မ်က္ေတာင္ေတြကို သဘာဝအတိုင္း တစ္လအတြင္း ရွည္လ်ားလွပေစမယ့္ နည္းလမ္း (၁၀) ခ်က္

Advertisements

မိန္းကေလးတိုင္းရဲ႕ အိပ္မက္ေတြထဲက တစ္ခုကေတာ့ ေကာ့စင္းေနတဲ့ မ်က္ေတာင္ ရွည္ေလးေတြပါပဲ။ မ်က္ေတာင္ေတြကို တစ္လအတြင္း ေကာ့ေကာ့စင္းစင္းျဖစ္လာေအာင္ လုပ္ရမယ့္ နည္းလမ္းေလးေတြက ႐ိုးစင္းပါတယ္။

၁၀။ ဘရက္ရွ္ျဖင့္ ၿဖီးျခင္း

မ်က္ေတာင္ေမြးေတြကို ၿဖီးေပးျခင္းက ေသြးလည္ပတ္မႈကို ေကာင္းေစၿပီး မ်က္ေတာင္ ရွည္လာေစဖို႔ လႈံ႕ေဆာ္ေပးပါတယ္။ Mascara အေဟာင္းတစ္ခုကို သုံးလို႔ ရပါတယ္။ ဗီတာမင္ E အနည္းငယ္ကို ဘရက္ရွ္မွာ သုတ္လိမ္းၿပီး မ်က္ေတာင္ကို တစ္ေန႔ႏွစ္ခါ ၿဖီးေပး႐ုံပါပဲ။

၉။ ဆီ

ၾကက္ဆူဆီ၊ အုန္းဆီ၊ သံလြင္ဆီေတြမွာ အာဟာရဓါတ္ေတြ ပါဝင္ၿပီး မ်က္ေတာင္ကို က်န္းမာသန္စြမ္းေစပါတယ္။ ၾကက္ဆူဆီ သို႔မဟုတ္ အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ တစ္မ်ိဴးမ်ိဳးကို ညအိပ္ရာ မဝင္ခင္မွာ မ်က္ေတာင္ကို လိမ္းေပးပါ၊ အဲဒီဆီ 3 မ်ိဳးကို ေရာၿပီးေတာ့ လိမ္းလို႔လည္း ရပါတယ္။

၈။ Petroleum Jelly ( eg . Vaseline )

Petroleum Jelly က ေျခာက္ေသြ႕ေနတဲ့ မ်က္ေတာင္ေတြကို ေရဓါတ္ျဖည့္ေပးပါတယ္။ ေရနံဂ်ယ္လီကို ဘရက္ရွ္နဲ႔ ျဖစ္ျဖစ္၊ လက္ေခ်ာင္းေလးေတြနဲ႔ျဖစ္ျဖစ္ ယူၿပီး မ်က္ေတာင္မွာ အိပ္ရာ မဝင္ခင္ လိမ္းေပးပါ။ ေရနံဂ်ယ္လီ လိမ္းထားတဲ့ အခ်ိန္မွာ မ်က္ကပ္မွန္ တပ္လို႔ မရပါဘူး။ မနက္က်ရင္ေတာ့ မ်က္ႏွာသစ္လို႔ ရပါၿပီ။

၇။ အာဟာရျပည့္ဝေသာ အစားအစာမ်ား

ဗီတာမင္ဓါတ္ခ်ိဳ႕ယြင္းျခင္းက ဆံပင္ကြၽတ္ျခင္းနဲ႔ မ်က္ေတာင္ ကြၽတ္ျခင္းကို ျဖစ္ေစပါတယ္။ ပ႐ိုတိန္းဓါတ္၊ ဗီတာမင္ဓါတ္ ပါဝင္တဲ့ အစားအစာေတြ၊ အေစ့အဆံေတြ၊ အသား၊ ငါး၊ ဥမ်ား၊ သစ္သီးသစ္ႏွံေတြကို မ်ားမ်ားစားသင့္ ပါတယ္။

