ေျခေထာက္က အမည္းစက္ေတြ ေပ်ာက္ကင္းသြားေစမယ့္ နည္းလမ္းမ်ား

Advertisements

ေျခေထာက္ေတြမွာ အမည္းအစက္အေပ်ာက္ေတြ ေပၚလာတာက စိတ္အေႏွာင့္အယွက္ တစ္ခုပါပဲ။ ေျခေထာက္မွာ အနီစက္ေတြ ထြက္လာတာကို စေတာ္ဘယ္ရီ ေျခေထာက္လို႔လည္း ေခၚၾကပါတယ္။ ဒီလို အစက္အေျပာက္ေတြက ေမြးညင္းေပါက္က်ယ္လို႔ ျဖစ္ၿပီးေတာ့ ဘက္တီးရီးယား၊ အဆီနဲ႔ ဆဲလ္ေသေတြေၾကာင့္လည္း ျဖစ္ပါတယ္။

ေျခေထာက္ကို အေမြးရိတ္ၿပီးတဲ့အခါ ေလက အဆီနဲ႔ ထိေတြ႕ဓါတ္ျပဳၿပီး အမည္းစက္ေတြ ျဖစ္လာပါတယ္။ ေျခေထာက္ေပၚက အမည္းစက္ေတြက ယားေလ့ယားထေတာ့ မရွိေပမယ့္ တစ္ခါတရံမွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းေစပါတယ္။ ဒါေပမယ့္ စေတာ္ဘယ္ရီေျခေထာက္ကေန ျဖဴစင္တဲ့ ေျခေထာက္ လွလွေလးျဖစ္ေအာင္ ျပဳလုပ္လို႔ရတဲ့ နည္းလမ္းေတြ ရွိပါတယ္။

ေျခေထာက္မွာ အမည္းစက္ေတြ ျဖစ္လာရတဲ့ အေၾကာင္းအရင္းမ်ား..

၁။ ရိတ္ျခင္း

ေျခေထာက္ေပၚက အမည္းစက္ေတြက မ်ိဳး႐ိုးဗီဇနဲ႔ သက္ဆိုင္တယ္ ဆိုေပမယ့္ ေျခေထာက္ကို အေမြးရိတ္တာနဲ႔လည္း သက္ဆိုင္ေနပါေသးတယ္။ Shaving cream ကို မသုံးဘဲ ရိတ္တဲ့အခါ ဒါမွမဟုတ္ သင္တုန္းဓါးမအေဟာင္းနဲ႔ ရိတ္တဲ့အခါ အသားအေရက စပ္လာပါတယ္။ အသားအေရ စပ္လာတာေၾကာင့္ ေမြးညင္းေပါက္ေတြက မည္းလာၿပီး အမည္းစက္ေတြ ေပၚလာရတာပါ။

၂။ ေမြးညင္းေပါက္ပိုးဝင္ျခင္း

ေမြးညင္းေပါက္ ပိုးဝင္ရတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ သင္တုန္းဓါး ရွလို႔ပါ။ အဲဒီက်န ေမြးညင္းေတြ ထြက္မလာေတာ့ဘဲ အမည္းစက္ေတြ ျဖစ္ေပၚလာေစပါတယ္။

၃။ အသားအေရေျခာက္ျခင္း

အသားအေရ ေျခာက္ေနတဲ့အခါ အမည္းစက္ေတြက ပိုၿပီး ထင္ရွားပါတယ္။ အသားအေရမွာ ေရဓါတ္ မရွိတာေၾကာင့္ အမည္းစက္ေတြ ပိုေတာင္ ျဖစ္လာႏိုင္ပါေသးတယ္၊

၄။ Keratosis pilaris

Keratosis pilaris ဆိုတာက အသားေရက အကြက္လိုက္ အကြက္လိုက္ ေျခာက္ကပ္ေနတဲ့အေျခအေနကို ေခၚတာပါ။ မ်ားေသာအားျဖင့္ လက္ေမာင္း၊ ေပါင္၊ ပါးနဲ႔ တင္ပါးေတြမွာ ေတြ႕ရမ်ားပါတယ္။ စိုထိုင္းမႈနည္းတဲ့ ေဒသေတြမွာ ေနတဲ့အခါ ဒါမွမဟုတ္ ဓါတုပစၥည္းေတြ မ်ားမ်ားပါဝင္ေနတဲ့ ေရကန္မွာ မၾကာခဏ ေရကူးတဲ့အခါ အသားေတြက ပက္ၾကားအက္သလို ေျခာက္လာပါတယ္။ အဲဒီအခါ အမည္းစက္ေတြကလည္း ပိုၿပီး ထင္ရွားေနတတ္ပါတယ္။

