
အိပ္ေနရင္း ေဟာက္တတ္တာ ေရာဂါအဆန္းေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ မိမိနဲ႔တစ္ခန္းတည္းအတူအိပ္ေနသူေတြကိုေတာ့ အေႏွာင့္အယွက္ေပးႏိုင္တာအမွန္ပါပဲ။ အိပ္ေနရင္းေဟာက္တယ္ဆိုတာ တကယ္ေတာ့ ခႏၶာကိုယ္ထဲက ျပန္ရႉထုတ္လိုက္တဲ့ ေလေတြဟာ လမ္းေၾကာင္းပိတ္ဆို႔မႈ (သို႔) က်ဥ္းေျမာင္းမႈေၾကာင့္ ျဖစ္လာရတာပါ။
တကယ္တမ္းက်ေတာ့ အိပ္ေနရင္းေဟာက္တတ္ျခင္းဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔မွတ္ဉာဏ္အားနည္းေစႏိုင္ပါတယ္လို႔ အာ႐ုံေၾကာဆိုင္ရာေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။ ေဟာက္ျခင္းနဲ႔ အသက္ရႉရ ခက္ခဲျခင္းဟာ ဆက္စပ္ေနေတာ့ အိပ္ေနရင္းအသက္ရႉလမ္းေၾကာင္း ပိတ္ဆို႔တာတို႔ဘာတို႔လည္း ျဖစ္ႏိုင္ပါတယ္။ အိပ္ေနရင္းေဟာက္ျခင္းကို တားဆီးခ်င္ရင္ေတာ့ ေအာက္ေဖာ္ျပပါ နည္းလမ္းေလးေတြကို အသုံးျပဳႏိုင္ပါတယ္။
၁။ ကိုယ္အေလးခ်ိန္ကို စစ္ေဆးပါ

ခင္ဗ်ားအိပ္ေမာက်သြားၿပီဆိုတာနဲ႔ လည္ပင္းႂကြက္သားေတြက ေျဖေလ်ာ့သြားပါတယ္။ ၿပီးရင္ အသက္ရႉသြင္းရႉထုတ္ လုပ္လိုက္တာနဲ႔ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနတဲ့လည္ပင္းနံရံေတြက ျပန္လည္တုန္ခါလာပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ ဝတဲ့သူေတြဟာ လည္ပင္းအဆီလည္းမ်ားၿပီး အသက္ရႉလမ္းေၾကာင္းတေလွ်ာက္မွာလည္း အဆီေလးေတြနဲ႔ ပိတ္ဆို႔ေနတတ္ပါတယ္။ ေနာက္တစ္ခုက အိပ္ယာမဝင္ခင္ (၃) နာရီေလာက္အလိုမွာ အစာစားျခင္းနဲ႔ အရက္ေသာက္ျခင္းကိုေရွာင္ရွားသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါေတြက လည္ပင္းတစ္ရႉးေလးေတြကို ပိုမိုေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေစႏိုင္လို႔ပါပဲ။
၂။ ေဘးတေစာင္းအိပ္ပါ
နယူးေရာ့ခ္ၿမိဳ႕က အိပ္စက္ျခင္းဆိုင္ရာအထူးကုဆရာဝန္ ေဒါက္တာ မာသာေကာတက္စ္ရဲ႕အဆိုအရေတာ့ ေဘးတေစာင္းအိပ္ျခင္းက ပက္လက္အိပ္ျခင္းထက္စာရင္ အိပ္ေနစဥ္ေဟာက္ျခင္း ပိုမိုနည္းပါး ေစပါတယ္တဲ့။ ေနာက္ၿပီး ေဘးတေစာင္းအိပ္ရင္း ဖက္လုံး (သို႔) မိမိရဲ႕အိမ္ေထာင္ဖက္ကို ဖက္ထားျခင္းကလည္း ေဟာက္ျခင္းကို သက္သာေစပါတယ္တဲ့။ ဘာလို႔လဲဆိုေတာ့ အဲဒီလိုလုပ္ျခင္းက ခင္ဗ်ားရဲ႕ ေနာက္ေက်ာနဲ႔ ဝမ္းဗိုက္ကို ထိန္းထားေပးလို႔ပါပဲ လို႔ သူမကဆိုပါတယ္။
၃။ ႏွာေခါင္းေပါက္ေတြကို ရွင္းလင္းပါ

အိပ္ယာမဝင္ခင္ ႏွာေခါင္းေပါက္ထဲမွာရွိေနႏိုင္တဲ့ ႏွပ္ေခ်းေတြ၊ ပိတ္ဆို႔ႏိုင္တဲ့အရာေတြကို ရွင္းလင္းျခင္းဟာ အိပ္စက္ေနခ်ိန္ အသက္ရႉျခင္းအေပၚမွာ ႀကီးမားစြာအက်ိဳးသက္ေရာက္ႏိုင္ပါတယ္တဲ့။ ညအိပ္ယာဝင္ခါနီး သြားတိုက္၊ မ်က္ႏွာသစ္လုပ္ရင္း ရွင္းလင္းေပးႏိုင္သလို အိပ္ယာမဝင္ခင္ ႏွာေခါင္းကိုရွင္းလင္းေပးႏိုင္တဲ့ ရႉေဆးဘူးလိုမ်ိဳးကိုလည္း အသုံးျပဳႏိုင္ပါတယ္။
၄။ သၾကားမပါတဲ့ပီေကဝါးေပးပါ
ကြၽန္ေတာ္တို႔ေတြ အသက္အ႐ြယ္ရလာတာနဲ႔အမွ် လည္ေခ်ာင္းအတြင္းသားတစ္ရႉးေတြက ပိုမိုေလ်ာ့ရဲလာတတ္ပါတယ္။ ဒီျပႆနာကိုေျဖရွင္းႏိုင္ဖို႔အတြက္ အသက္ရႉလမ္းေၾကာင္းက်ဥ္းေျမာင္းသူေတြကို ေဒါက္တာေကာတက္စ္ကေတာ့ သၾကားမပါတဲ့ ပီေကကို တစ္ရက္ကို မိနစ္ (၂၀) ေလာက္ပုံမွန္ဝါးေပးဖို႔တိုက္တြန္းပါသတဲ့။ အဲဒီလိုဝါးေပးျခင္းျဖင့္ ပါးစပ္၊ လွ်ာ၊ ေမး႐ိုးနဲ႔ မ်က္ႏွာႂကြက္သားေတြကို ေလ့က်င့္ခန္း လုပ္ေပးတာနဲ႔ တူညီပါတယ္တဲ့။
Unicode
အိပ်ရင်းနဲ့ဟောက်တတ်သူများအတွက် ဟောက်တတ်တဲ့အကျင့်ကို ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများ
အိပ်နေရင်း ဟောက်တတ်တာ ရောဂါအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် မိမိနဲ့တစ်ခန်းတည်းအတူအိပ်နေသူတွေကိုတော့ အနှောင့်အယှက်ပေးနိုင်တာအမှန်ပါပဲ။ အိပ်နေရင်းဟောက်တယ်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်ထဲက ပြန်ရှူထုတ်လိုက်တဲ့ လေတွေဟာ လမ်းကြောင်းပိတ်ဆို့မှု (သို့) ကျဉ်းမြောင်းမှုကြောင့် ဖြစ်လာရတာပါ။
တကယ်တမ်းကျတော့ အိပ်နေရင်းဟောက်တတ်ခြင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့မှတ်ဉာဏ်အားနည်းစေနိုင်ပါတယ်လို့ အာရုံကြောဆိုင်ရာလေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ဟောက်ခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်းဟာ ဆက်စပ်နေတော့ အိပ်နေရင်းအသက်ရှူလမ်းကြောင်း ပိတ်ဆို့တာတို့ဘာတို့လည်း ဖြစ်နိုင်ပါတယ်။ အိပ်နေရင်းဟောက်ခြင်းကို တားဆီးချင်ရင်တော့ အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
၁။ ကိုယ်အလေးချိန်ကို စစ်ဆေးပါ

