ဝက္ၿခံေပ်ာက္ခ်င္သူေတြအတြက္ ေဆာင္ရန္ ေရွာင္ရန္ နည္းလမ္းအခ်ိဳ႕

Advertisements

လူတိုင္း ဝက္ၿခံနဲ႔ ကင္းတဲ့သူဆိုတာ ခပ္ရွားရွားပါ။ အားလုံးဝက္ၿခံေပါက္ဖူးတဲ့သူေတြမ်ားပါတယ္။ ဝက္ၿခံေပါက္တဲ့အခါ စိတ္ညစ္ရသလို မိန္ကေလးေတြအေနနဲ႔လည္း ကိုယ့္ရဲ႕ပင္ကိုယ္အလွကို ေမွးမွိန္ေစတဲ့အတြက္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈေလ်ာ့နည္းေစပါတယ္။ ဒီလိုဝက္ၿခံေတြ ခဏခဏထြက္ေနရင္ ဝက္ၿခံမေပါက္ေအာင္ဘယ္လိုေတြနည္းလမ္းေတြကို အသုံးျပဳၿပီး ဘယ္လိုေရွာင္ၾကဥ္ရမလဲဆိုတာ ပရိတ္သတ္ႀကီးအတြက္မွ်ေဝေပးလိုက္တယ္ေနာ္။

ၾကက္ဥအကာ

ၾကက္ဥထဲက အႏွစ္ကိုထုတ္ၿပီး ၾကက္ဥအကာကို သင့္မ်က္ႏွာေပၚမွာ ညင္ညင္သာသာ သုတ္လိမ္းေပးပါ။ ၂မိနစ္ေလာက္ၾကာတဲ့အခါ ေျခာက္သြားလွ်င္ေနာက္ထက္ ၾကက္ဥအကာကို သင့္မ်က္ႏွာေပၚမွာ ထပ္သုတ္ေပးပါ။ မိနစ္ ၂၀ေလာက္ၾကာတဲ့အခါက်မွ သင့္မ်က္ႏွာေပၚသို႔ႏူညံ့တဲ့ ပိတ္စ တစ္တစ္ခုခုကို ေရေႏြးစြတ္ၿပီး သန႔္စင္ေပးပါ။ ၾကက္ဥအကာဟာ သင့္မ်က္ႏွာေပၚက ေခြၽးေပါက္ေတြကို ေပ်ာက္ကင္းေစၿပီး အမဲစက္/ဝက္ၿခံမ်ားကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါ့အျပင္ အသားအေရကိုေခ်ာေမြ႕ေစၿပီး ဖုန္နဲ႔ အညစ္အေၾကးေတြကိုလဲဖယ္ထုတ္ေပးႏိုင္ပါတယ္။

သစ္ခ်ပိုးေခါက္နဲ႔ ပ်ားရည္

ပ်ားရည္ လက္ဖက္စားဇြန္း ၁ဇြန္းနဲ႔ သစ္ခ်ပိုးေခါက္ လက္ဖက္စားဇြန္းဝက္ကို ေရာေမႊၿပီး သင့္မ်က္ႏွာေပၚမွာ ပြတ္လိမ္းေပးပါ။ ၃မိနစ္ေလာက္ သင့္မ်က္ႏွာေပၚထားၿပီးမွ မ်က္ႏွာကို သန႔္စင္ေပးပါ။ ေခြၽးေပါက္ထဲက ဖုန္နဲ႔ အညစ္အေၾကး၊ အဆီဖုေတြကို ဖယ္ရွားေပးၿပီး သင့္မ်က္ႏွာကို သန႔္ရွင္းၾကည္လင္ေစပါတယ္။ ဒီနည္းလမ္းေလးက သဘာဝနည္းလမ္းေလးလည္းျဖစ္သလို သင့္အတြက္ ျပဳလုပ္ရလည္း လြယ္ကူေစပါတယ္။

