ပိုက္ဆံဘယ္ေလာက္ရရ ပိုေငြ ထြက္မလာဘူး။ စုမိေဆာင္းမိတာလဲမရွိဘူးဆိုတဲ့သူေတြအတြက္

Advertisements

၁။ ေငြေရးေၾကးေရ စီမံခန႔္ခြဲႏိုင္ျခင္း
ကြၽန္ေတာ္တို႔အမ်ားစု ေငြရွာတဲ့အခါမွာ ဘယ္ေလာက္ပဲရရ ရသေလာက္စုေဆာင္းမိတယ္ဆိုတာမရွိဘူးျဖစ္တတ္ပါတယ္။ ဒါကကြၽန္ေတာ္တို႔ရရွိတဲ့ ဝင္ေငြအေပၚမွာ စီမံခန႔္ခြဲမႈမရွိလို႔ ခုလိုျပႆနာေတြျဖစ္ေပၚေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ ရရွိတဲ့ဝင္ေငြအေပၚမွာ ကိုယ္ပိုင္စည္းမ်ဥ္းေလးေတာ့ခ်မွတ္ထားသင့္ပါတယ္။ အၾကမ္းျပင္းအားျဖင့္ ကြၽန္ေတာ္တို႔တစ္လစာရရွိတဲ့ဝင္ေငြ ၁၀၀ရာခိုင္ႏႈန္းကို ၅၀% ၊ ၃၀%၊ ၂၀% ဆိုၿပီး ေဝစုခြဲလိုက္ပါ။ ကြၽန္ေတာ္တို႔ရဲ႕ လစဥ္စားေသာက္စရိတ္အတြက္ ဝင္ေငြရဲ႕ ၅၀ ရာခိုင္ႏႈန္းကိုအသုံးျပဳပါ။ ပုဂၢိဳလ္ေရးနဲ႔ အျခား သင့္အသုံးစရိတ္အတြက္ ၃၀%ကို အသုံးျပဳပါ။ က်န္တဲ့ ၂၀% ကိုေတာ့ သင့္ရဲ႕ ေရွ႕ေရးအတြက္ စုေဆာင္းလိုက္ပါ။ ဒီလိုစည္းမ်ဥ္းေတြမရွိ သေ႐ြ႕ေတာ့ သင့္လည္း ပလိုင္းေပါက္နဲ႔ ဖားေကာက္ေနသလိုပဲျဖစ္ေနပါလိမ့္မယ္။

၂။ ေဈးႏႈန္းသက္သာတဲ့အေပၚဝယ္ယူျခင္း
ေဈးဝယ္တဲ့အခါ သင့္အတြက္ တကယ္လိုအပ္တဲ့ ပစၥည္းမ်ိဳးကို ပထမဦးစားေပးၿပီး ဝယ္ယူသင့္ပါတယ္။ ေဈးဝယ္ထြက္တဲ့အခါ ေဈးဖိုးအသုံးစရိတ္ကို လိုအပ္သေလာက္ပဲ ယူၿပီး သင့္အတြက္တကယ္လိုအပ္တာမ်ိဳးကိုပဲ ေ႐ြးဝယ္ပါ။ ကုန္ပစၥည္း ေတြဟာ တစ္ခုနဲ႔တစ္ခု အသုံးဝင္ပုံျခင္းတူေပးမဲ့ ေဈးႏႈန္းကေတာ့ အမ်ိဳးမ်ိဳးကြာျခားမႈရွိပါတယ္။ ဒါ့ေၾကာင့္ သင္နဲ႔ အသုံးျပဳလို႔သင့္ေတာ္မဲ့ ကုန္ပစၥည္းမ်ိဳးကိုရွာႀကံၿပီး ေဈးႏႈန္းခ်ိဳသာမႈရွိတဲ့အေပၚမွာ ဝယ္ယူသင့္ပါတယ္။ သင့္အေနနဲ႔ ပိုက္ဆံကို မခ်င့္ခ်ိန္ပဲ အကုန္ယူလာမိလွ်င္ သင္လိုခ်င္တဲ့ ပစၥည္းေတြကို ေတြ႕တဲ့အခါ စိတ္ကထိန္းမရ၊ ပိုက္ဆံကလည္းပါလာတဲ့အတြက္ေၾကာင့္ တကယ္မလိုအပ္ပဲ ဝယ္ယူမိတာမ်ိဳးေတြျဖစ္တတ္ပါတယ္။

၃ ။ တံဆိပ္အစြဲအလန္းထားျခင္း
သန္းႂကြယ္ခ်မ္းသာတဲ့သူေဌးတစ္ဦး ေဈးႀကီးတဲ့ Brand ေတြအသုံးျပဳလို႔ သူ႔အတြက္ ဘာမွမေျပာပေလာက္ေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ အေျခေအေနေတြနဲ႔ဆိုရင္ေတာ့ အမ်ားႀကီးအက်ိဳးသက္ေရာက္မႈရွိပါတယ္။ လက္ရွိအေနအေျခမွာ သာမန္လခစားတစ္ဦးျဖစ္ေနရင္ သင္ႀကိဳက္တဲ့ Brand ေတြကိုေတြ႕ေနေပမဲ့ ဒါကိုဝယ္ႏိုင္တဲ့ အေျခအေနတစ္ဦးျဖစ္ဖို႔အတြက္ အရင္ႀကိဳးစားသင့္ပါတယ္။ လက္ရွိရတဲ့ဝင္ေငြနဲ႔ ဒီ Brand ေတြအေပၚမွာ မက္ေမာၿပီး မရမက အသုံးျပဳေနရင္ေတာ့ သင့္အတြက္ တြက္ေျခမကိုက္သလို အပိုဝင္ေငြစုဖို႔ ေနေနသာသာ အေႂကြးနဲ႔တင္သံသရာလည္ေနပါလိမ့္မယ္။

၄ ။ ပကာသနေတြျဖင့္ ေနထိုင္ျခင္း
တကယ့္ကိုစစ္မွန္တဲ့ သန္းႂကြယ္ေဌးေတြက လူအထင္ႀကီးေအာင္ ပကာသနေတြအေပၚမွာ သူတို႔ရဲ႕ ေငြေၾကးကို မျဖဳန္းတီးပါဘူး။ သူ႔အတြက္ သင့္ေတာ္မဲ့ အေျခအေနတစ္ခုမွာေက်နပ္ၿပီး မလိုအပ္တဲ့အရာေတြထက္ တကယ္လိုအပ္မဲ့အရာေတြအေပၚမွာပဲ သူတို႔ရဲ႕ ေငြေၾကးကို ရင္းႏွီးျမႇဳပ္နံွတတ္ၾကပါတယ္။ ဥပမာ သိန္းရာခ်ီတဲ့ နာရီတစ္လုံးနဲ႔ ၄ေထာင္ ၅ေထာင္ေပးရတဲ့ နာရီတစ္လုံးဟာ ေဈးႏႈန္းသာ အဆေပါင္းအေျမာက္အမ်ားကြာျခားမႈရွိေပးမဲ့ အခ်ိန္ကို ျပတာကေတာ့ အတူတူပဲျဖစ္တာေၾကာင့္ မလိုလားတဲ့အရာေတြ အေပၚမွာ သင့္ရဲ႕ ေငြေၾကးကို မျဖဳန္သင့္ပါဘူး။

၅ ။ ေငြေၾကးသည္ အရာအားလုံးအတြက္မဟုတ္
ေငြေၾကးဟာ ဘဝအတြက္ မရွိမျဖစ္လိုအပ္တယ္ အေရးပါတယ္ဆိုေပမဲ့ အခ်ိဳ႕ေသာအရာေတြအေပၚမွာေတာ့ ေငြေၾကးျဖင့္ ဝယ္ယူလို႔မရတာေတြ အမ်ားႀကီးရွိပါတယ္။ သင့္မွာပိုက္ဆံရွိလို႔ အိမ္ေကာင္းေကာင္းတစ္လုံးကိုဝယ္ယူႏိုင္ေပမဲ့ သင္နဲ႔အတူ ဘဝကို ဆိုးတူေကာင္းဘက္ လက္တြဲေပးမဲ့ စစ္မွန္တဲ့ မိသားစုကိုေတာ့ေငြေၾကးနဲ႔ဝယ္ယူလို႔ရမွာမဟုတ္ပါဘူး။ ဒါကို သင့္အေနနဲ႔ ဘဝလက္တြဲေဖာ္/ အခ်စ္ကို ေငြေၾကးျဖင့္ ဝယ္ယူလိုက္ရင္ေတာ့ စစ္မွန္တဲ့ ခ်စ္ျခင္းကို မရရွိႏိုင္တဲ့ အျပင္ သင့္ရဲ႕ ပိုင္ဆိုင္မႈ စည္းစိမ္အေပၚ အျမတ္ႀကီးထုတ္သြားၾကပါလိမ့္မယ္။ ဒါ့ေၾကာင့္ ဘဝအတြက္ စစ္မွန္တဲ့မိသားစု/ ခ်စ္ျခင္းတရားကို ရွာဖို႔အတြက္ ေငြေၾကးကို ၁၀၀% အားမကိုးပါနဲ႔။

