ထဲ သို့မဟုတ် သင့်အဝတ်အစားများကို ဆပ်ပြာရည်နှင့် ဆားထည့်စိမ်ပြီး လျှော်နိုင်ပါတယ်။ သင့်အဝတ်အစားတွေ ပြန်တောက်ပလာပါလိမ့်မယ်။
၄။ အကြော်ဒယ်တွေ ဆေးတဲ့အခါ
အကြော်ဒယ်အိုးရဲ့ မျက်နှာပြင်တွေ ပျက်စီးဖို့ အလွယ်ဆုံးနညး်လမ်းတော့ ပူနေတဲ့အချိန် ဆေးကြောတာပဲ ဖြစ်ပါတယ်။ ဒါက အစားအစာတွေကြော်တဲ့အခါ အိုးကပ်တာတို့ ဖြစ်လာစေပါတယ်။ ချွဲကျိကျိအစက်အပြောက်တွေကို ဆေးကြောဖို့ ခက်လာပါလိမ့်မယ်။ ဒါ့ကြောင့် အကြော်ဒယ်အိုးဆေးတဲ့အခါ အေးသွားတဲ့အထိ စောင့်ပြီးမှ ဆေးကြောပါ။

၅။ ရေခဲတုံးက ကော်ဇောပေါ်က ပရိဘောဂအရာတွေကို ဖယ်ရှားလို့ရပါတယ်
တစ်ချို့အိမ်ဧည့်ခန်းတွေမှာ နူးညံ့တဲ့ကော်ဇောတွေ ခင်းထားတတ်ကြပါတယ်။ ဆက်တီခုံတွေ၊ စားပွဲတွေလို ပရိဘောဂတွေက ကော်ဇော်ပေါ်မှာ အရာထင်ကျန်ခဲ့ပါတယ်။ ဒီအရာထင်တာတွေ ဖယ်ရှားဖို့ ရေခဲတုံးကို တင်ထားပေးပါ။ ကောဇောမျက်နှာပြင်က ရေကိုစုပ်ယူသွားပြီး မကြာခင်မှာ အရာထင်တာ ပျောက်သွားပါလိမ့်မယ်။ ဒီနည်းလမ်းရဲ့လှို့ဝှက်ချက်က အကျိုးသက်ရောက်မှု တဖြည်းဖြည်းချင်းဖြစ်လာတာပါ။ ကော်ဇောပေါ်မှာ ရေအနည်းငယ်လောင်းပေးတာက ထိရောက်မှာ မဟုတ်ပါဘူး။
၆။ ကြက်သွန်နဲ့ အကင်ဇကာကို အလွယ်တကူ သန့်ရှင်းလို့ရပါတယ်
အကင်ဇကာပေါ်မှာ ဆီတွေနဲ့ မဲပြီးချွဲကျိနေရင် ကြက်သွန်နီတစ်လုံးကို တစ်ခြမ်းခြမ်းပါ။ ခက်ရင်းတစ်ခုနဲ့ ထိုးစိုက်ပြီး ခြမ်းထားတဲ့အခြမ်းနဲ့ အကင်ဇကာပူနေဆဲမှာ ပွတ်တိုက်ပေးပါ။ ကြက်သွန်နီက အကင်ဇကာကို မြန်မြန်သန့်ရှင်းပေးပြီး နောက်အစားစာတွေကို အရသာရှိရှိ ကင်လို့ရမှာပါ။

၇။ မြေဖြူက နံရံကပ်စက္ကူ သို့ အဝတ်အစားက အမဲဆီအစွန်းအထင်းတွေကို သန့်ရှင်းနိုင်ပါတယ်
မြေဖြူက နံရံကပ်စက္ကူ သို့ ချည်ထည်တွေပေါ်က အမဲဆီ အစက်အပြောက်တွေကို အလွယ်တကူဖယ်ရှားနိုင်ပါတယ်။ ဆီစွန်းပေါ်မှာ မြေဖြူတစ်ပိုင်းနဲ့ ပွတ်တိုက်ပေးပါ။ ငါးမိနစ်လောက်နေမှ ရေစိုအဝတ်ဖြင့် အစက်အပြောက်ကို ပွတ်ပေးပါ။ ချွတ်ရခက်တဲ့ အစွန်းတွေဆိုလျှင် အကြိမ်ပေါင်းများစွာ လုပ်ဖို့ လိုပါတယ်။
၈။ ရွှေလက်ဝတ်ရတနာတွေကို ဘီယာနဲ့ အလွယ်တကူ သန့်စင်လို့ရပါတယ်
ရွေလက်ဝတ်ရတနာကို အသစ်အတိုင်းဖြစ်စေဖို့ ဘီယာထဲမှာ အဝတ်စတစ်ခုကို စိမ်ပြီး ပွတ်ပေးပါ။ ရွှေမှန်လျှင် ချက်ချင်းအရောင်တတ်လာပါတယ်။ ဒါပေမယ့် သင့်လက်ဝတ်ရတနာမှာ စိန်ပါနေရင်တော့ ဒီနည်းလမ်းကို မသုံးပါနဲ့။ ပျက်စီးစေနိုင်လို့ပါ။

၉။ Hairdryer ကိုသုံးပြီး ပစ္စည်းအသစ်က စတေကာတွေကို ဖယ်ရှားလို့ရပါတယ်
ပစ္စည်းအသစ် ဝယ်လာရင် စျေးနှုန်းတွေ ကပ်ထားတတ်ပါတယ်။ ဒါတွေကို ဖယ်ရှားဖို့ ၁မိနစ် ၂မိနစ်လောက် ဒရိုင်ယာဖြင့် အပူပေးပါ။ အရာတောင်မကျန်ခဲ့ပဲ အလွယ်တကူ ခွာလို့ရပါလိမ့်မယ်။
၁၀။ ပန်းအိုး၊ ပုလင်းတွေကို သန့်ရှင်းဖို့ ကြက်ဥအခွံကိုသုံးနိုင်ပါတယ်
တစ်ချို့ အဝကျဉ်းတဲ့ ပုလင်းတွေ ပန်းအိုးတွေက သန့်ရှင်းရခက်ခဲပါတယ်။ ဒီအဝကျဉ်းပုလင်းထဲကို ကြက်ဥအခွံအနည်းငယ်၊ ဆပ်ပြာအနညး်ငယ်ထည့်ပါ။ ပုလင်းကို လှုပ်ပေးပါ။ အချိန်အနည်းငယ်လောက်နေမှ ပုလင်းထဲကဟာကို သွန်ပြီး ရေဖြင့်ဆေးပေးပါ။