စေတာ္ဘယ္ရီေျခေထာက္ မျဖစ္ေစမယ့္ နည္းလမ္းမ်ား

၁။ စနစ္တက်ရိတ္ျခင္း

အေမြးမရိတ္ခင္မွာ အသားအေရကို စိုသြားေအာင္ shaving cream သို႔မဟုတ္ ဂ်ယ္ကို သုံးပါ။ သင္တုန္းဓါးကို ေသခ်ာေဆးဖို႔နဲ႔ မွန္မွန္လဲေပးဖို႔လည္း အေရးႀကီးပါေသးတယ္။ ရိတ္တဲ့အခါ အေပၚကေန ေအာက္ကို ရိတ္ခ်တဲ့နည္းက နည္းလမ္းမွန္ျဖစ္ၿပီးေတာ့ ဓါးလည္း မရွေတာ့ပါဘူး။

၂။ ဆဲလ္ေသမ်ားကို ဖယ္ရွားျခင္း

ဆဲလ္ေသေတြကို ပုံမွန္ ဖယ္ရွားေပးတာက အသားအေရကို ပိုေကာင္းေစတဲ့အျပင္ ေမြးညင္းေလးေတြ အသစ္ထြက္လာဖို႔လည္း လြယ္ကူေစပါတယ္။ အမည္းစက္ေတြ ျဖစ္မလာေအာင္လည္း ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

၃။ စနစ္တက် ကုသမႈခံယူျခင္း

အိမ္တြင္းကုထုံးေတြနဲ႔ မေပ်ာက္ဘူး ဆိုရင္ ကြၽမ္းက်င္သူေတြနဲ႔ ျပသသင့္ပါတယ္။ လွ်ပ္စစ္နဲ႔ အေမြးအမွ်င္ေတြကို ဖယ္ရွားတဲ့နည္းက ေမြးညင္းေပါက္ေတြကို က်ဥ္းသြားေစပါတယ္။ ေလဆာနဲ႔ အေမြးအမွ်င္ေတြကို ဖယ္ရွားတဲ့ နည္းကေတာ့ စိတ္ခ်ရၿပီး အမည္းစက္ေတြလည္း ျဖစ္မလာေစေတာ့ပါဘူး။

အထက္ပါ နည္းလမ္းေလးေတြနဲ႔ ယုံၾကည္မႈရွိရွိ လွပႏိုင္ၾကပါေစ။

Unicode

ခြေထောက်က အမည်းစက်တွေ ပျောက်ကင်းသွားစေမယ့် နည်းလမ်းများ

ခြေထောက်တွေမှာ အမည်းအစက်အပျောက်တွေ ပေါ်လာတာက စိတ်အနှောင့်အယှက် တစ်ခုပါပဲ။ ခြေထောက်မှာ အနီစက်တွေ ထွက်လာတာကို စတော်ဘယ်ရီ ခြေထောက်လို့လည်း ခေါ်ကြပါတယ်။ ဒီလို အစက်အပြောက်တွေက မွေးညင်းပေါက်ကျယ်လို့ ဖြစ်ပြီးတော့ ဘက်တီးရီးယား၊ အဆီနဲ့ ဆဲလ်သေတွေကြောင့်လည်း ဖြစ်ပါတယ်။

ခြေထောက်ကို အမွေးရိတ်ပြီးတဲ့အခါ လေက အဆီနဲ့ ထိတွေ့ဓါတ်ပြုပြီး အမည်းစက်တွေ ဖြစ်လာပါတယ်။ ခြေထောက်ပေါ်က အမည်းစက်တွေက ယားလေ့ယားထတော့ မရှိပေမယ့် တစ်ခါတရံမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းစေပါတယ်။ ဒါပေမယ့် စတော်ဘယ်ရီခြေထောက်ကနေ ဖြူစင်တဲ့ ခြေထောက် လှလှလေးဖြစ်အောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

ခြေထောက်မှာ အမည်းစက်တွေ ဖြစ်လာရတဲ့ အကြောင်းအရင်းများ..

၁။ ရိတ်ခြင်း

ခြေထောက်ပေါ်က အမည်းစက်တွေက မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ် ဆိုပေမယ့် ခြေထောက်ကို အမွေးရိတ်တာနဲ့လည်း သက်ဆိုင်နေပါသေးတယ်။ Shaving cream ကို မသုံးဘဲ ရိတ်တဲ့အခါ ဒါမှမဟုတ် သင်တုန်းဓါးမအဟောင်းနဲ့ ရိတ်တဲ့အခါ အသားအရေက စပ်လာပါတယ်။ အသားအရေ စပ်လာတာကြောင့် မွေးညင်းပေါက်တွေက မည်းလာပြီး အမည်းစက်တွေ ပေါ်လာရတာပါ။

၂။ မွေးညင်းပေါက်ပိုးဝင်ခြင်း

မွေးညင်းပေါက် ပိုးဝင်ရတဲ့ အဓိက အကြောင်းအရင်းကတော့ သင်တုန်းဓါး ရှလို့ပါ။ အဲဒီကျန မွေးညင်းတွေ ထွက်မလာတော့ဘဲ အမည်းစက်တွေ ဖြစ်ပေါ်လာစေပါတယ်။

၃။ အသားအရေခြောက်ခြင်း

အသားအရေ ခြောက်နေတဲ့အခါ အမည်းစက်တွေက ပိုပြီး ထင်ရှားပါတယ်။ အသားအရေမှာ ရေဓါတ် မရှိတာကြောင့် အမည်းစက်တွေ ပိုတောင် ဖြစ်လာနိုင်ပါသေးတယ်၊

၄။ Keratosis pilaris

Keratosis pilaris ဆိုတာက အသားရေက အကွက်လိုက် အကွက်လိုက် ခြောက်ကပ်နေတဲ့အခြေအနေကို ခေါ်တာပါ။ များသောအားဖြင့် လက်မောင်း၊ ပေါင်၊ ပါးနဲ့ တင်ပါးတွေမှာ တွေ့ရများပါတယ်။ စိုထိုင်းမှုနည်းတဲ့ ဒေသတွေမှာ နေတဲ့အခါ ဒါမှမဟုတ် ဓါတုပစ္စည်းတွေ များများပါဝင်နေတဲ့ ရေကန်မှာ မကြာခဏ ရေကူးတဲ့အခါ အသားတွေက ပက်ကြားအက်သလို ခြောက်လာပါတယ်။ အဲဒီအခါ အမည်းစက်တွေကလည်း ပိုပြီး ထင်ရှားနေတတ်ပါတယ်။

စတော်ဘယ်ရီခြေထောက် မဖြစ်စေမယ့် နည်းလမ်းများ

၁။ စနစ်တကျရိတ်ခြင်း

အမွေးမရိတ်ခင်မှာ အသားအရေကို စိုသွားအောင် shaving cream သို့မဟုတ် ဂျယ်ကို သုံးပါ။ သင်တုန်းဓါးကို သေချာဆေးဖို့နဲ့ မှန်မှန်လဲပေးဖို့လည်း အရေးကြီးပါသေးတယ်။ ရိတ်တဲ့အခါ အပေါ်ကနေ အောက်ကို ရိတ်ချတဲ့နည်းက နည်းလမ်းမှန်ဖြစ်ပြီးတော့ ဓါးလည်း မရှတော့ပါဘူး။

၂။ ဆဲလ်သေများကို ဖယ်ရှားခြင်း

ဆဲလ်သေတွေကို ပုံမှန် ဖယ်ရှားပေးတာက အသားအရေကို ပိုကောင်းစေတဲ့အပြင် မွေးညင်းလေးတွေ အသစ်ထွက်လာဖို့လည်း လွယ်ကူစေပါတယ်။ အမည်းစက်တွေ ဖြစ်မလာအောင်လည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၃။ စနစ်တကျ ကုသမှုခံယူခြင်း

အိမ်တွင်းကုထုံးတွေနဲ့ မပျောက်ဘူး ဆိုရင် ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါတယ်။ လျှပ်စစ်နဲ့ အမွေးအမျှင်တွေကို ဖယ်ရှားတဲ့နည်းက မွေးညင်းပေါက်တွေကို ကျဉ်းသွားစေပါတယ်။ လေဆာနဲ့ အမွေးအမျှင်တွေကို ဖယ်ရှားတဲ့ နည်းကတော့ စိတ်ချရပြီး အမည်းစက်တွေလည်း ဖြစ်မလာစေတော့ပါဘူး။

အထက်ပါ နည်းလမ်းလေးတွေနဲ့ ယုံကြည်မှုရှိရှိ လှပနိုင်ကြပါစေ။