၆။ လက္ဖက္စိမ္း

လက္ဖက္စိမ္းမွာ အင္တီေအာက္ဆီးဒင့္နဲ႔ ဗီတာမင္ေတြ ပါဝင္ပါတယ္။ အဲဒါေၾကာင့္ အလွကုန္ပစၥည္းေတြ၊ ဆံပင္နဲ႔ ပတ္သက္တဲ့ ပစၥည္းေတြမွာ လက္ဖက္စိမ္းကို ထည့္သုံးၾက ပါတယ္။ လက္ဖက္စိမ္းရည္ကို အေအးခံထားပါ။ အဲဒီေနာက္ လက္ဖက္စိမ္းရည္ထဲကို ခ်ည္သားပုဝါေလး ႏွစ္ၿပီး မ်က္ေတာင္ကို တို႔ေပးပါ။ တစ္ေန႔ႏွစ္ခါ ျပဳလုပ္တဲ့ အခါ တစ္လၾကာတဲ့ အခါ ထူးထူးျခားျခား သိသာလာမွာ ျဖစ္ပါတယ္။

၅။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္မွာ ပါဝင္တဲ့ အာနိသင္ေတြက မ်က္ေတာင္ေတြကို အားျပည့္ေစ ပါတယ္။ ရွားေစာင္းလက္ပတ္ဂ်ယ္လ္ကို ယူၿပီး အရည္ရေအာင္ ညႇစ္ပါ။ ၿပီးရင္ေတာ့ မ်က္ေတာင္ေလးေတြ ေပၚမွာ သုတ္လိမ္းေပး႐ုံ ပါပဲ။ မ်က္ေတာင္ေပၚမွာ တစ္ည ထားၿပီးရင္ မနက္ေရာက္တဲ့ အခါ မ်က္ႏွာသစ္လိုက္လို႔ ရပါၿပီ။ ပိုၿပီး ထိေရာက္ခ်င္ရင္ေတာ့ ရွားေစာင္းလက္ပတ္ ရည္ထဲကို ၾကက္ဆူဆီ သို႔မဟုတ္ သံလြင္ဆီကို ထည့္လို႔ ရပါတယ္။

၄။ ႏွိပ္နယ္ေပးျခင္း

မ်က္ေတာင္တစ္ဝိုက္ကို ႏွိပ္နယ္ေပးတဲ့ အခါ မ်က္ေတာင္ တစ္ဝိုက္က ေသြးလည္ပတ္မႈ ေကာင္းလာၿပီး အရွည္လည္း ျမန္လာေစ ပါတယ္။ လက္ႏွစ္ဖက္လုံးကို ေသေသခ်ာခ်ာ ေရေဆးၿပီး လက္ထဲမွာ သံလြင္ဆီ အနည္းငယ္ကို ထည့္ပါ။ ၿပီးရင္ေတာ့ မ်က္ခြံနဲ႔ မ်က္ေတာင္ တစ္ဝိုက္ကို 5 မိနစ္ၾကာ ႏွိပ္နယ္ေပးပါ။ တပတ္ကို 5 ႀကိမ္ခန႔္ ျပဳလုပ္ေပးလို႔ ရပါတယ္။

၃။ ၾကက္ဥ

ၾကက္ဥမွာ ဘိုင္အိုတင္နဲ႔ ဗီတာမင္ B အုပ္စု ပါဝင္တာေၾကာင့္ မ်က္ေတာင္ ကြၽတ္ျခင္းကို ကာကြယ္ေပးပါတယ္။ ၾကက္ဥတစ္လုံးနဲ႔ အလွဆီ သို႔မဟုတ္ ေရနံဂ်ယ္လီကို ေရာၿပီး ေမႊပါ။ ၿပီးရင္ေတာ့ မ်က္ေတာင္ေလးေတြေပၚမွာ လိမ္းေပးပါ။ တစ္ပတ္ကို 3 ႀကိမ္ခန႔္ ျပဳလုပ္ေပးလို႔ ရပါတယ္။

၂။ မ်က္ႏွာသစ္ျခင္း

မ်က္ေတာင္ေပၚက mascaraေတြကို မဖ်က္ဘဲ အိပ္မိတဲ့အခါ မ်က္ေတာင္ေတြကို ပိုကြၽတ္ေစပါတယ္။ အဲဒါေၾကာင့္ မအိပ္ခင္မွာ မိတ္ကပ္ဖ်က္ဖို႔က အေရးႀကီးပါတယ္။ မ်က္ေတာင္ေပၚက mascara ေတြကို ဖ်က္ဖို႔အတြက္ make up remover သို႔မဟုတ္ သံလြင္ဆီေတြကို သုံးလို႔ရပါတယ္။

၁။ မိတ္ကပ္

ေရစိုခံတဲ့ mascara ေတြ ကလည္း မ်က္ေတာင္ေတြကို ေကာ့စင္းေနေစၿပီး လွပေနေစ မွာပါ။ Mascara ေတြကို 3 လ ကေန 6 လ အထိပဲ သုံးသင့္ ပါတယ္။ Mascara အေဟာင္းေတြက မ်က္လုံးထဲကို ေရာဂါပိုးေတြ ဝင္ေရာက္ႏိုင္လို႔ mascara အေဟာင္းေတြကို လႊင့္ပစ္ဖို႔ မေတြေဝသင့္ပါဘူး။

Unicode

မျက်တောင်တွေကို သဘာဝအတိုင်း တစ်လအတွင်း ရှည်လျားလှပစေမယ့် နည်းလမ်း (၁၀) ချက်

မိန်းကလေးတိုင်းရဲ့ အိပ်မက်တွေထဲက တစ်ခုကတော့ ကော့စင်းနေတဲ့ မျက်တောင် ရှည်လေးတွေပါပဲ။ မျက်တောင်တွေကို တစ်လအတွင်း ကော့ကော့စင်းစင်းဖြစ်လာအောင် လုပ်ရမယ့် နည်းလမ်းလေးတွေက ရိုးစင်းပါတယ်။

၁၀။ ဘရက်ရှ်ဖြင့် ဖြီးခြင်း

မျက်တောင်မွေးတွေကို ဖြီးပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းစေပြီး မျက်တောင် ရှည်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ Mascara အဟောင်းတစ်ခုကို သုံးလို့ ရပါတယ်။ ဗီတာမင် E အနည်းငယ်ကို ဘရက်ရှ်မှာ သုတ်လိမ်းပြီး မျက်တောင်ကို တစ်နေ့နှစ်ခါ ဖြီးပေးရုံပါပဲ။

၉။ ဆီ

ကြက်ဆူဆီ၊ အုန်းဆီ၊ သံလွင်ဆီတွေမှာ အာဟာရဓါတ်တွေ ပါဝင်ပြီး မျက်တောင်ကို ကျန်းမာသန်စွမ်းစေပါတယ်။ ကြက်ဆူဆီ သို့မဟုတ် အုန်းဆီ သို့မဟုတ် သံလွင်ဆီ တစ်မျိူးမျိုးကို ညအိပ်ရာ မဝင်ခင်မှာ မျက်တောင်ကို လိမ်းပေးပါ၊ အဲဒီဆီ 3 မျိုးကို ရောပြီးတော့ လိမ်းလို့လည်း ရပါတယ်။

၈။ Petroleum Jelly ( eg . Vaseline )

Petroleum Jelly က ခြောက်သွေ့နေတဲ့ မျက်တောင်တွေကို ရေဓါတ်ဖြည့်ပေးပါတယ်။ ရေနံဂျယ်လီကို ဘရက်ရှ်နဲ့ ဖြစ်ဖြစ်၊ လက်ချောင်းလေးတွေနဲ့ဖြစ်ဖြစ် ယူပြီး မျက်တောင်မှာ အိပ်ရာ မဝင်ခင် လိမ်းပေးပါ။ ရေနံဂျယ်လီ လိမ်းထားတဲ့ အချိန်မှာ မျက်ကပ်မှန် တပ်လို့ မရပါဘူး။ မနက်ကျရင်တော့ မျက်နှာသစ်လို့ ရပါပြီ။

၇။ အာဟာရပြည့်ဝသော အစားအစာများ

ဗီတာမင်ဓါတ်ချို့ယွင်းခြင်းက ဆံပင်ကျွတ်ခြင်းနဲ့ မျက်တောင် ကျွတ်ခြင်းကို ဖြစ်စေပါတယ်။ ပရိုတိန်းဓါတ်၊ ဗီတာမင်ဓါတ် ပါဝင်တဲ့ အစားအစာတွေ၊ အစေ့အဆံတွေ၊ အသား၊ ငါး၊ ဥများ၊ သစ်သီးသစ်နှံတွေကို များများစားသင့် ပါတယ်။

