
ညဘက္အိပ္တဲ့အခါ နားနားမွာ ျခင္တဝီတီျမည္တာက ေဒါသထြက္စရာပါပဲ။ ျခင္သံက တစ္ခါတေလမွာ တစ္ညလုံး အိပ္မရေအာင္ေတာင္ လုပ္တတ္ၾကပါတယ္။ လူေတြရဲ႕ေသြးကို စုပ္ယူတာက ျခင္အမပါ။ နားၿငီးစရာေကာင္းတဲ့အသံကိုေတာ့ ျခင္အထီးေရာ အမေရာပါ လုပ္တတ္ၾကပါတယ္။
သုေတသနျပဳခ်က္ေတြအရ လူေတြရဲ႕ အနံ႔ေၾကာင့္ ျခင္ေတြက လူေတြနားမွာ ဝဲလာတာပါ။ လူေတြအိပ္တဲ့အခါ တစ္ကိုယ္လုံးကို ေစာင္ၿခဳံၿပီး မ်က္ႏွာေပၚကိုေတာ့ ေစာင္မၿခဳံပါဘူး။ နားက လူ႔ခႏၶာကိုယ္ရဲ႕ အညစ္ပတ္ဆုံးအပိုင္းထဲက တစ္ပိုင္းပါ။ အဲဒါေၾကာင့္လည္း ျခင္ေတြက နားေပၚမွာ ဝဲတတ္ၾကပါတယ္။

တကယ္ေတာ့ ျခင္ေတြက သင့္ရဲ႕နားအနားမွာ သီခ်င္းဆိုေနတာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ေတာင္ပံေတြကို ဆက္တိုက္ခတ္တဲ့အခါ ထြက္လာတဲ့အသံက တဝီဝီျဖစ္သြားတာပါ။ ျခင္ေတြက ေတာင္ပံခတ္သံနဲ႔ တစ္ေကာင္နဲ႔တစ္ေကာင္ ဆက္သြယ္သလို အဲဒီအသံက မိတ္လိုက္ဖို႔ အေဖာ္ရွာတာလည္း ျဖစ္ပါတယ္။
ျခင္အမ ျခင္ဥေတြကို ႀကီးျပင္းတိုးတက္လာေစဖို႔ လူေတြရဲ႕ ခႏၶာကိုယ္အပူနဲ႔ ေခြၽးေတြကို ရွာေဖြပါတယ္။အိပ္ေနတဲ့အခါ လူေတြ အသက္ရႉထုတ္တဲ့ ကာဗြန္ဒိုက္ေအာက္ဆိုက္က ျခင္ေတြကို ဖိတ္ေခၚပါတယ္။ အဲဒါေၾကာင့္ ျခင္ေတြက နားမွာ ပ်ံဝဲေနတာပါ။

ျခင္ေအာ္သံမၾကားရဘဲ ေအးေအးေဆးေဆး အိပ္ဖို႔အတြက္
၁။ အမည္းေရာင္ အဝတ္အစားေတြကို ဝတ္မအိပ္သင့္ပါဘူး။ အမည္းေရာင္ အဝတ္အစားေတြက ျခင္ေတြကို ဆြဲေဆာင္တာေၾကာင့္ အေရာင္လင္းလင္းေဖ်ာ့ေဖ်ာ့ရွိတဲ့ အဝတ္အစားေတြကို ဝတ္ဆင္ၿပီး အိပ္သင့္ပါတယ္။
၂။ ေခြၽးမထြက္ေအာင္လို႔ မအိပ္ခင္မွာ ေရခ်ိဳးအိပ္ပါ။
၃။ ဘီယာေသာက္တာကို ေရွာင္ၾကဥ္ပါ။
၄။ ျမန္ျမန္လည္ေနတဲ့ပန္ကာကို အနီးအနားမွာထားပါ။
၅။ ျခင္ေတြကို သဘာဝအတိုင္း ႏွိမ္နင္းႏိုင္တဲ့ လာဗင္ဒါ၊ ႐ို႕စ္ေမရီ၊ ေတာႏွံပင္ေတြကို အခန္းထဲမွာ စိုက္ပ်ိဳးထားပါ။ အဲဒါဆိုရင္ေတာ့ ညဘက္က်ရင္ ျခင္ေတြရဲ႕ တဝီဝီျမည္သံကို သက္သာသြားမွာပါ။
Unicode
ညဘက် ခြင်တွေတဝီဝီ မြည်သံမကြားရအောင် လုပ်နိုင်မယ့် နည်းလမ်း
ညဘက်အိပ်တဲ့အခါ နားနားမှာ ခြင်တဝီတီမြည်တာက ဒေါသထွက်စရာပါပဲ။ ခြင်သံက တစ်ခါတလေမှာ တစ်ညလုံး အိပ်မရအောင်တောင် လုပ်တတ်ကြပါတယ်။ လူတွေရဲ့သွေးကို စုပ်ယူတာက ခြင်အမပါ။ နားငြီးစရာကောင်းတဲ့အသံကိုတော့ ခြင်အထီးရော အမရောပါ လုပ်တတ်ကြပါတယ်။
သုတေသနပြုချက်တွေအရ လူတွေရဲ့ အနံ့ကြောင့် ခြင်တွေက လူတွေနားမှာ ဝဲလာတာပါ။ လူတွေအိပ်တဲ့အခါ တစ်ကိုယ်လုံးကို စောင်ခြုံပြီး မျက်နှာပေါ်ကိုတော့ စောင်မခြုံပါဘူး။ နားက လူ့ခန္ဓာကိုယ်ရဲ့ အညစ်ပတ်ဆုံးအပိုင်းထဲက တစ်ပိုင်းပါ။ အဲဒါကြောင့်လည်း ခြင်တွေက နားပေါ်မှာ ဝဲတတ်ကြပါတယ်။

တကယ်တော့ ခြင်တွေက သင့်ရဲ့နားအနားမှာ သီချင်းဆိုနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့တောင်ပံတွေကို ဆက်တိုက်ခတ်တဲ့အခါ ထွက်လာတဲ့အသံက တဝီဝီဖြစ်သွားတာပါ။ ခြင်တွေက တောင်ပံခတ်သံနဲ့ တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်သလို အဲဒီအသံက မိတ်လိုက်ဖို့ အဖော်ရှာတာလည်း ဖြစ်ပါတယ်။
ခြင်အမ ခြင်ဥတွေကို ကြီးပြင်းတိုးတက်လာစေဖို့ လူတွေရဲ့ ခန္ဓာကိုယ်အပူနဲ့ ချွေးတွေကို ရှာဖွေပါတယ်။အိပ်နေတဲ့အခါ လူတွေ အသက်ရှူထုတ်တဲ့ ကာဗွန်ဒိုက်အောက်ဆိုက်က ခြင်တွေကို ဖိတ်ခေါ်ပါတယ်။ အဲဒါကြောင့် ခြင်တွေက နားမှာ ပျံဝဲနေတာပါ။

ခြင်အော်သံမကြားရဘဲ အေးအေးဆေးဆေး အိပ်ဖို့အတွက်
၁။ အမည်းရောင် အဝတ်အစားတွေကို ဝတ်မအိပ်သင့်ပါဘူး။ အမည်းရောင် အဝတ်အစားတွေက ခြင်တွေကို ဆွဲဆောင်တာကြောင့် အရောင်လင်းလင်းဖျော့ဖျော့ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး အိပ်သင့်ပါတယ်။
၂။ ချွေးမထွက်အောင်လို့ မအိပ်ခင်မှာ ရေချိုးအိပ်ပါ။
၃။ ဘီယာသောက်တာကို ရှောင်ကြဉ်ပါ။
၄။ မြန်မြန်လည်နေတဲ့ပန်ကာကို အနီးအနားမှာထားပါ။
၅။ ခြင်တွေကို သဘာဝအတိုင်း နှိမ်နင်းနိုင်တဲ့ လာဗင်ဒါ၊ ရို့စ်မေရီ၊ တောနှံပင်တွေကို အခန်းထဲမှာ စိုက်ပျိုးထားပါ။ အဲဒါဆိုရင်တော့ ညဘက်ကျရင် ခြင်တွေရဲ့ တဝီဝီမြည်သံကို သက်သာသွားမှာပါ။