အသားအရည္ကို ပိုမိုပ်က္စီးေစတဲ့ လူတိုင္းသတိမထားမိၾကတဲ့ အလွအပဆိုင္ရာ အသုံးအေဆာင္မ်ား

Advertisements

ေရွးတုန္းက အီဂ်စ္လူမ်ိဳးေတြက မ်က္လုံးေပၚမွာ အလွျခယ္ဖို႔ ဓါတ္ျပဳထားတဲ့ ေၾကးနီကို အသုံးျပဳခဲ့ၾကပါတယ္။ ဒီနည္းလမ္းက အလြန္ကို အႏၲရာယ္မ်ားၿပီး အိပ္မေပ်ာ္တဲ့ေရာဂါကို ရေစပါတယ္။ ယေန႔ေခတ္မွာ မိတ္ကပ္ပစၥည္းေတြက စိတ္ခ်ရေအာင္ ထုတ္လုပ္ေပမယ့္ ေစ်းကြက္ထဲမွာေတာ့ အတုအေယာင္ေတြ ရွိေနဆဲပါပဲ။ အခ်ိဳ႕ skincare ပစၥည္းေတြေၾကာင့္ အသားအေရက အလြန္ကို ဆိုး႐ြားႏိုင္ပါတယ္။

၁။ ၾကမ္းတမ္းတဲ့ ပါဝင္ပစၥည္းေတြပါဝင္တဲ့ မ်က္ႏွာေၾကးခြၽတ္ေဆး

ေန႔စဥ္ သို႔မဟုတ္ တစ္ပတ္တစ္ခါ ေၾကးခြၽတ္ျခင္းက အသားအေရကို ပ်က္စီးေစႏိုင္ပါတယ္။ ပြန္းရွလြယ္တဲ့ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ scrubေတြက အေရျပားအျပင္လႊာေတြကို ထိခိုက္ေစႏိုင္ပါတယ္။ အသားအေရကို ေၾကးခြၽတ္ၿပီးတဲ့အခါ အေရျပားက ခဏတာ အဆီဓါတ္မရွိေတာ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ အသားအေရ မြဲေျခာက္လာႏိုင္ပါတယ္။

၂။ ဝက္ၿခံေပ်ာက္ေဆးမ်ား

ဝက္ၿခံေပ်ာက္ေစတဲ့ေဆးေတြကလည္း အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။ ဝက္ၿခံက ခဏတာေပါက္ေပမယ့္ ဝက္ၿခံေပ်ာက္ေဆးေတြေၾကာင့္ အသားအေရယားယံတာေတြ၊ ေလာင္တာေတြ ျဖစ္တတ္ပါတယ္။

၃။ Gua sha ေက်ာက္ခဲ

အသားအေရကို Gua sha ေက်ာက္ခဲနဲ႔ ႏွိပ္နယ္ေပးျခင္းက ေသြးလည္ပတ္မႈ ေကာင္းေစၿပီး လည္ပင္းနာ သက္သာေစပါတယ္။ ဒါေပမယ့္ Gua sha ေက်ာက္တုံးနဲ႔ အသားအေရကို ပြတ္တိုက္ရတာေၾကာင့္ အေရျပားေပၚက ေသြးေၾကာေၾကာေသးေသးေလးေတြကို ထိခိုက္မိၿပီး အနီကြက္ေတြ ျဖစ္လာပါတယ္

၄။ Dry brush

Dry brush က အသားအေရေၾကးခြၽတ္ဖို႔ နည္းလမ္းေကာင္းတစ္ခုပါပဲ။ ဒါေပမယ့္ လူတိုင္းနဲ႔ေတာ့ မကိုက္ညီႏိုင္ပါဘူး။ ႏွင္းခူနာရွိသူေတြကေတာ့ ဒီနည္းလမ္းကို ေရွာင္သင့္ပါတယ္။

၅။ အရက္ျပန္ႏွင့္ပြတ္ျခင္း

မ်က္ႏွာကို အရက္ျပန္နဲ႔ပြတ္ရင္ သန္႔စင္သြားတယ္လို႔ ထင္ရေပမယ့္ အသားအေရက ေျခာက္သြားပါတယ္။ တကယ္ေတာ့ မ်က္ႏွာကို အရက္ျပန္နဲ႔ပြတ္ရင္ အသားအေရရဲ႕ လိုအပ္တဲ့အဆီေတြ ဆုံးရႈံးသြားၿပီး ဝက္ၿခံကို ပိုဆိုးလာေစပါတယ္။

၆။ ဓါတုနည္းျဖင့္ ေၾကးခြၽတ္ျခင္း

သင္က တစ္ပတ္ကိုတစ္ခါ ဓါတုနည္းနဲ႔ ေၾကးခြၽတ္မယ္ဆိုရင္ အေရျပားကို ကာကြယ္ေပးတဲ့ သဘာဝအဆီေတြ ပ်က္စီးသြားတာကို ႀကဳံေတြ႕ရမွာပါ။ အဲဒီကေန မ်က္ႏွာအသားအေရ ေရာင္ရမ္းတာ၊ အနီကြက္ေတြ ေပၚလာေတြ ျဖစ္လာႏိုင္လို႔ပါ။

