မ်က္အိတ္ေဖာင္းျခင္း မ်က္ကြင္းညိဳျခင္းမ်ားကို ထိေရာက္သက္သာေစတဲ့ သဘာဝနည္းလမ္းေကာင္း

Advertisements

ကြၽန္မတို႔လိုအလွအပ ျမတ္ႏိုးတဲ့ အမ်ိဳးသမီးတိုင္းအတြက္ မ်က္ကြင္းညိဳတာဟာ အိမ္မက္ဆိုးတစ္ခုလိုပါပဲ။ တကယ္ေတာ့ မ်က္ကြင္းညိဳတာဟာ ေနေရာင္ျခည္ႏွင့္ မၾကာခဏ ထိေတြ႕ျခင္း၊ အိပ္ေရးပ်က္ျခင္း၊ ေန႔စဥ္ရက္ဆက္ ပင္ပန္းႏြမ္းနယ္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ ေရဓါတ္ခန္းေျခာက္ျခင္း၊ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြ အၾကည့္မ်ားျခင္း စတာတို႔ေၾကာင့္ ျဖစ္လာတတ္ပါတယ္။ မ်ိဳး႐ိုးလိုက္ျခင္း၊ အိုမင္းရင့္ေရာ္ျခင္းႏွင့္ ေဟာ္မုန္းအေျပာင္းအလဲေတြေၾကာင့္လည္း မ်က္ကြင္းညိဳတတ္ပါတယ္။ ဒီလိုမ်က္ကြင္းညိဳတာကို သက္သာေပ်ာက္ကင္းေစမယ့္ သဘာဝေဆးနည္းေလးေတြ ရွိတာေၾကာင့္ မွ်ေဝေပးလိုက္ပါတယ္။

လိုအပ္တဲ့ပစၥည္းေတြကေတာ့ အာလူးအစိမ္း ၁လုံး၊ သဘာဝပ်ားရည္ ၁ဇြန္းႏွင့္ သံပုရာရည္ ၁ဇြန္း တို႔ျဖစ္ပါတယ္။ အာလူးကို အခြံခြာၿပီး အ႐ြယ္အစားေသးေသးေလးလွီးပါ။ ေမႊစက္ထဲမွာ အာလူးရယ္၊ ပ်ားရည္တစ္ဇြန္းရယ္၊ သံပုရာရည္ရယ္ကိုထည့္ပါ။ ခပ္ပ်စ္ပ်စ္ျဖစ္သြားတဲ့အထိ ေမႊေပးပါ။

ဒါကို မ်က္ကြင္းညိဳေနတဲ့ သင့္မ်က္စိေအာက္မွာ ညင္သာစြာ လိမ္းေပးပါ။ ၂မိနစ္ေလာက္ လက္ေခ်ာင္းေလးေတြနဲ႔ ႏွိပ္ေပးၿပီး ခဏထားပါ။ ၁၅မိနစ္- မိနစ္၂၀ေလာက္ေနမွ ေရေအးေအးနဲ႔ေဆးေပးပါ။ ၿပီးမွ moisturizer တစ္ခုလိမ္းေပးပါ။ ဒီနည္းလမ္းေလးကို တစ္ပတ္ကို၃ႀကိမ္ေလာက္လုပ္ေပးပါက မ်က္အိတ္ေဖာင္းတာေတြ၊ မ်က္ကြင္းညိဳတာေတြ ထိထိေရာက္ေရာက္ ေပ်ာက္ကင္းေစမွာပါ။

သံပုရာက အသားေရာင္ကို ျဖဴေစတဲ့ သဘာဝအေရာင္ခြၽတ္ဂုဏ္သတၱိေတြရွိၿပီး ပ်ားရည္က မ်က္ကြင္းညိဳတာေတြ၊ ေရာင္ရမ္းတာေတြကို သက္သာေစတဲ့ anti-inflammatory ဂုဏ္သတၱိေတြရွိပါတယ္။ တစ္ပတ္အတြင္းမွာ သင့္မ်က္လုံးကို ပုံမွန္အတိုင္း ျပန္လည္လွပေစဖို႔ အလြန္ထိေရာက္တဲ့ ေဆးတစ္လက္ျဖစ္ပါတယ္။

Unicode

မျက်အိတ်ဖောင်းခြင်း မျက်ကွင်းညိုခြင်းများကို ထိရောက်သက်သာစေတဲ့ သဘာဝနည်းလမ်းကောင်း

ကျွန်မတို့လိုအလှအပ မြတ်နိုးတဲ့ အမျိုးသမီးတိုင်းအတွက် မျက်ကွင်းညိုတာဟာ အိမ်မက်ဆိုးတစ်ခုလိုပါပဲ။ တကယ်တော့ မျက်ကွင်းညိုတာဟာ နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့ခြင်း၊ အိပ်ရေးပျက်ခြင်း၊ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း၊ ဖုန်းတွေ၊ ကွန်ပျူတာတွေ အကြည့်များခြင်း စတာတို့ကြောင့် ဖြစ်လာတတ်ပါတယ်။ မျိုးရိုးလိုက်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း မျက်ကွင်းညိုတတ်ပါတယ်။ ဒီလိုမျက်ကွင်းညိုတာကို သက်သာပျောက်ကင်းစေမယ့် သဘာဝဆေးနည်းလေးတွေ ရှိတာကြောင့် မျှဝေပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ အာလူးအစိမ်း ၁လုံး၊ သဘာဝပျားရည် ၁ဇွန်းနှင့် သံပုရာရည် ၁ဇွန်း တို့ဖြစ်ပါတယ်။ အာလူးကို အခွံခွာပြီး အရွယ်အစားသေးသေးလေးလှီးပါ။ မွှေစက်ထဲမှာ အာလူးရယ်၊ ပျားရည်တစ်ဇွန်းရယ်၊ သံပုရာရည်ရယ်ကိုထည့်ပါ။ ခပ်ပျစ်ပျစ်ဖြစ်သွားတဲ့အထိ မွှေပေးပါ။

ဒါကို မျက်ကွင်းညိုနေတဲ့ သင့်မျက်စိအောက်မှာ ညင်သာစွာ လိမ်းပေးပါ။ ၂မိနစ်လောက် လက်ချောင်းလေးတွေနဲ့ နှိပ်ပေးပြီး ခဏထားပါ။ ၁၅မိနစ်- မိနစ်၂၀လောက်နေမှ ရေအေးအေးနဲ့ဆေးပေးပါ။ ပြီးမှ moisturizer တစ်ခုလိမ်းပေးပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်ကို၃ကြိမ်လောက်လုပ်ပေးပါက မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းညိုတာတွေ ထိထိရောက်ရောက် ပျောက်ကင်းစေမှာပါ။

သံပုရာက အသားရောင်ကို ဖြူစေတဲ့ သဘာဝအရောင်ချွတ်ဂုဏ်သတ္တိတွေရှိပြီး ပျားရည်က မျက်ကွင်းညိုတာတွေ၊ ရောင်ရမ်းတာတွေကို သက်သာစေတဲ့ anti-inflammatory ဂုဏ်သတ္တိတွေရှိပါတယ်။ တစ်ပတ်အတွင်းမှာ သင့်မျက်လုံးကို ပုံမှန်အတိုင်း ပြန်လည်လှပစေဖို့ အလွန်ထိရောက်တဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။