သံပုရာ၊ ဒိန္ခ်ဥ္၊ ပ်ားရည္၊ ဆား

သံပုရာရည္တစ္ဇြန္း၊ ဒိန္ခ်ဥ္တစ္ဇြန္း၊ ပင္လယ္စားတစ္ဇြန္း ကို ပ်ားရည္အနည္းငယ္နဲ႔ ေရာစပ္ၿပီး သင့္မ်က္ႏွာေပပၚက အမည္းစက္နဲ႔ ဝက္ၿခံရွိတဲ့ေနရာတစ္ဝႈိက္ကို သုတ္လိမ္းေပးပါ။ ၃မိနစ္ေလာက္ၾကာတဲ့အခါမွ ေရေႏြးေႏြးျဖင့္ ေဆးေၾကာေပးပါ။ သင့္မ်က္ႏွာေပၚက အမည္းစက္ကိုအခ်ိန္တိုအတြက္ ဖယ္ရွားႏိုင္ၿပီး မ်က္ႏွာကိုလည္း ၾကည္လင္ဝင္းပေစပါတယ္။

ဝက္ၿခံကို အျခားေသာနည္းလမ္းျဖင့္ ညႇစ္ပါ

ဝက္ၿခံညႇစ္တဲ့အခါ လက္ျဖင့္ ညႇစ္တာက သင့္ဝက္ၿခံကိုမေပ်ာက္တဲ့အျပင္ ပိုၿပီး ပြားမ်ားေစပါတယ္။ ဒါ့ေၾကာင့္ ဝက္ၿခံညႇစ္ခ်င္လွ်င္ ဝက္ၿခံညႇစ္လွ်င္ အသုံးျပဳတဲ့ comedone extractor ကို အသုံးျပဳပါ။ သင့္မ်က္ႏွာကို သန္စင္ၿပီးတဲ့အခါ comedone extractor ျဖင့္ ဝက္ၿခံရွိတဲ့ေနရာကိုအသာေလးဖိၿပီး ညႇစ္ေပးလိုက္ပါ။ အသားအေရကိုပ်က္စီးေအာင္ အတင္းဖိညႇစ္ျခင္းမ်ိဳးမျပဳလုပ္သင့္ပါဘူး။ ဒါ့အျပင္ အသုံးျပဳၿပီးလွ်င္လည္း အသုံးျပဳတဲ့ပစၥည္းကို ေသေသခ်ာခ်ာေဆးေၾကာသန႔္စင္ဖို႔လိုအပ္ပါတယ္။

Unicode

ဝက်ခြံပျောက်ချင်သူတွေအတွက် ဆောင်ရန် ရှောင်ရန် နည်းလမ်းအချို့

လူတိုင်း ဝက်ခြံနဲ့ ကင်းတဲ့သူဆိုတာ ခပ်ရှားရှားပါ။ အားလုံးဝက်ခြံပေါက်ဖူးတဲ့သူတွေများပါတယ်။ ဝက်ခြံပေါက်တဲ့အခါ စိတ်ညစ်ရသလို မိန်ကလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့ပင်ကိုယ်အလှကို မှေးမှိန်စေတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းစေပါတယ်။ ဒီလိုဝက်ခြံတွေ ခဏခဏထွက်နေရင် ဝက်ခြံမပေါက်အောင်ဘယ်လိုတွေနည်းလမ်းတွေကို အသုံးပြုပြီး ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာ ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်တယ်နော်။

