
အခုေဖာ္ျပမယ့္နည္းလမ္းေတြကေတာ့ ဆံေကသာအလွျပင္ဆိုင္ေတြကလို ေျဖာင့္စင္းမလာႏိုင္ေပမဲ့ သဘာဝအတိုင္း နဂိုထက္ ေျဖာင့္စင္းသန္စြမ္းလာေစတဲ့ နည္းလမ္းေကာင္းေတြ ျဖစ္ပါတယ္။ ကုန္က်စရိတ္လည္း သက္သာသလို သဘာဝနည္းလမ္းေတြပဲ ျဖစ္တာေၾကာင့္ ဆံေကသာ ပ်က္စီးႏိုင္မႈကို ေလွ်ာ့ခ်ေပးပါတယ္။
(၁) တ႐ုတ္နံနံႀကီးတစ္စီးမွ အရည္ညႇစ္ပါ။ ပိတ္ပါးျဖင့္ ခံပါ။ ထို႔ေနာက္ ပုလင္းထဲ ထည့္ၿပီး တစ္ညသိပ္ထားပါ။ ေနာက္တစ္ေန႔မွာေတာ့ ဆံ ပင္တစ္ေလွ်ာက္သာမက ဦးေရျပားထိ လိမ္းေပးပါ။ အဲဒီေနာက္ အသြားက်ဲက်ဲဘီးနဲ႔ဖီးေပးပါ။ ၿပီးေနာက္ ၁နာရီေလာက္ထားၿပီး ေရေဆးခ်ပါ။ အဲဒီေနာက္ ဘီးဝိုင္း ဒါမွမဟုတ္ သဘာဝအေမႊးအမွ်င္ ဘီးနဲ႔ဖီးေပးပါ။

(၂) ဒုတိယနည္းကေတာ့ ေရခြက္ တစ္ဝက္ကို ႏြားႏို႔ခြက္တစ္ဝက္နဲ႔ ေရာပါ။ ၿပီးတဲ့ေနာက္ စပေရးျဖန္းလို႔ရတဲ့ဘူးထဲ ထည့္ပါ။ စပေရးမျဖန္းမီ ရႈပ္ေထြးေနတဲ့ဆံပင္ေတြကို အရင္ရွင္းပါ။ ၿပီးေနာက္ ဆံပင္ကို စပေရး နဲ႔ျဖန္းၿပီး တေခါက္ျပန္ဖီးပါ။ နာရီဝက္ေလာက္ထားၿပီး ေရေဆးခ်ပါ။ ဘီးက်ဲက်ဲနဲ႔ဖီးပါ။ တစ္ပတ္ကို ၂ ႀကိမ္မွ ၃ႀကိမ္ထိ လုပ္ေပးပါ။
(၃) တတိယနည္းကေတာ့ အုန္းသီး တစ္လုံးကေန အုန္းႏို႔ ညႇစ္ပါ။ သံပရာရည္ ၁ဇြန္း ေရာပါ။ ၿပီးတဲ့ေနာက္ ေရခဲေသတၱာထဲမွာ သိမ္းထားပါ။ ေနာက္ေန႔မွာ အေပၚယံလႊာတင္းေနတဲ့ အလႊာကို ယူၿပီး ဆံပင္မွာ လိမ္းေပးပါ။ အဲဒီေနာက္ဆံပင္ကို တဘက္ေႏြးေႏြးနဲ႔အုပ္ေပါင္းထားေပးပါ။ ၁ နာရီေလာက္ ထားပါ။ ၿပီးေနာက္ ေရေဆးခ်ၿပီး ဘီးက်ဲက်ဲ နဲ႔ ဖီးေပးပါ။ တစ္ပတ္ကို ၂ ႀကိမ္မွ ၃ ႀကိမ္ထိ လုပ္ေပးပါ။
Unicode
ကုန်ကျစရိတ်သက်သာပြီး သဘာဝအတိုင်း ဆံကေသာကို ဖြောင့်စင်းသန်စွမ်းစေမယ့် နည်းလမ်းကောင်းများ
အခုဖော်ပြမယ့်နည်းလမ်းတွေကတော့ ဆံကေသာအလှပြင်ဆိုင်တွေကလို ဖြောင့်စင်းမလာနိုင်ပေမဲ့ သဘာဝအတိုင်း နဂိုထက် ဖြောင့်စင်းသန်စွမ်းလာစေတဲ့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ကုန်ကျစရိတ်လည်း သက်သာသလို သဘာဝနည်းလမ်းတွေပဲ ဖြစ်တာကြောင့် ဆံကေသာ ပျက်စီးနိုင်မှုကို လျှော့ချပေးပါတယ်။

(၁) တရုတ်နံနံကြီးတစ်စီးမှ အရည်ညှစ်ပါ။ ပိတ်ပါးဖြင့် ခံပါ။ ထို့နောက် ပုလင်းထဲ ထည့်ပြီး တစ်ညသိပ်ထားပါ။ နောက်တစ်နေ့မှာတော့ ဆံ ပင်တစ်လျှောက်သာမက ဦးရေပြားထိ လိမ်းပေးပါ။ အဲဒီနောက် အသွားကျဲကျဲဘီးနဲ့ဖီးပေးပါ။ ပြီးနောက် ၁နာရီလောက်ထားပြီး ရေဆေးချပါ။ အဲဒီနောက် ဘီးဝိုင်း ဒါမှမဟုတ် သဘာဝအမွှေးအမျှင် ဘီးနဲ့ဖီးပေးပါ။
(၂) ဒုတိယနည်းကတော့ ရေခွက် တစ်ဝက်ကို နွားနို့ခွက်တစ်ဝက်နဲ့ ရောပါ။ ပြီးတဲ့နောက် စပရေးဖြန်းလို့ရတဲ့ဘူးထဲ ထည့်ပါ။ စပရေးမဖြန်းမီ ရှုပ်ထွေးနေတဲ့ဆံပင်တွေကို အရင်ရှင်းပါ။ ပြီးနောက် ဆံပင်ကို စပရေး နဲ့ဖြန်းပြီး တခေါက်ပြန်ဖီးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချပါ။ ဘီးကျဲကျဲနဲ့ဖီးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးပါ။

(၃) တတိယနည်းကတော့ အုန်းသီး တစ်လုံးကနေ အုန်းနို့ ညှစ်ပါ။ သံပရာရည် ၁ဇွန်း ရောပါ။ ပြီးတဲ့နောက် ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ နောက်နေ့မှာ အပေါ်ယံလွှာတင်းနေတဲ့ အလွှာကို ယူပြီး ဆံပင်မှာ လိမ်းပေးပါ။ အဲဒီနောက်ဆံပင်ကို တဘက်နွေးနွေးနဲ့အုပ်ပေါင်းထားပေးပါ။ ၁ နာရီလောက် ထားပါ။ ပြီးနောက် ရေဆေးချပြီး ဘီးကျဲကျဲ နဲ့ ဖီးပေးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးပါ။