Unicode
ဆံပင်တို ညှပ်ချင်ပေမယ့် သင့်မျက်နှာနဲ့ လိုက်မလိုက် ဝေခွဲရခက်နေတယ်ဆိုရင် ဒီနည်းလေးနဲ့ ဆုံးဖြတ်လိုက်ပါ
ဆံပင်တိုတိုညှပ်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပေါ့ပါးတဲ့ဟန်ပန်သွင်ပြင်ကို လူတိုင်းသဘောကျမိကြမှာပါ၊ ခုနောက်ပိုင်းလည်း မိန်းကလေးတွေတော်တော်များများဟာ နိုင်ငံတကာ အနုပညာရှင်တွေလို ဆံပင်တိုလေးတွေ ညှပ်ရတာ ပိုသဘော ကျလာကြပါတယ်။ ညှပ်ချင်လာကြပါတယ်။
ဒါပေမယ့် ဆံပင်တိုနဲ့ ကိုယ့်မျက်နှာ လိုက်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်ရတာကလည်း ဒုက္ခတစ်မျိုးပါ၊ မညှပ်ခင် ကိုယ်နဲ့လိုက်မလိုက်သိမှသာ ဘယ်သူမဆို ညှပ်ရဲကြမှာပေါ့နော်၊ ဒီတော့ ဆံပင်တိုညှပ်ချင်ပေမယ့် ကိုယ်နဲ့လိုက်မလိုက် ဝေခွဲရခက်နေသူတွေအတွက် နည်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။
သင်လုပ်ရမှာက ပေတံတစ်ချောင်းရှာလိုက်ပါ၊ အောက်ကပုံမှာ ပြထားသလို ပေတံကို နားအောက်နားကနေ ကပ်ပြီး မျက်နှာအရှည်ကို တိုင်းတာရမှာပါ၊ နားရွက်အောက်နားလေးကနေ မေ့စေးအထိ တိုင်းတာလိုက်လို့ ပေတံမှာ 2.25လက်မ အောက်သာရှိနေမယ်ဆိုရင် သင့်မျက်နှာဟာ ဆံပင်တိုနဲ့ လိုက်ဖက်တဲ့ မျက်နှာပါ။
2.25 လက်မထက် ကျော်သွားမယ်ဆိုရင်တော့ ဆံပင်တိုနဲ့ သိပ်မလိုက်ဖက်ပါဘူးတဲ့။ ကဲဆံပင်တို ညှပ်ချင်နေတဲ့ ပျိုမေတွေ ခုပဲ စ တိုင်းကြည့်လိုက်ပါတော့နော်။