သင္မသိေသးတဲ့ တက္တူးထိုးျခင္းရဲ႕ ေကာင္းက်ိဳး (၆)ခု

Advertisements

တကယ္တမ္းေျပာရရင္ တက္တူးထိုးဖို႔ သတၱိေတြ အမ်ားႀကီး လိုအပ္ပါတယ္။ တခ်ိဳ႕ကလည္း တက္တူးထိုးတာကို မႀကိဳက္ၾကပါဘူး။ တက္တူးထိုးတဲ့အခါ ရရွိလာမယ့္ အက်ိဴးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ စိတ္ဖိစီးမႈ နည္းေစတယ္။

ခႏၶာကိုယ္ေပၚမွာ တက္တူးထိုးတဲ့အခါ ကိုယ္ႀကိဳက္တဲ့ အမွတ္အသားေလးေတြ၊ အမွတ္တရ ေန႔ရက္ေလးေတြ၊ တန္ဖိုးထားရသူေတြရဲ႕ဓါတ္ပုံေတြကို ထိုးေလ့ရွိၾကပါတယ္။ တခ်ိဳ႕က်ေတာ့ အသည္းကြဲတဲ့အခါ၊ ကိုယ္ခ်စ္ရတဲ့သူကို ဆုံးရႉံးလိုက္ရတဲ့အခါ တက္တူးထိုးပါတယ္။ တက္တူးထိုးျခင္းက စိတ္ကုထုံး တစ္မ်ိဳးျဖစ္ၿပီး ကိုယ္ႀကိဳက္တဲ့ တက္တူးကို ျမင္ရခ်ိန္မွာ အေကာင္းျမင္စိတ္ေတြ ျဖစ္လာတယ္လို႔ ေဒလီက တက္တူးပညာရွင္ Karan က ေျပာပါတယ္။

၂။ ကိုယ္ခံအားစနစ္ကို တိုးတက္ေစတယ္။

တက္တူးထိုးတဲ့အခါ ကူးစက္ေရာဂါေတြ ရလာႏိုင္လို႔ အႏၲရာယ္တယ္ လို႔ ထင္ၾကပါတယ္။ ဒါေပမယ့္ တကယ့္ကြၽမ္းက်င္တဲ့ တက္တူးပညာရွင္နဲ႔ ေတြ႕ရင္ေတာ့ ကိုယ္ခံအားစနစ္ ပိုေကာင္းလာေစပါတယ္။ တက္တူးမင္က ေရာဂါပိုးေတြကို ကာကြယ္ေပးတဲ့ ေသြးျဖဴဥထုတ္လုပ္ျခင္းကို အားေပးပါတယ္။ အဲဒါေၾကာင့္ ေရာဂါပိုးေတြကို ခံႏိုင္ရည္ ရွိပါတယ္။

၃။ စိတ္ကို ေပ်ာ္႐ႊင္ေစတယ္။

တက္တူးထိုးတဲ့အခါ ခႏၶါကိုယ္က Endorphins ဆိုတဲ့ ဓါတ္တစ္မ်ိဴး ထြက္ပါတယ္။ Endorphins က ခႏၶါကိုယ္က နာက်င္မႈေတြကို သက္သာေအာင္ ကူညီေပးပါတယ္။ ဒါ့အျပင္ ေပ်ာ္႐ႊင္တဲ့ ခံစားခ်က္ကိုလည္း ရရွိေစပါတယ္။

၄။ တက္တူးက ခႏၶါကိုယ္က အမာ႐ြတ္ေတြကို ဖုံးကြယ္ေပးတယ္။

တစ္ခါတရံမွာ ကိုယ့္အလွကို ဖ်က္ဆီးေနတဲ့ အမာ႐ြတ္ေတြကို ဖုံးထားခ်င္ၾကပါတယ္။ အဲဒီ အမာ႐ြတ္ေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈမရွိလည္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ပူစရာမလိုေတာ့ပါဘူးေနာ္။ တ႐ုတ္မင္းသမီး Zanilia Zhao က “Legend of Lu Zhen” ဆိုတဲ့ ဇာတ္ကားကို ႐ိုက္တုန္းက ခါးမွာ ဒဏ္ရာရခဲ့ပါတယ္။ အဲဒီဒဏ္ရာက ေက်ာမွာ အမာ႐ြတ္ျဖစ္သြားလို႔ ေက်ာပိတ္မပါတဲ့ အဝတ္အစားေတြ ဝတ္တိုင္း အမာ႐ြတ္ကို ျမင္ေနရပါတယ္။ အဲဒါေၾကာင့္ Zanilia Zhao က ခါးကအမာ႐ြတ္ကို ဖုံးဖို႔ အမာ႐ြတ္ေပၚမွာခရမ္းေရာင္ပန္းပြင့္ တက္တူး ထိုးလိုက္ပါတယ္။

၅။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ တိုးေစတယ္။

ေနမေကာင္းလို႔ ေဆးထိုးရင္ေတာင္ ေတာ္ေတာ္နာပါတယ္။ အဲဒါေၾကာင့္ တက္တူးထိုးဖို႔က ေတာ္႐ုံသတၱိ၊ ခံႏိုင္ရည္နဲ႔မရပါဘူး။ တက္တူးထိုးၿပီးတဲ့ အခါမွာေတာ့ ငါလုပ္ႏိုင္သြားခဲ့ၿပီ ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေတြ တိုးလာေစပါတယ္။ တက္တူးက သတၱိကို ေဖာ္ျပတဲ့ သေကၤတလည္း ျဖစ္ပါတယ္။

