


Unicode
ထမင်း ဟင်း မစားပဲ ကန်စွန်းဥဖြင့် ဝိတ်ချနည်း
အထူးသဖြင့်ဝိတ်ချတဲ့နေရာမှာတော်တော်လေးအသုံးဝင်ပါတယ်။၅လက်မအရွယ်အနေတော်ကန်စွန်းဥတစ်လုံးမှာ ကယ်လိုရီ၁၂၀လောက်အကြမ်းဖျင်းပါပါတယ်။အဓိကကတောကန်စွန်းဥကအမျှင်ဓါတ်များတဲ့ အတွက်နှစ်လုံးလောက်စားလိုက်တာနဲ့ဗိုက်ထဲမှာနေရာတော်တော်ယူနေပါပြီ။
ကျွန်တော်တို့ထမင်းတနပ်ကို မြန်မာပာင်းတစ်မျိုးမျိုးနဲ့စားလိုက်ရင်ပဲကယ်လိုရီ၄၀ဝကျော် ၅၀၀က အသာလေးဖြစ်နေပါပြီ ဒါကြောင့် သူ့ထက်ကယ်လိုရီတဝက်နီးပါးနည်းတဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ ကန်စွန်းဥနှစ်လုံးလောက်ကမလိုအပ်တဲ့အဆီဓါတ် နဲ့ သွေးတွင်းရှိကိုလက်စထရော(Cholesterol)ကိုပါကျစေပါတယ်။

ဆီးချိုသမားနဲ့ကောတည့်ရဲ့လားကန်စွန်းဥကဆီးချိုသမားများအတွက်ပမာဏထိန်းစားမယ်ဆိုရင်သင့်တော်တဲ့အစားအစာတစ်ခုပါ။အရသာချိုပေမယ့်ရိုးရိုးအာလူးနဲ့ယှဉ်ရင်Glycemic Indexလို့ခေါ်တဲ့အစာစားပြီးတက်တဲ့သကြားဓါတ်နည်းတဲ့ အတွက် ဆီးချိုသမားများ လည်းစားလို့ရပါတယ်။
ပြုတ်စားတာကဖုတ်စားတာထက်စာရင်သကြားထက်ပိုနည်းစေတဲ့အတွက်ဆီးချိုသမားများအနေနဲ့ကန်စွန်းဥပြုတ်စားတာပိုကောင်းပါတယ်။နောက်ထပ်ကန်စွန်းဥရဲ့ကောင်းတဲ့အချက် ကတော့ Anthocyaninပါတဲ့အတွက်ရောင်ယမ်းတာကို (anti inflammatory action)သက်သာစေပါတယ်။ထို့အပြင်ကန်စွန်းဥမှာဓါတ်တိုးဆန့်ကျင်(Antioxidant)သတ္တိရှိတဲ့ဗီတာမင်A နဲ့Cတို့ပါဝင်တဲ့အတွက်ကင်ဆာရောဂါကိုလည်းတဖက်တလမ်းကကာကွယ်ပေးပါတယ်။ Magnesium(မဂ္ဂနီစီယမ်)ဓါတ်လည်းပါဝင်တဲ့ အတွက်စိတ်ဖိစီးမှု့များတဲ့လူတွေအတွက်လည်း အသုံးဝင်တယ်လို့တစ်ချို့အာပာာရဆိုင်ရာဂျာနယ်များကလည်းဖော်ပြပါထားပါတယ်။လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော်