
ဗီယက္နမ္ႏိုင္ငံ၊ ၿမိဳ႕ေတာ္ဟႏြိဳင္းမွာ ေ႐ႊသားအတိၿပီးတဲ့ အိမ္သာ၊ ေရခ်ိဳးကန္၊ ေဘစင္ေတြနဲ႔ ၾကယ္ငါးပြင့္ အဆင့္ရွိ ဇိမ္ခံဟိုတယ္ႀကီးကို လူကုန္ထံေတြအတြက္ ဖြင့္လွစ္လိုက္တယ္လို႔ သိရပါတယ္။
ဗီယက္နမ္ႏိုင္ငံမွာ ၃ လၾကာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ဆို႔ကန္႔သတ္မႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ကမာၻလွည့္ခရီးသြား အခန္းက႑ေတြ ေႏွးေကြးသြားခဲ့တာေၾကာင့္ ခရီးသြားေတြကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ The Dolce Hanoi Golden Lake Hotel ကို အားထုတ္ခဲ့တာ ျဖစ္ပါတယ္။

Hoa Binh Group က ပိုင္ဆိုင္ၿပီး အေမရိကန္အေျခစိုက္ Wyndham Hotel And Resorts မွ စီမံခန္႔ခြဲတဲ့ အဆိုပါ ဟိုတယ္ဟာ ဆိုဗီယက္ေခတ္က အေဆာက္အဦးပုံစံျဖစ္ၿပီး ကမာၻေပၚမွာ ႏွစ္ခုမရွိဘူးလို႔ Hoa Binh Group မွ ဥကၠဌ Nguyen Huu Duong က ေျပာၾကားပါတယ္။
ဟိုတယ္ႀကီးရဲ႕ အမိုးေပၚမွာ ၂၄ ကာရက္တန္ဖိုးရွိ အဝါေရာင္ေ႐ႊေတြနဲ႔ အလွဆင္ထားတဲ့ ေရကူးကန္ရွိၿပီး ဧည့္ခန္းနဲ႔ ေရခ်ိဳးခန္းေတြမွာလည္း ေ႐ႊသားအတိၿပီးတဲ့ အသုံးအေဆာင္ေတြ ထားရွိပါတယ္။
ဟိုတယ္ရဲ႕ ေဈးႏႈန္းကေတာ့ တစ္ညကို အေမရိကန္ေဒၚလာ ၂၅၀ ရွိၿပီး ၿမိဳ႕ထဲရွိ အျခားဇိမ္ခံဟိုတယ္ေတြရဲ႕ ေဈးႏႈန္းေတြနဲ႔ အတူတူပဲ ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ ေ႐ႊဟိုတယ္ႀကီးဟာ ကပ္ေရာဂါမ်ား ကင္းစင္ၿပီး ခရီးသြားရာသီေရာက္လာတဲ့အခါမွာေတာ့ ဗီယက္နမ္ႏိုင္ငံရဲ႕ ေနာက္ထပ္ ဆြဲေဆာင္ႏိုင္မႈအရွိဆုံး ေနရာျဖစ္လာမယ္လို႔ အမ်ားက တြက္ဆၾကပါတယ္။
ဟိုတယ္အျပင္ပိုင္းကို အလွဆင္ဖို႔ ေ႐ႊ တစ္တန္ခန္႔ အသုံးျပဳခဲ့ရၿပီး ဟိုခ်ီမင္းၿမိဳ႕နဲ႔ ဗီယက္နမ္ အလယ္ပိုင္းရွိ အပန္းေျဖေနရာတစ္ခုမွာလည္း ေ႐ႊနဲ႔ျပဳလုပ္မယ့္ ပေရာဂ်က္ေတြ စီစဥ္ထားေၾကာင္း ဥကၠဌ Duong က ေျပာၾကားခဲ့ပါတယ္။
Unicode
အိမ်သာ ရေချိုးခန်းကအစ ရွှေသားအတိပြီးတဲ့ ဗွီယက်နမ်နိုင်ငံက ရွေရောင်လွှမ်းတဲ့ ဇိမ်ခံဟိုတယ်ကြီး
ဗီယက်နမ်နိုင်ငံ၊ မြို့တော်ဟနွိုင်းမှာ ရွှေသားအတိပြီးတဲ့ အိမ်သာ၊ ရေချိုးကန်၊ ဘေစင်တွေနဲ့ ကြယ်ငါးပွင့် အဆင့်ရှိ ဇိမ်ခံဟိုတယ်ကြီးကို လူကုန်ထံတွေအတွက် ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ၃ လကြာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာလှည့်ခရီးသွား အခန်းကဏ္ဍတွေ နှေးကွေးသွားခဲ့တာကြောင့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် The Dolce Hanoi Golden Lake Hotel ကို အားထုတ်ခဲ့တာ ဖြစ်ပါတယ်။
Hoa Binh Group က ပိုင်ဆိုင်ပြီး အမေရိကန်အခြေစိုက် Wyndham Hotel And Resorts မှ စီမံခန့်ခွဲတဲ့ အဆိုပါ ဟိုတယ်ဟာ ဆိုဗီယက်ခေတ်က အဆောက်အဦးပုံစံဖြစ်ပြီး ကမ္ဘာပေါ်မှာ နှစ်ခုမရှိဘူးလို့ Hoa Binh Group မှ ဥက္ကဌ Nguyen Huu Duong က ပြောကြားပါတယ်။

ဟိုတယ်ကြီးရဲ့ အမိုးပေါ်မှာ ၂၄ ကာရက်တန်ဖိုးရှိ အဝါရောင်ရွှေတွေနဲ့ အလှဆင်ထားတဲ့ ရေကူးကန်ရှိပြီး ဧည့်ခန်းနဲ့ ရေချိုးခန်းတွေမှာလည်း ရွှေသားအတိပြီးတဲ့ အသုံးအဆောင်တွေ ထားရှိပါတယ်။
ဟိုတယ်ရဲ့ ဈေးနှုန်းကတော့ တစ်ညကို အမေရိကန်ဒေါ်လာ ၂၅၀ ရှိပြီး မြို့ထဲရှိ အခြားဇိမ်ခံဟိုတယ်တွေရဲ့ ဈေးနှုန်းတွေနဲ့ အတူတူပဲ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရွှေဟိုတယ်ကြီးဟာ ကပ်ရောဂါများ ကင်းစင်ပြီး ခရီးသွားရာသီရောက်လာတဲ့အခါမှာတော့ ဗီယက်နမ်နိုင်ငံရဲ့ နောက်ထပ် ဆွဲဆောင်နိုင်မှုအရှိဆုံး နေရာဖြစ်လာမယ်လို့ အများက တွက်ဆကြပါတယ်။
ဟိုတယ်အပြင်ပိုင်းကို အလှဆင်ဖို့ ရွှေ တစ်တန်ခန့် အသုံးပြုခဲ့ရပြီး ဟိုချီမင်းမြို့နဲ့ ဗီယက်နမ် အလယ်ပိုင်းရှိ အပန်းဖြေနေရာတစ်ခုမှာလည်း ရွှေနဲ့ပြုလုပ်မယ့် ပရောဂျက်တွေ စီစဉ်ထားကြောင်း ဥက္ကဌ Duong က ပြောကြားခဲ့ပါတယ်။