၆။ ရင္းႏွီးမႈ တိုးေစတယ္။

ေမာင္ႏွမေတြ၊ ခ်စ္သူရည္းစားေတြ၊ သူငယ္ခ်င္းေတြက တက္တူးအတူတူ ထိုးလိုက္ရင္ ရင္းႏွီးမႈေတြ ပိုတိုးသြားပါတယ္။ တက္တူးေၾကာင့္ ျပတ္မယ့္ ရည္းစားေတြလည္း လြယ္လြယ္နဲ႔ မျပတ္ႏိုင္ေတာ့ပါဘူးေနာ္။

Unicode

သင်မသိသေးတဲ့ တက်တူးထိုးခြင်းရဲ့ ကောင်းကျိုး (၆)ခု

တကယ်တမ်းပြောရရင် တက်တူးထိုးဖို့ သတ္တိတွေ အများကြီး လိုအပ်ပါတယ်။ တချို့ကလည်း တက်တူးထိုးတာကို မကြိုက်ကြပါဘူး။ တက်တူးထိုးတဲ့အခါ ရရှိလာမယ့် အကျိူးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စိတ်ဖိစီးမှု နည်းစေတယ်။

ခန္ဓာကိုယ်ပေါ်မှာ တက်တူးထိုးတဲ့အခါ ကိုယ်ကြိုက်တဲ့ အမှတ်အသားလေးတွေ၊ အမှတ်တရ နေ့ရက်လေးတွေ၊ တန်ဖိုးထားရသူတွေရဲ့ဓါတ်ပုံတွေကို ထိုးလေ့ရှိကြပါတယ်။ တချို့ကျတော့ အသည်းကွဲတဲ့အခါ၊ ကိုယ်ချစ်ရတဲ့သူကို ဆုံးရှူံးလိုက်ရတဲ့အခါ တက်တူးထိုးပါတယ်။ တက်တူးထိုးခြင်းက စိတ်ကုထုံး တစ်မျိုးဖြစ်ပြီး ကိုယ်ကြိုက်တဲ့ တက်တူးကို မြင်ရချိန်မှာ အကောင်းမြင်စိတ်တွေ ဖြစ်လာတယ်လို့ ဒေလီက တက်တူးပညာရှင် Karan က ပြောပါတယ်။

၂။ ကိုယ်ခံအားစနစ်ကို တိုးတက်စေတယ်။

တက်တူးထိုးတဲ့အခါ ကူးစက်ရောဂါတွေ ရလာနိုင်လို့ အန္တရာယ်တယ် လို့ ထင်ကြပါတယ်။ ဒါပေမယ့် တကယ့်ကျွမ်းကျင်တဲ့ တက်တူးပညာရှင်နဲ့ တွေ့ရင်တော့ ကိုယ်ခံအားစနစ် ပိုကောင်းလာစေပါတယ်။ တက်တူးမင်က ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့ သွေးဖြူဥထုတ်လုပ်ခြင်းကို အားပေးပါတယ်။ အဲဒါကြောင့် ရောဂါပိုးတွေကို ခံနိုင်ရည် ရှိပါတယ်။

၃။ စိတ်ကို ပျော်ရွှင်စေတယ်။

တက်တူးထိုးတဲ့အခါ ခန္ဓါကိုယ်က Endorphins ဆိုတဲ့ ဓါတ်တစ်မျိူး ထွက်ပါတယ်။ Endorphins က ခန္ဓါကိုယ်က နာကျင်မှုတွေကို သက်သာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ပျော်ရွှင်တဲ့ ခံစားချက်ကိုလည်း ရရှိစေပါတယ်။

၄။ တက်တူးက ခန္ဓါကိုယ်က အမာရွတ်တွေကို ဖုံးကွယ်ပေးတယ်။

တစ်ခါတရံမှာ ကိုယ့်အလှကို ဖျက်ဆီးနေတဲ့ အမာရွတ်တွေကို ဖုံးထားချင်ကြပါတယ်။ အဲဒီ အမာရွတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပူစရာမလိုတော့ပါဘူးနော်။ တရုတ်မင်းသမီး Zanilia Zhao က “Legend of Lu Zhen” ဆိုတဲ့ ဇာတ်ကားကို ရိုက်တုန်းက ခါးမှာ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒဏ်ရာက ကျောမှာ အမာရွတ်ဖြစ်သွားလို့ ကျောပိတ်မပါတဲ့ အဝတ်အစားတွေ ဝတ်တိုင်း အမာရွတ်ကို မြင်နေရပါတယ်။ အဲဒါကြောင့် Zanilia Zhao က ခါးကအမာရွတ်ကို ဖုံးဖို့ အမာရွတ်ပေါ်မှာခရမ်းရောင်ပန်းပွင့် တက်တူး ထိုးလိုက်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေတယ်။

နေမကောင်းလို့ ဆေးထိုးရင်တောင် တော်တော်နာပါတယ်။ အဲဒါကြောင့် တက်တူးထိုးဖို့က တော်ရုံသတ္တိ၊ ခံနိုင်ရည်နဲ့မရပါဘူး။ တက်တူးထိုးပြီးတဲ့ အခါမှာတော့ ငါလုပ်နိုင်သွားခဲ့ပြီ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာစေပါတယ်။ တက်တူးက သတ္တိကို ဖော်ပြတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

၆။ ရင်းနှီးမှု တိုးစေတယ်။

မောင်နှမတွေ၊ ချစ်သူရည်းစားတွေ၊ သူငယ်ချင်းတွေက တက်တူးအတူတူ ထိုးလိုက်ရင် ရင်းနှီးမှုတွေ ပိုတိုးသွားပါတယ်။ တက်တူးကြောင့် ပြတ်မယ့် ရည်းစားတွေလည်း လွယ်လွယ်နဲ့ မပြတ်နိုင်တော့ပါဘူးနော်။