၇။ ဆားဝက္ၿခံကပ္ခြာ

ဆားဝက္ၿခံကပ္ခြာေတြက ဆားဝက္ၿခံေတြကို ဖယ္႐ုံသာမက မ်က္ႏွာေပၚက သဘာဝအဆီေတြကိုပါ ဖယ္ရွားလိုက္ပါတယ္။ မ်က္ႏွာေပၚက သဘာဝအဆီေတြက အသားအေရက်န္းမာေအာင္ ျပဳလုပ္ေပးတာပါ။ ဆားဝက္ၿခံကပ္ခြာကို သုံးေပမယ့္ ဆားဝက္ၿခံေတြက လုံးဝေပ်ာက္သြားတာေတာ့ မဟုတ္ပါဘူး။

Unicode

အသားအရည်ကို ပိုမိုပျက်စီးစေတဲ့ လူတိုင်းသတိမထားမိကြတဲ့ အလှအပဆိုင်ရာ အသုံးအဆောင်များ

ရှေးတုန်းက အီဂျစ်လူမျိုးတွေက မျက်လုံးပေါ်မှာ အလှခြယ်ဖို့ ဓါတ်ပြုထားတဲ့ ကြေးနီကို အသုံးပြုခဲ့ကြပါတယ်။ ဒီနည်းလမ်းက အလွန်ကို အန္တရာယ်များပြီး အိပ်မပျော်တဲ့ရောဂါကို ရစေပါတယ်။ ယနေ့ခေတ်မှာ မိတ်ကပ်ပစ္စည်းတွေက စိတ်ချရအောင် ထုတ်လုပ်ပေမယ့် စျေးကွက်ထဲမှာတော့ အတုအယောင်တွေ ရှိနေဆဲပါပဲ။ အချို့ skincare ပစ္စည်းတွေကြောင့် အသားအရေက အလွန်ကို ဆိုးရွားနိုင်ပါတယ်။

၁။ ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ မျက်နှာကြေးချွတ်ဆေး

နေ့စဥ် သို့မဟုတ် တစ်ပတ်တစ်ခါ ကြေးချွတ်ခြင်းက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ပွန်းရှလွယ်တဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ scrubတွေက အရေပြားအပြင်လွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ အသားအရေကို ကြေးချွတ်ပြီးတဲ့အခါ အရေပြားက ခဏတာ အဆီဓါတ်မရှိတော့ပါဘူး။ နောက်ပိုင်းမှာတော့ အသားအရေ မွဲခြောက်လာနိုင်ပါတယ်။

၂။ ဝက်ခြံပျောက်ဆေးများ

ဝက်ခြံပျောက်စေတဲ့ဆေးတွေကလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။ ဝက်ခြံက ခဏတာပေါက်ပေမယ့် ဝက်ခြံပျောက်ဆေးတွေကြောင့် အသားအရေယားယံတာတွေ၊ လောင်တာတွေ ဖြစ်တတ်ပါတယ်။

၃။ Gua sha ကျောက်ခဲ

အသားအရေကို Gua sha ကျောက်ခဲနဲ့ နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှု ကောင်းစေပြီး လည်ပင်းနာ သက်သာစေပါတယ်။ ဒါပေမယ့် Gua sha ကျောက်တုံးနဲ့ အသားအရေကို ပွတ်တိုက်ရတာကြောင့် အရေပြားပေါ်က သွေးကြောကြောသေးသေးလေးတွေကို ထိခိုက်မိပြီး အနီကွက်တွေ ဖြစ်လာပါတယ်

၄။ Dry brush

Dry brush က အသားအရေကြေးချွတ်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမယ့် လူတိုင်းနဲ့တော့ မကိုက်ညီနိုင်ပါဘူး။ နှင်းခူနာရှိသူတွေကတော့ ဒီနည်းလမ်းကို ရှောင်သင့်ပါတယ်။

၅။ အရက်ပြန်နှင့်ပွတ်ခြင်း

မျက်နှာကို အရက်ပြန်နဲ့ပွတ်ရင် သန့်စင်သွားတယ်လို့ ထင်ရပေမယ့် အသားအရေက ခြောက်သွားပါတယ်။ တကယ်တော့ မျက်နှာကို အရက်ပြန်နဲ့ပွတ်ရင် အသားအရေရဲ့ လိုအပ်တဲ့အဆီတွေ ဆုံးရှုံးသွားပြီး ဝက်ခြံကို ပိုဆိုးလာစေပါတယ်။

၆။ ဓါတုနည်းဖြင့် ကြေးချွတ်ခြင်း

သင်က တစ်ပတ်ကိုတစ်ခါ ဓါတုနည်းနဲ့ ကြေးချွတ်မယ်ဆိုရင် အရေပြားကို ကာကွယ်ပေးတဲ့ သဘာဝအဆီတွေ ပျက်စီးသွားတာကို ကြုံတွေ့ရမှာပါ။ အဲဒီကနေ မျက်နှာအသားအရေ ရောင်ရမ်းတာ၊ အနီကွက်တွေ ပေါ်လာတွေ ဖြစ်လာနိုင်လို့ပါ။

၇။ ဆားဝက်ခြံကပ်ခွာ

ဆားဝက်ခြံကပ်ခွာတွေက ဆားဝက်ခြံတွေကို ဖယ်ရုံသာမက မျက်နှာပေါ်က သဘာဝအဆီတွေကိုပါ ဖယ်ရှားလိုက်ပါတယ်။ မျက်နှာပေါ်က သဘာဝအဆီတွေက အသားအရေကျန်းမာအောင် ပြုလုပ်ပေးတာပါ။ ဆားဝက်ခြံကပ်ခွာကို သုံးပေမယ့် ဆားဝက်ခြံတွေက လုံးဝပျောက်သွားတာတော့ မဟုတ်ပါဘူး။