Unicode

ပိုက်ဆံဘယ်လောက်ရရ ပိုငွေ ထွက်မလာဘူး။ စုမိဆောင်းမိတာလဲမရှိဘူးဆိုတဲ့သူတွေအတွက်

၁။ ငွေရေးကြေးရေ စီမံခန့်ခွဲနိုင်ခြင်း
ကျွန်တော်တို့အများစု ငွေရှာတဲ့အခါမှာ ဘယ်လောက်ပဲရရ ရသလောက်စုဆောင်းမိတယ်ဆိုတာမရှိဘူးဖြစ်တတ်ပါတယ်။ ဒါကကျွန်တော်တို့ရရှိတဲ့ ဝင်ငွေအပေါ်မှာ စီမံခန့်ခွဲမှုမရှိလို့ ခုလိုပြဿနာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ရရှိတဲ့ဝင်ငွေအပေါ်မှာ ကိုယ်ပိုင်စည်းမျဉ်းလေးတော့ချမှတ်ထားသင့်ပါတယ်။ အကြမ်းပြင်းအားဖြင့် ကျွန်တော်တို့တစ်လစာရရှိတဲ့ဝင်ငွေ ၁၀၀ရာခိုင်နှုန်းကို ၅၀% ၊ ၃၀%၊ ၂၀% ဆိုပြီး ဝေစုခွဲလိုက်ပါ။ ကျွန်တော်တို့ရဲ့ လစဉ်စားသောက်စရိတ်အတွက် ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကိုအသုံးပြုပါ။ ပုဂ္ဂိုလ်ရေးနဲ့ အခြား သင့်အသုံးစရိတ်အတွက် ၃၀%ကို အသုံးပြုပါ။ ကျန်တဲ့ ၂၀% ကိုတော့ သင့်ရဲ့ ရှေ့ရေးအတွက် စုဆောင်းလိုက်ပါ။ ဒီလိုစည်းမျဉ်းတွေမရှိ သရွေ့တော့ သင့်လည်း ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲဖြစ်နေပါလိမ့်မယ်။

၂။ ဈေးနှုန်းသက်သာတဲ့အပေါ်ဝယ်ယူခြင်း
ဈေးဝယ်တဲ့အခါ သင့်အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းမျိုးကို ပထမဦးစားပေးပြီး ဝယ်ယူသင့်ပါတယ်။ ဈေးဝယ်ထွက်တဲ့အခါ ဈေးဖိုးအသုံးစရိတ်ကို လိုအပ်သလောက်ပဲ ယူပြီး သင့်အတွက်တကယ်လိုအပ်တာမျိုးကိုပဲ ရွေးဝယ်ပါ။ ကုန်ပစ္စည်း တွေဟာ တစ်ခုနဲ့တစ်ခု အသုံးဝင်ပုံခြင်းတူပေးမဲ့ ဈေးနှုန်းကတော့ အမျိုးမျိုးကွာခြားမှုရှိပါတယ်။ ဒါ့ကြောင့် သင်နဲ့ အသုံးပြုလို့သင့်တော်မဲ့ ကုန်ပစ္စည်းမျိုးကိုရှာကြံပြီး ဈေးနှုန်းချိုသာမှုရှိတဲ့အပေါ်မှာ ဝယ်ယူသင့်ပါတယ်။ သင့်အနေနဲ့ ပိုက်ဆံကို မချင့်ချိန်ပဲ အကုန်ယူလာမိလျှင် သင်လိုချင်တဲ့ ပစ္စည်းတွေကို တွေ့တဲ့အခါ စိတ်ကထိန်းမရ၊ ပိုက်ဆံကလည်းပါလာတဲ့အတွက်ကြောင့် တကယ်မလိုအပ်ပဲ ဝယ်ယူမိတာမျိုးတွေဖြစ်တတ်ပါတယ်။

၃ ။ တံဆိပ်အစွဲအလန်းထားခြင်း
သန်းကြွယ်ချမ်းသာတဲ့သူဌေးတစ်ဦး ဈေးကြီးတဲ့ Brand တွေအသုံးပြုလို့ သူ့အတွက် ဘာမှမပြောပလောက်ပေမဲ့ ကျွန်တော်တို့ရဲ့ အခြေအေနေတွေနဲ့ဆိုရင်တော့ အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ လက်ရှိအနေအခြေမှာ သာမန်လခစားတစ်ဦးဖြစ်နေရင် သင်ကြိုက်တဲ့ Brand တွေကိုတွေ့နေပေမဲ့ ဒါကိုဝယ်နိုင်တဲ့ အခြေအနေတစ်ဦးဖြစ်ဖို့အတွက် အရင်ကြိုးစားသင့်ပါတယ်။ လက်ရှိရတဲ့ဝင်ငွေနဲ့ ဒီ Brand တွေအပေါ်မှာ မက်မောပြီး မရမက အသုံးပြုနေရင်တော့ သင့်အတွက် တွက်ခြေမကိုက်သလို အပိုဝင်ငွေစုဖို့ နေနေသာသာ အကြွေးနဲ့တင်သံသရာလည်နေပါလိမ့်မယ်။

၄ ။ ပကာသနတွေဖြင့် နေထိုင်ခြင်း
တကယ့်ကိုစစ်မှန်တဲ့ သန်းကြွယ်ဌေးတွေက လူအထင်ကြီးအောင် ပကာသနတွေအပေါ်မှာ သူတို့ရဲ့ ငွေကြေးကို မဖြုန်းတီးပါဘူး။ သူ့အတွက် သင့်တော်မဲ့ အခြေအနေတစ်ခုမှာကျေနပ်ပြီး မလိုအပ်တဲ့အရာတွေထက် တကယ်လိုအပ်မဲ့အရာတွေအပေါ်မှာပဲ သူတို့ရဲ့ ငွေကြေးကို ရင်းနှီးမြှုပ်နံှတတ်ကြပါတယ်။ ဥပမာ သိန်းရာချီတဲ့ နာရီတစ်လုံးနဲ့ ၄ထောင် ၅ထောင်ပေးရတဲ့ နာရီတစ်လုံးဟာ ဈေးနှုန်းသာ အဆပေါင်းအမြောက်အများကွာခြားမှုရှိပေးမဲ့ အချိန်ကို ပြတာကတော့ အတူတူပဲဖြစ်တာကြောင့် မလိုလားတဲ့အရာတွေ အပေါ်မှာ သင့်ရဲ့ ငွေကြေးကို မဖြုန်သင့်ပါဘူး။

၅ ။ ငွေကြေးသည် အရာအားလုံးအတွက်မဟုတ်
ငွေကြေးဟာ ဘဝအတွက် မရှိမဖြစ်လိုအပ်တယ် အရေးပါတယ်ဆိုပေမဲ့ အချို့သောအရာတွေအပေါ်မှာတော့ ငွေကြေးဖြင့် ဝယ်ယူလို့မရတာတွေ အများကြီးရှိပါတယ်။ သင့်မှာပိုက်ဆံရှိလို့ အိမ်ကောင်းကောင်းတစ်လုံးကိုဝယ်ယူနိုင်ပေမဲ့ သင်နဲ့အတူ ဘဝကို ဆိုးတူကောင်းဘက် လက်တွဲပေးမဲ့ စစ်မှန်တဲ့ မိသားစုကိုတော့ငွေကြေးနဲ့ဝယ်ယူလို့ရမှာမဟုတ်ပါဘူး။ ဒါကို သင့်အနေနဲ့ ဘဝလက်တွဲဖော်/ အချစ်ကို ငွေကြေးဖြင့် ဝယ်ယူလိုက်ရင်တော့ စစ်မှန်တဲ့ ချစ်ခြင်းကို မရရှိနိုင်တဲ့ အပြင် သင့်ရဲ့ ပိုင်ဆိုင်မှု စည်းစိမ်အပေါ် အမြတ်ကြီးထုတ်သွားကြပါလိမ့်မယ်။ ဒါ့ကြောင့် ဘဝအတွက် စစ်မှန်တဲ့မိသားစု/ ချစ်ခြင်းတရားကို ရှာဖို့အတွက် ငွေကြေးကို ၁၀၀% အားမကိုးပါနဲ့။