Advertisements
သဘာဝ သွားတိုက်ဆေး
လက်ဖက်ဆီ (Tea Tree Oil)
စတော်ဘယ်ရီ
သဘာဝအုန်းဆီ
ငှက်ပျော်သီးခွံ
ပင်စိမ်းအရွက်
ရှားစောင်းလက်ပတ်
Unicode
ပုလဲလုံးလေးတွေ သီထားသလို သွားလှလှလေး ပိုင်ဆိုင်ခြင်သူတွေအတွက်
သွားဆိုလျှင် ပုလဲလုံးလေးတွေသီထားသလို ဖြူဖွေးနေတာကိုမှ လိုချင်ကြတဲ့သူတွေကြီးပါပဲ။ ဒါပေမဲ့ ဒီလိုဖြူဖွေးလှပတဲ့ သွားလေးတွေကို လူတိုင်းတော့ ဘယ်ရရှိပါ့မလဲ။ သွားဝါခြင်း၊ ကွမ်းဂျိုး၊ ဆေးလိပ်ဂျိုး၊ ကော်ဖီဂျိုး စတဲ့အစားအစာများနေ့စဉ်စားသုံးတဲ့သွားဟာ ဂျိုးတတ်ခြင်း၊ ခိုင်ခံ့မှုမရှိခြင်း၊ ခံတွင်းအနံ့ဆိုးများဖြစ်ပေါ်ခြင်း စတဲ့ ပြဿနာတွေ တစ်ခုမဟုတ်တစ်ခုနဲ့ ကြုံတွေနေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို ဖြေရှင်နိုင်မဲ့ နည်းလမ်းလေးတွေရှိပါတယ်။
သဘာဝ သွားတိုက်ဆေး
သဘာဝအုန်ဆီ လက်ဖက်စားဇွန်း ၁ဇွန်း၊ နနွင်းမှုန့်အစစ် လက်ဖက်စားဇွန်း ၁ဇွန်း၊ ပူစီနံဆီ ၂-၃ပေါက်လောက်ရောထည့်ပြီး သမအောင်မွှေပေးပါ။ ခရင်(မ်) ကဲသို့ရရှိသွားတဲ့အခါမှာ သွားတိုက်ဆေးအသုံးပြုသလို အသုံးပြုနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ သင့်သွားကို ဖြူဖွေးစေပြီး ခံတွင်းမှ အနံ့ဆိုးတွေကိုပပျောက်စေပါတယ်။
လက်ဖက်ဆီ (Tea Tree Oil)
လက်ဖက်ခွက်တစ်ခွက်ထဲသို့ ရေ ၁၀၀% ထည့်ပါ။ ထိုရေထည့်ထားတဲ့ ဖန်ခွက်ထဲသို့ လက်ဖက်ဆီ (Tea Tree Oil) ၅ စက်လောက်ရောထည့်ပါ။ ထိုရေဖြင့် ပလုတ်ကျင်းခြင်းဖြင့် တစ်ပတ်အတွင်းသင့်အတွက် ရလဒ်ကောင်းတွေရရှိမှာဖြစ်ပါတယ်။
စတော်ဘယ်ရီ
လတ်ဆတ်တဲ့စတော်ဘယ်ရီသီးကိုယူပြီး ဇွန်းဖြင့်ချေပါ (သို့) ကြိတ်စက်ဖြင့် ကြိတ်ပါ။ ထိုမှရရှိလာတဲ့ စတောဘယ်ရီရည်ကို ဆားဖြင့်ရောပြီး သွားတိုက်ဆေးအသုံးပြုသလို အသုံးပြုနိုင်ပါတယ်။ နှစ်ပတ် တစ်ကြိမ်အနည်းဆုံးပြုလုပ်ပါ။ ဒီလိုသွားတိုက်ခြင်းက သွားဝါခြင်းကို ကာကွယ်ပြီး သင့်ရဲ့သွားတွေကို ကြွေကဲ့သို့ဖြူဝင်းစေပါတယ်။
သဘာဝအုန်းဆီ
သဘာဝအုန်ဆီကို ခဲသွားအောင် အရင်ပြုလုပ်ပါ။ အုန်းဆီခဲသွားပြီးဆိုရင် လက်ဖက်စားဇွန်းတစ်ဇွန်းခန့်လောက် ယူပြီး သင်သွားတိုက်မဲ့ သွားတိုက်တံမှာတင်ပြီး ပုံမှန်သွားတိုက်သလို တိုက်ပေးပါ။ ၁၀မိနစ် ၁၅မိနစ်ကြာတဲ့အခါမှ ပလုတ်ကျင်းပေးပါ။ ဒီလိုပြုလုပ်ခြင်းဟာ သင့်သွားမှာရှိတဲ့ ဂျိုးတွေကို ဖယ်ရှားစေပြီး သွားဝါခြင်းကိုလဲ ကာကွယ်ပေးစေပါတယ်။ တစ်ပတ်ကို သုံးကြိမ်လောက်ပြုလုပ်ပေးခြင်းဖြင့် ရလဒ်ကောင်းတွေရရှိနိုင်မှာဖြစ်ပါတယ်။
ငှက်ပျော်သီးခွံ
သင့်သွားများကို ငှက်ပျောခွံဖြင့် နှိုက်နှိုက်ချွတ်ချွတ်ပွတ်တိုက် ပြီးလျှင် ၅မိနစ် ၇မိနစ်လောက်စောင့်ပေးပါ။ ပြီးမှ သွားတိုက်ဆေးဖြင့်သွားတိုက်ပေးပါ။ ငှက်ပျောခွံမှာ သင့်သွားများရဲ့အရောင်ကို ထိန်းသိမ်းပေးဖို့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။
သံပုရာရည်ဖြင့် ပါးစပ်ဆေးခြင်း
သံပုရာရည် ၃ဆ၊ ဆား ၁ဆ တို့ကို ရောနှောပြီး သင့်ပါးစပ်ကို ပလုတ်ကျင်းပေးပါ။ တစ်ပတ်ကို ၂ကြိမ် ၃ကြိမ် ပြုုလပ်ပေးခြင်းဖြင့် ခံတွင်းမှ အနံဆိုးတွေ ပပျောက်စေပြီး အသက်ရှူတိုင်းလတ်ဆတ်တဲ့လေကိုရရှိမှာဖြစ်ပါတယ်။ (ဒါပေမဲ့ ခံတွင်းရောင်ရမ်းခြင်း၊ အနာပေါက်နေခြင်း စတဲ့ဝေဒနာတွေရှိနေရင်တော့ ဒီနည်းဖြင့် ပါးစပ်ဆေးခြင်းကို ရှောင်ကျင်ပါ။)
ပင်စိမ်းအရွက်
သန့်ရှင်းလတ်ဆတ်တဲ့ ပင်စိမ်းအရွက်ကို ကြိတ်ဆုံဖြင့် ကြိတ်ပြီး ရရှိလာတဲ့ ပင်စိမ်းကြိတ်ထားတဲ့ အနှစ်ဖြင့် သင့်သွားကို ၅မိနစ် ၁၀မိနစ်ခန့် တိုက်ပေးပါ။ သွားတိုက်ဆေးတစ်ခုလို ပုံမှန်သုံးစွဲနိုင်ပြီး ထိုပင်စိမ်းဖြင့်သွားတိုက်ခြင်းဟာ သင့်သွားကို ပိုပြီး ခိုင်ခံ့စေပါတယ်။
ရှားစောင်းလက်ပတ်
လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်ထဲက ဂျယ်ကဲ့သို့ အတွင်းသားများကို ယူပြီး သွားတိုက်ဆေးကဲ့သို့ သွားတိုက်တံပေါ်တင်ပြီး အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဖြင့်သွားတိုက်ခြင်းဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်းသင့်သွားများကို ဖြူဖွေးတောင်ပြောင်လာစေမှာဖြစ်ပါတယ်။