ခင်ဗျားအိပ်မောကျသွားပြီဆိုတာနဲ့ လည်ပင်းကြွက်သားတွေက ဖြေလျော့သွားပါတယ်။ ပြီးရင် အသက်ရှူသွင်းရှူထုတ် လုပ်လိုက်တာနဲ့ လျော့တိလျော့ရဲဖြစ်နေတဲ့လည်ပင်းနံရံတွေက ပြန်လည်တုန်ခါလာပါတယ်။ ယေဘုယျအားဖြင့်တော့ ဝတဲ့သူတွေဟာ လည်ပင်းအဆီလည်းများပြီး အသက်ရှူလမ်းကြောင်းတလျှောက်မှာလည်း အဆီလေးတွေနဲ့ ပိတ်ဆို့နေတတ်ပါတယ်။ နောက်တစ်ခုက အိပ်ယာမဝင်ခင် (၃) နာရီလောက်အလိုမှာ အစာစားခြင်းနဲ့ အရက်သောက်ခြင်းကိုရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက လည်ပင်းတစ်ရှူးလေးတွေကို ပိုမိုလျော့တိလျော့ရဲ ဖြစ်စေနိုင်လို့ပါပဲ။
၂။ ဘေးတစောင်းအိပ်ပါ
နယူးရော့ခ်မြို့က အိပ်စက်ခြင်းဆိုင်ရာအထူးကုဆရာဝန် ဒေါက်တာ မာသာကောတက်စ်ရဲ့အဆိုအရတော့ ဘေးတစောင်းအိပ်ခြင်းက ပက်လက်အိပ်ခြင်းထက်စာရင် အိပ်နေစဉ်ဟောက်ခြင်း ပိုမိုနည်းပါး စေပါတယ်တဲ့။ နောက်ပြီး ဘေးတစောင်းအိပ်ရင်း ဖက်လုံး (သို့) မိမိရဲ့အိမ်ထောင်ဖက်ကို ဖက်ထားခြင်းကလည်း ဟောက်ခြင်းကို သက်သာစေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်ခြင်းက ခင်ဗျားရဲ့ နောက်ကျောနဲ့ ဝမ်းဗိုက်ကို ထိန်းထားပေးလို့ပါပဲ လို့ သူမကဆိုပါတယ်။
၃။ နှာခေါင်းပေါက်တွေကို ရှင်းလင်းပါ

အိပ်ယာမဝင်ခင် နှာခေါင်းပေါက်ထဲမှာရှိနေနိုင်တဲ့ နှပ်ချေးတွေ၊ ပိတ်ဆို့နိုင်တဲ့အရာတွေကို ရှင်းလင်းခြင်းဟာ အိပ်စက်နေချိန် အသက်ရှူခြင်းအပေါ်မှာ ကြီးမားစွာအကျိုးသက်ရောက်နိုင်ပါတယ်တဲ့။ ညအိပ်ယာဝင်ခါနီး သွားတိုက်၊ မျက်နှာသစ်လုပ်ရင်း ရှင်းလင်းပေးနိုင်သလို အိပ်ယာမဝင်ခင် နှာခေါင်းကိုရှင်းလင်းပေးနိုင်တဲ့ ရှူဆေးဘူးလိုမျိုးကိုလည်း အသုံးပြုနိုင်ပါတယ်။
၄။ သကြားမပါတဲ့ပီကေဝါးပေးပါ
ကျွန်တော်တို့တွေ အသက်အရွယ်ရလာတာနဲ့အမျှ လည်ချောင်းအတွင်းသားတစ်ရှူးတွေက ပိုမိုလျော့ရဲလာတတ်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် အသက်ရှူလမ်းကြောင်းကျဉ်းမြောင်းသူတွေကို ဒေါက်တာကောတက်စ်ကတော့ သကြားမပါတဲ့ ပီကေကို တစ်ရက်ကို မိနစ် (၂၀) လောက်ပုံမှန်ဝါးပေးဖို့တိုက်တွန်းပါသတဲ့။ အဲဒီလိုဝါးပေးခြင်းဖြင့် ပါးစပ်၊ လျှာ၊ မေးရိုးနဲ့ မျက်နှာကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးတာနဲ့ တူညီပါတယ်တဲ့။