ေျခာက္ေသြ႕ပ်က္ဆီးေသာ ဆံသားမ်ားအတြက္ အိမ္တြင္း ေဆးၿမီးတိုနည္းေလးမ်ား

Advertisements

ေအာက္ေဖာ္ျပပါ ေငြကုန္ေၾကးက် သက္သာသည့္ နည္းလမ္းေလးမ်ားသည္ ႂကြပ္ဆတ္ ေျခာက္ေသြ႕ေသာ ဆံသားမ်ားကို ျပဳျပင္ေျပာင္းလဲေပးၿပီး ထူးကဲေကာင္းမြန္ကာ က်န္းမာစိုေျပတဲ့ ဆံသားမ်ားကို ပိုင္ဆိုင္ေစမည္ ျဖစ္ပါသည္။

ေထာပတ္သီးျဖင့္ ပ်က္ဆီးေနေသာ ဆံသားမ်ားကို ျပန္လည္ျပဳျပင္ပါ

ရင့္မွည့္ေသာ ေထာပတ္သီးတစ္လုံးကို ၾကက္ဥတစ္လုံးျဖင့္ ေရာေမႊႀကိတ္နယ္ၿပီး စိုစြတ္ေသာ ဆံသားမ်ား အေပၚတြင္ သုတ္လိမ္းေပးပါ။ ေထာပတ္သီးသည္ ဗီတာမင္ႏွင့္ မရွိမျဖစ္လိုအပ္ေသာ Fatty acids မ်ား ႂကြယ္ဝစြာ ပါဝင္ကာ ဆံသားေလးမ်ားကို စိုလက္ေတာက္ေျပာင္ေစေသာ သတၱဳဓာတ္မ်ားလည္း ပါဝင္ပါသည္။ ဆံသားမ်ားတြင္ မိနစ္ ၂ဝခန႔္ၾကာေအာင္ သုတ္လိမ္းထားၿပီး ေရေျပာင္စင္ေအာင္ ေဆးခ်ပါ။ ပ်က္ဆီးေနေသာ ဆံသားမ်ားအတြက္ တစ္ပတ္တစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ၿပီး ပ်က္ဆီးမႈမရွိေသာ ဆံသားမ်ား၏ က်န္းမာေရးအတြက္ တစ္လတစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္။

ေထာပတ္အသုံးျပဳပါ

ေျခာက္ေသြ႕ ႂကြပ္ဆတ္ေသာ ဆံသားမ်ားအတြက္ ေတာက္ပစိုေျပေစဖို႔ ေထာပတ္အနည္းငယ္ကို အသုံးျပဳ ေပးႏိုင္ပါတယ္။ ေျခာက္ေသြ႕ေသာ ဆံသားမ်ားအတြင္း သုတ္လိမ္းႏွိပ္နယ္ေပးၿပီး နာရီဝက္ခန႔္ၾကာေအာင္ ေရခ်ိဳးခန္းသုံး ေခါင္းစြပ္ျဖင့္ အုပ္ထားေပးပါ။ ၿပီးလွ်င္ ေခါင္းေလွ်ာ္ပစ္ၿပီး ေထာပတ္မ်ား ေျပာင္စင္သြားေအာင္ ေဆးေၾကာေပးပါ။

သံလြင္ဆီျဖင့္ ဖန္တီးျပဳျပင္ပါ

ေျခာက္ေသြ႕ေသာ ဆံသားမ်ားကို ေရဓာတ္ျပန္လည္ရရွိေစရန္ သံလြင္ဆီ ခပ္ေႏြးေႏြး ခြက္တစ္ဝက္ခန႔္ ဆံသားမ်ားအတြင္း သုတ္လိမ္းေပးပါ။ ပလပ္စတစ္အိတ္တစ္လုံးျဖင့္ စြပ္ထားၿပီး မ်က္ႏွာသုတ္ပဝါျဖင့္ ထုပ္ထားေပးပါ။ ၄၅မိနစ္ၾကာေအာင္ ထားထားေပးၿပီး ေခါင္းေလွ်ာ္ေပးကာ ေျပာင္စင္ေအာင္ ေလာင္းခ်ေပးျခင္းျဖင့္ ဆံသားမ်ား၏ ေရဓာတ္ကို ျပန္လည္ရရွိေစမည္ျဖစ္ပါသည္။

လက္ဖက္ရည္ျဖင့္ ေဆးေၾကာပါ

လက္ဖက္ရည္သည္ လည္ေခ်ာင္းနာျခင္းကို သက္သာေစႏိုင္႐ုံသာမကဘဲ ဆံသားမ်ားအတြက္ သဘာဝအတိုင္း ေတာက္ေျပာင္စိုေျပမႈကိုလည္း ေပးစြမ္းႏိုင္ပါတယ္။ အခ်ိဳမပါဝင္သည့္ လတ္ဆတ္စြာ က်ိဳခ်က္ထားေသာ လက္ဖက္ရည္ သို႔မဟုတ္ instant tea ေႏြးေႏြးေလးကို ပုံမွန္အတိုင္း ေခါင္းေလွ်ာ္ၿပီးလွ်င္ ေရႏွင့္ ေျပာင္စင္ေအာင္ ေဆးေၾကာေပးလိုက္ပါ။ လက္ဖက္ရည္သည္ ဆံသားအေရာင္ကို အားေကာင္းေစၿပီး Black tea သည္ ဆံသားမ်ားကို ပိုမိုနက္ေမွာင္ေစပါသည္။

ၾကက္ဥေခါင္းေလွ်ာ္ရည္အသုံးျပဳပါ

ေခါင္းေလွ်ာ္ရည္ အနည္းငယ္ႏွင့္ ၾကက္ဥကို ေရာေမႊကာ ပ်က္ဆီးေနေသာ ဆံသားမ်ားတြင္ ငါးမိနစ္ခန႔္ သုတ္လိမ္းေပးၿပီး ေရစင္ေအာင္ ေဆးခ်ပါ။ ဒီလို treatment ျပဳလုပ္ေပးျခင္းဟာ ဆံသားကို ပ႐ိုတင္းဓာတ္ တိုးျမင့္ေပးပါတယ္။

Botanical oils မ်ားျဖင့္ ထိန္းသိမ္းပါ

က်န္းမာေရးဆိုင္ရာ အစားအေသာက္ စတိုးဆိုင္မ်ားမွာ ဝယ္ယူရရွိႏိုင္တဲ့ သံလြင္ဆီ၊ Jojoba oil ႏွင့္ မက္မြန္သီးအဆီတို႔ဟာ ပ်က္ဆီးေနတဲ့ ဆံသားမ်ားအတြက္ အေကာင္းဆုံး သက္ေစာင့္ေဆးမ်ား ျဖစ္ၾကပါတယ္။ ဆံသားမ်ားက ေရစိုေပးၿပီး botanical oil အနည္းငယ္ျဖင့္ ဆံသားမ်ားတြင္ ႏွံ႔စပ္ေအာင္ သုတ္လိမ္းေပးပါ။ ၿပီးလွ်င္ ေရခ်ိဳးခန္းသုံး အစြပ္ျဖင့္ စြပ္ထားၿပီး မိနစ္ ၃၀ၾကာေအာင္ တဘက္ျဖင့္ ပတ္ထားပါ။ ထို႔ေနာက္ ေရစင္ေအာင္ ေဆးခ်ကာ ေခါင္းေလွ်ာ္ေပးလိုက္ပါ။

စိုစြတ္ေသာ ဆံသားမ်ားကို ေပါင္းထုပ္၍ အေျခာက္ခံပါ

ေခါင္းေလွ်ာ္ၿပီးသည့္အခါ ဆံသားမ်ားကို သုတ္မပစ္ဘဲ ပ်က္ဆီးေနေသာ ဆံသားမ်ားကို ခ်ည္သားတဘက္တစ္ထည္ ေပါင္းထုပ္ထားကာ ခ်ည္သားအား ေရဓာတ္ကို မိနစ္အနည္းငယ္ၾကာေအာင္ စုပ္ယူေစပါ။ ထိုကဲ့သို႔ျပဳလုပ္ေပးျခင္းျဖင့္ ဆံသားအဖ်ားမ်ား ကြဲ၍ ႏွစ္ခြျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္ပါသည္။

ဆံသားမ်ားကို ျဖန႔္ခ်ထားပါ

ဆံသားေလးမ်ားကို နာရီ အနည္းငယ္ေလာက္ ျဖန႔္ခ်ထားေပးပါ။ ဆံပင္ကို အရမ္းတင္းတင္းက်ပ္က်ပ္ႀကီး စည္းေႏွာင္ထားျခင္းမ်ိဳးကို ေရွာင္ရွားပါ။ အိပ္စက္တဲ့အခါ စည္းေႏွာင္ၿပီးေတာ့ မအိပ္စက္ပါနဲ႔။

omega-3s စားသုံးပါ

Borage oil, primrose oil ႏွင့္ flaxseed oil ပါဝင္တဲ့ ေဆးေတာင့္ေလးေတြကို တစ္ေန႔ တစ္လုံးမွ သုံးလုံးအထိ ေသာက္သုံးေပးပါ။ gamma-linolenic acid ကဲ့သို႔ေသာ Omega-3 fatty acids မ်ား ႂကြယ္ဝစြာ ပါဝင္တဲ့အတြက္ ဆံသားမ်ားကို ေရဓာတ္ျဖည့္တင္းကာ စိုေျပလွပေစပါတယ္။

Unicode

ခြောက်သွေ့ပျက်ဆီးသော ဆံသားများအတွက် အိမ်တွင်း ဆေးမြီးတိုနည်းလေးများ

အောက်ဖော်ပြပါ ငွေကုန်ကြေးကျ သက်သာသည့် နည်းလမ်းလေးများသည် ကြွပ်ဆတ် ခြောက်သွေ့သော ဆံသားများကို ပြုပြင်ပြောင်းလဲပေးပြီး ထူးကဲကောင်းမွန်ကာ ကျန်းမာစိုပြေတဲ့ ဆံသားများကို ပိုင်ဆိုင်စေမည် ဖြစ်ပါသည်။