၆။ လက်ဖက်စိမ်း

လက်ဖက်စိမ်းမှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။ အဲဒါကြောင့် အလှကုန်ပစ္စည်းတွေ၊ ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေမှာ လက်ဖက်စိမ်းကို ထည့်သုံးကြ ပါတယ်။ လက်ဖက်စိမ်းရည်ကို အအေးခံထားပါ။ အဲဒီနောက် လက်ဖက်စိမ်းရည်ထဲကို ချည်သားပုဝါလေး နှစ်ပြီး မျက်တောင်ကို တို့ပေးပါ။ တစ်နေ့နှစ်ခါ ပြုလုပ်တဲ့ အခါ တစ်လကြာတဲ့ အခါ ထူးထူးခြားခြား သိသာလာမှာ ဖြစ်ပါတယ်။

၅။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ အာနိသင်တွေက မျက်တောင်တွေကို အားပြည့်စေ ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို ယူပြီး အရည်ရအောင် ညှစ်ပါ။ ပြီးရင်တော့ မျက်တောင်လေးတွေ ပေါ်မှာ သုတ်လိမ်းပေးရုံ ပါပဲ။ မျက်တောင်ပေါ်မှာ တစ်ည ထားပြီးရင် မနက်ရောက်တဲ့ အခါ မျက်နှာသစ်လိုက်လို့ ရပါပြီ။ ပိုပြီး ထိရောက်ချင်ရင်တော့ ရှားစောင်းလက်ပတ် ရည်ထဲကို ကြက်ဆူဆီ သို့မဟုတ် သံလွင်ဆီကို ထည့်လို့ ရပါတယ်။

၄။ နှိပ်နယ်ပေးခြင်း

မျက်တောင်တစ်ဝိုက်ကို နှိပ်နယ်ပေးတဲ့ အခါ မျက်တောင် တစ်ဝိုက်က သွေးလည်ပတ်မှု ကောင်းလာပြီး အရှည်လည်း မြန်လာစေ ပါတယ်။ လက်နှစ်ဖက်လုံးကို သေသေချာချာ ရေဆေးပြီး လက်ထဲမှာ သံလွင်ဆီ အနည်းငယ်ကို ထည့်ပါ။ ပြီးရင်တော့ မျက်ခွံနဲ့ မျက်တောင် တစ်ဝိုက်ကို 5 မိနစ်ကြာ နှိပ်နယ်ပေးပါ။ တပတ်ကို 5 ကြိမ်ခန့် ပြုလုပ်ပေးလို့ ရပါတယ်။

၃။ ကြက်ဥ

ကြက်ဥမှာ ဘိုင်အိုတင်နဲ့ ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် မျက်တောင် ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကြက်ဥတစ်လုံးနဲ့ အလှဆီ သို့မဟုတ် ရေနံဂျယ်လီကို ရောပြီး မွှေပါ။ ပြီးရင်တော့ မျက်တောင်လေးတွေပေါ်မှာ လိမ်းပေးပါ။ တစ်ပတ်ကို 3 ကြိမ်ခန့် ပြုလုပ်ပေးလို့ ရပါတယ်။

၂။ မျက်နှာသစ်ခြင်း

မျက်တောင်ပေါ်က mascaraတွေကို မဖျက်ဘဲ အိပ်မိတဲ့အခါ မျက်တောင်တွေကို ပိုကျွတ်စေပါတယ်။ အဲဒါကြောင့် မအိပ်ခင်မှာ မိတ်ကပ်ဖျက်ဖို့က အရေးကြီးပါတယ်။ မျက်တောင်ပေါ်က mascara တွေကို ဖျက်ဖို့အတွက် make up remover သို့မဟုတ် သံလွင်ဆီတွေကို သုံးလို့ရပါတယ်။

၁။ မိတ်ကပ်

ရေစိုခံတဲ့ mascara တွေ ကလည်း မျက်တောင်တွေကို ကော့စင်းနေစေပြီး လှပနေစေ မှာပါ။ Mascara တွေကို 3 လ ကနေ 6 လ အထိပဲ သုံးသင့် ပါတယ်။ Mascara အဟောင်းတွေက မျက်လုံးထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်လို့ mascara အဟောင်းတွေကို လွှင့်ပစ်ဖို့ မတွေဝေသင့်ပါဘူး။