ကြက်ဥအကာ

ကြက်ဥထဲက အနှစ်ကိုထုတ်ပြီး ကြက်ဥအကာကို သင့်မျက်နှာပေါ်မှာ ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ ၂မိနစ်လောက်ကြာတဲ့အခါ ခြောက်သွားလျှင်နောက်ထက် ကြက်ဥအကာကို သင့်မျက်နှာပေါ်မှာ ထပ်သုတ်ပေးပါ။ မိနစ် ၂၀လောက်ကြာတဲ့အခါကျမှ သင့်မျက်နှာပေါ်သို့နူညံ့တဲ့ ပိတ်စ တစ်တစ်ခုခုကို ရေနွေးစွတ်ပြီး သန့်စင်ပေးပါ။ ကြက်ဥအကာဟာ သင့်မျက်နှာပေါ်က ချွေးပေါက်တွေကို ပျောက်ကင်းစေပြီး အမဲစက်/ဝက်ခြံများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကိုချောမွေ့စေပြီး ဖုန်နဲ့ အညစ်အကြေးတွေကိုလဲဖယ်ထုတ်ပေးနိုင်ပါတယ်။

သစ်ချပိုးခေါက်နဲ့ ပျားရည်

ပျားရည် လက်ဖက်စားဇွန်း ၁ဇွန်းနဲ့ သစ်ချပိုးခေါက် လက်ဖက်စားဇွန်းဝက်ကို ရောမွှေပြီး သင့်မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပါ။ ၃မိနစ်လောက် သင့်မျက်နှာပေါ်ထားပြီးမှ မျက်နှာကို သန့်စင်ပေးပါ။ ချွေးပေါက်ထဲက ဖုန်နဲ့ အညစ်အကြေး၊ အဆီဖုတွေကို ဖယ်ရှားပေးပြီး သင့်မျက်နှာကို သန့်ရှင်းကြည်လင်စေပါတယ်။ ဒီနည်းလမ်းလေးက သဘာဝနည်းလမ်းလေးလည်းဖြစ်သလို သင့်အတွက် ပြုလုပ်ရလည်း လွယ်ကူစေပါတယ်။

သံပုရာ၊ ဒိန်ချဉ်၊ ပျားရည်၊ ဆား

သံပုရာရည်တစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်း၊ ပင်လယ်စားတစ်ဇွန်း ကို ပျားရည်အနည်းငယ်နဲ့ ရောစပ်ပြီး သင့်မျက်နှာပေပါ်က အမည်းစက်နဲ့ ဝက်ခြံရှိတဲ့နေရာတစ်ဝှိုက်ကို သုတ်လိမ်းပေးပါ။ ၃မိနစ်လောက်ကြာတဲ့အခါမှ ရေနွေးနွေးဖြင့် ဆေးကြောပေးပါ။ သင့်မျက်နှာပေါ်က အမည်းစက်ကိုအချိန်တိုအတွက် ဖယ်ရှားနိုင်ပြီး မျက်နှာကိုလည်း ကြည်လင်ဝင်းပစေပါတယ်။

ဝက်ခြံကို အခြားသောနည်းလမ်းဖြင့် ညှစ်ပါ

ဝက်ခြံညှစ်တဲ့အခါ လက်ဖြင့် ညှစ်တာက သင့်ဝက်ခြံကိုမပျောက်တဲ့အပြင် ပိုပြီး ပွားများစေပါတယ်။ ဒါ့ကြောင့် ဝက်ခြံညှစ်ချင်လျှင် ဝက်ခြံညှစ်လျှင် အသုံးပြုတဲ့ comedone extractor ကို အသုံးပြုပါ။ သင့်မျက်နှာကို သန်စင်ပြီးတဲ့အခါ comedone extractor ဖြင့် ဝက်ခြံရှိတဲ့နေရာကိုအသာလေးဖိပြီး ညှစ်ပေးလိုက်ပါ။ အသားအရေကိုပျက်စီးအောင် အတင်းဖိညှစ်ခြင်းမျိုးမပြုလုပ်သင့်ပါဘူး။ ဒါ့အပြင် အသုံးပြုပြီးလျှင်လည်း အသုံးပြုတဲ့ပစ္စည်းကို သေသေချာချာဆေးကြောသန့်စင်ဖို့လိုအပ်ပါတယ်။