
အခ်ိဳ႕လူေတြမွာ ညအိပ္ေနစဥ္ ေယာင္ၿပီး စကားေျပာတတ္တာမ်ိဳး ရွိၾကပါတယ္။ ေလ့လာခ်က္ေတြအရ လူ ၆၆% ဟာ သူတို႔ဘဝမွာ အိပ္ရင္းနဲ႔ေယာင္ၿပီး စကားေျပာဖူးၾကတာကို ေတြ႕ရပါတယ္။ အိပ္ေနစဥ္ေယာင္ၿပီး စကားေျပာတာက အႏၲရာယ္မရွိသလို ေဆးကုသမႈ ခံယူဖို႔လည္း မလိုအပ္ပါဘူး။ ဒါေပမယ့္ တစ္ခါတရံမွာ ကိုယ္နဲ႔အတူတူ အိပ္တဲ့သူကိုေတာ့ အေႏွာင့္အယွက္ ျဖစ္ေစမွာပါ။ အိပ္ေနစဥ္ေယာင္ၿပီး စကားေျပာရသည့္အေၾကာင္းရင္းမ်ား
၁။ မ်ိဳး႐ိုးဗီဇ
အိပ္ေနစဥ္ ေယာင္ယမ္းစကားေျပာရတဲ့ အေၾကာင္းရင္း အတိအက်ကိုေတာ့ ကြၽမ္းက်င္ပညာရွင္ေတြ နာမည္ မတပ္ႏိုင္ေသးပါဘူး။ ဒါေပမယ့္ အိပ္ေနစဥ္ ေယာင္ယမ္းစကားေျပာတာက မ်ိဳး႐ိုးဗီဇနဲ႔ ဆိုင္တယ္လို႔ ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ အႁမႊာေတြက ညဘက္မွာ ေယာင္ၿပီးစကားေျပာတာ၊ ေယာင္ၿပီး လမ္းထေလွ်ာက္တာေတြကို အတူတူ ျပဳလုပ္တာေတြ႕ရေၾကာင္း ဖင္လန္ႏိုင္ငံနဲ႔ ဂ်ပန္ႏိုင္ငံက ေလ့လာမႈေတြမွာ ေရးသားထားပါတယ္။ မိဘေတြက အိပ္ေနစဥ္ ေယာင္ၿပီးစကားေျပာရင္ သားသမီးေတြမွာလည္း ဒီလိုျဖစ္စဥ္မ်ိဳး ေတြ႕ရတတ္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။
၂။ အိပ္ေရးမဝျခင္း

အိပ္ေရးမဝတာေၾကာင့္လည္း အိပ္ေနစဥ္ေယာင္ၿပီး စကားေျပာတတ္ပါတယ္။ စိတ္ဖိစီးမႈမ်ားျခင္း၊ လုံေလာက္တဲ့ အိပ္ခ်ိန္မရွိျခင္းေတြက ဦးေႏွာက္ကို လႊမ္းမိုးၿပီး အိပ္စက္မႈကို သက္ေရာက္မႈရွိေစတာပါ။
၃။ အိပ္ခ်ိန္ကစဥ့္ကလ်ားျဖစ္ျခင္း
အိပ္ခ်ိန္မမွန္တဲ့သူေတြကလည္း အိပ္ေနစဥ္မွာ ေယာင္ယမ္းၿပီး စကားေတြ ေျပာတတ္ၾကပါတယ္။ အဲဒီအခါ သူတို႔နဲ႔ တစ္ခန္းတည္းအိပ္သူေတြအတြက္ အေႏွာင့္အယွက္ ျဖစ္ပါတယ္။ အိပ္စက္ေနစဥ္ စကားေျပာျခင္း၊ လမ္းေလွ်ာက္ျခင္းနဲ႔ အိပ္မက္ဆိုး မက္ျခင္းတို႔ၾကားမွာ ဆက္စပ္မႈတစ္ခု ရွိတယ္လို႔ ဆရာဝန္ေတြက ယုံၾကည္ၾကပါတယ္။
၄။ ပုံမွန္ေသာက္ရေသာ ေဆးမ်ား

အခ်ိန္မွန္၊ ပုံမွန္ေသာက္ရတဲ့ ေဆးေတြေၾကာင့္ အိပ္စက္ေနစဥ္ စကားေျပာတာ၊ ႂကြက္သားေတြအေပၚ သက္ေရာက္မႈ ရွိတာေတြ ျဖစ္တတ္ပါတယ္။ ႂကြက္သားအေပၚ သက္ေရာက္မႈေတြေၾကာင့္ ကန္တာ၊ လက္သီးနဲ႔ထိုးတာ၊ ကုတင္ေပၚကေန ထသြားတာ၊ စကားေျပာတာေတြ ျဖစ္လာတတ္ပါတယ္။
အိပ္ေပ်ာ္ေနစဥ္ စကားေျပာျခင္းကို ဘယ္လို ထိန္းခ်ဳပ္မလဲ။ အခ်ိဳ႕ အေလ့အက်င့္ေလးေတြကို ေျပာင္းလဲလိုက္ျခင္းက အိပ္စက္ေနစဥ္ စကားေျပာျခင္းကို ေလ်ာ့နည္းသြားေစမွာပါ။
( ၁ ) အိပ္ရာဝင္ခါနီးတြင္ အစာေၾကရန္ခက္ေသာ အစားအစာမ်ားကို ေရွာင္ျခင္း။
( ၂ ) အရည္အေသြးျပည့္မီေသာ အိပ္ရာႏွင့္ ေခါင္းအုံးကို အသုံးျပဳျခင္း။
( ၃ ) ေန႔လယ္ႏွင့္ ညဘက္တြင္ ေကာ္ဖီမေသာက္ျခင္း။
( ၄ ) အိပ္ရာဝင္ခ်ိန္မွန္ျခင္း။ ဒီအခ်က္ေလးေတြကေတာ့ အိပ္ေပ်ာ္ေနစဥ္ စကားေျပာျခင္းကို နည္းသြားေစဖို႔ အေထာက္အကူ ျဖစ္ေစမွာပါ။
Unicode
အိပ်ပျော်နေစဉ် ယောင်ယမ်းစကားပြောခြင်းကို ထိန်းချုပ်နိုင်မယ့်နည်းလမ်း
အချို့လူတွေမှာ ညအိပ်နေစဉ် ယောင်ပြီး စကားပြောတတ်တာမျိုး ရှိကြပါတယ်။ လေ့လာချက်တွေအရ လူ ၆၆% ဟာ သူတို့ဘဝမှာ အိပ်ရင်းနဲ့ယောင်ပြီး စကားပြောဖူးကြတာကို တွေ့ရပါတယ်။ အိပ်နေစဉ်ယောင်ပြီး စကားပြောတာက အန္တရာယ်မရှိသလို ဆေးကုသမှု ခံယူဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာ ကိုယ်နဲ့အတူတူ အိပ်တဲ့သူကိုတော့ အနှောင့်အယှက် ဖြစ်စေမှာပါ။ အိပ်နေစဉ်ယောင်ပြီး စကားပြောရသည့်အကြောင်းရင်းများ
၁။ မျိုးရိုးဗီဇ

အိပ်နေစဉ် ယောင်ယမ်းစကားပြောရတဲ့ အကြောင်းရင်း အတိအကျကိုတော့ ကျွမ်းကျင်ပညာရှင်တွေ နာမည် မတပ်နိုင်သေးပါဘူး။ ဒါပေမယ့် အိပ်နေစဉ် ယောင်ယမ်းစကားပြောတာက မျိုးရိုးဗီဇနဲ့ ဆိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အမြွှာတွေက ညဘက်မှာ ယောင်ပြီးစကားပြောတာ၊ ယောင်ပြီး လမ်းထလျှောက်တာတွေကို အတူတူ ပြုလုပ်တာတွေ့ရကြောင်း ဖင်လန်နိုင်ငံနဲ့ ဂျပန်နိုင်ငံက လေ့လာမှုတွေမှာ ရေးသားထားပါတယ်။ မိဘတွေက အိပ်နေစဉ် ယောင်ပြီးစကားပြောရင် သားသမီးတွေမှာလည်း ဒီလိုဖြစ်စဉ်မျိုး တွေ့ရတတ်တယ်လို့ သုတေသီတွေက ပြောပါတယ်။
၂။ အိပ်ရေးမဝခြင်း
အိပ်ရေးမဝတာကြောင့်လည်း အိပ်နေစဉ်ယောင်ပြီး စကားပြောတတ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ လုံလောက်တဲ့ အိပ်ချိန်မရှိခြင်းတွေက ဦးနှောက်ကို လွှမ်းမိုးပြီး အိပ်စက်မှုကို သက်ရောက်မှုရှိစေတာပါ။
၃။ အိပ်ချိန်ကစဉ့်ကလျားဖြစ်ခြင်း

အိပ်ချိန်မမှန်တဲ့သူတွေကလည်း အိပ်နေစဉ်မှာ ယောင်ယမ်းပြီး စကားတွေ ပြောတတ်ကြပါတယ်။ အဲဒီအခါ သူတို့နဲ့ တစ်ခန်းတည်းအိပ်သူတွေအတွက် အနှောင့်အယှက် ဖြစ်ပါတယ်။ အိပ်စက်နေစဉ် စကားပြောခြင်း၊ လမ်းလျှောက်ခြင်းနဲ့ အိပ်မက်ဆိုး မက်ခြင်းတို့ကြားမှာ ဆက်စပ်မှုတစ်ခု ရှိတယ်လို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။
၄။ ပုံမှန်သောက်ရသော ဆေးများ
အချိန်မှန်၊ ပုံမှန်သောက်ရတဲ့ ဆေးတွေကြောင့် အိပ်စက်နေစဉ် စကားပြောတာ၊ ကြွက်သားတွေအပေါ် သက်ရောက်မှု ရှိတာတွေ ဖြစ်တတ်ပါတယ်။ ကြွက်သားအပေါ် သက်ရောက်မှုတွေကြောင့် ကန်တာ၊ လက်သီးနဲ့ထိုးတာ၊ ကုတင်ပေါ်ကနေ ထသွားတာ၊ စကားပြောတာတွေ ဖြစ်လာတတ်ပါတယ်။

အိပ်ပျော်နေစဉ် စကားပြောခြင်းကို ဘယ်လို ထိန်းချုပ်မလဲ။ အချို့ အလေ့အကျင့်လေးတွေကို ပြောင်းလဲလိုက်ခြင်းက အိပ်စက်နေစဉ် စကားပြောခြင်းကို လျော့နည်းသွားစေမှာပါ။
( ၁ ) အိပ်ရာဝင်ခါနီးတွင် အစာကြေရန်ခက်သော အစားအစာများကို ရှောင်ခြင်း။
( ၂ ) အရည်အသွေးပြည့်မီသော အိပ်ရာနှင့် ခေါင်းအုံးကို အသုံးပြုခြင်း။
( ၃ ) နေ့လယ်နှင့် ညဘက်တွင် ကော်ဖီမသောက်ခြင်း။
( ၄ ) အိပ်ရာဝင်ချိန်မှန်ခြင်း။ ဒီအချက်လေးတွေကတော့ အိပ်ပျော်နေစဉ် စကားပြောခြင်းကို နည်းသွားစေဖို့ အထောက်အကူ ဖြစ်စေမှာပါ။