ထောပတ်သီးဖြင့် ပျက်ဆီးနေသော ဆံသားများကို ပြန်လည်ပြုပြင်ပါ

ရင့်မှည့်သော ထောပတ်သီးတစ်လုံးကို ကြက်ဥတစ်လုံးဖြင့် ရောမွှေကြိတ်နယ်ပြီး စိုစွတ်သော ဆံသားများ အပေါ်တွင် သုတ်လိမ်းပေးပါ။ ထောပတ်သီးသည် ဗီတာမင်နှင့် မရှိမဖြစ်လိုအပ်သော Fatty acids များ ကြွယ်ဝစွာ ပါဝင်ကာ ဆံသားလေးများကို စိုလက်တောက်ပြောင်စေသော သတ္တုဓာတ်များလည်း ပါဝင်ပါသည်။ ဆံသားများတွင် မိနစ် ၂ဝခန့်ကြာအောင် သုတ်လိမ်းထားပြီး ရေပြောင်စင်အောင် ဆေးချပါ။ ပျက်ဆီးနေသော ဆံသားများအတွက် တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးနိုင်ပြီး ပျက်ဆီးမှုမရှိသော ဆံသားများ၏ ကျန်းမာရေးအတွက် တစ်လတစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ထောပတ်အသုံးပြုပါ

ခြောက်သွေ့ ကြွပ်ဆတ်သော ဆံသားများအတွက် တောက်ပစိုပြေစေဖို့ ထောပတ်အနည်းငယ်ကို အသုံးပြု ပေးနိုင်ပါတယ်။ ခြောက်သွေ့သော ဆံသားများအတွင်း သုတ်လိမ်းနှိပ်နယ်ပေးပြီး နာရီဝက်ခန့်ကြာအောင် ရေချိုးခန်းသုံး ခေါင်းစွပ်ဖြင့် အုပ်ထားပေးပါ။ ပြီးလျှင် ခေါင်းလျှော်ပစ်ပြီး ထောပတ်များ ပြောင်စင်သွားအောင် ဆေးကြောပေးပါ။

သံလွင်ဆီဖြင့် ဖန်တီးပြုပြင်ပါ

ခြောက်သွေ့သော ဆံသားများကို ရေဓာတ်ပြန်လည်ရရှိစေရန် သံလွင်ဆီ ခပ်နွေးနွေး ခွက်တစ်ဝက်ခန့် ဆံသားများအတွင်း သုတ်လိမ်းပေးပါ။ ပလပ်စတစ်အိတ်တစ်လုံးဖြင့် စွပ်ထားပြီး မျက်နှာသုတ်ပဝါဖြင့် ထုပ်ထားပေးပါ။ ၄၅မိနစ်ကြာအောင် ထားထားပေးပြီး ခေါင်းလျှော်ပေးကာ ပြောင်စင်အောင် လောင်းချပေးခြင်းဖြင့် ဆံသားများ၏ ရေဓာတ်ကို ပြန်လည်ရရှိစေမည်ဖြစ်ပါသည်။

လက်ဖက်ရည်ဖြင့် ဆေးကြောပါ

လက်ဖက်ရည်သည် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ရုံသာမကဘဲ ဆံသားများအတွက် သဘာဝအတိုင်း တောက်ပြောင်စိုပြေမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အချိုမပါဝင်သည့် လတ်ဆတ်စွာ ကျိုချက်ထားသော လက်ဖက်ရည် သို့မဟုတ် instant tea နွေးနွေးလေးကို ပုံမှန်အတိုင်း ခေါင်းလျှော်ပြီးလျှင် ရေနှင့် ပြောင်စင်အောင် ဆေးကြောပေးလိုက်ပါ။ လက်ဖက်ရည်သည် ဆံသားအရောင်ကို အားကောင်းစေပြီး Black tea သည် ဆံသားများကို ပိုမိုနက်မှောင်စေပါသည်။

ကြက်ဥခေါင်းလျှော်ရည်အသုံးပြုပါ

ခေါင်းလျှော်ရည် အနည်းငယ်နှင့် ကြက်ဥကို ရောမွှေကာ ပျက်ဆီးနေသော ဆံသားများတွင် ငါးမိနစ်ခန့် သုတ်လိမ်းပေးပြီး ရေစင်အောင် ဆေးချပါ။ ဒီလို treatment ပြုလုပ်ပေးခြင်းဟာ ဆံသားကို ပရိုတင်းဓာတ် တိုးမြင့်ပေးပါတယ်။

Botanical oils များဖြင့် ထိန်းသိမ်းပါ

ကျန်းမာရေးဆိုင်ရာ အစားအသောက် စတိုးဆိုင်များမှာ ဝယ်ယူရရှိနိုင်တဲ့ သံလွင်ဆီ၊ Jojoba oil နှင့် မက်မွန်သီးအဆီတို့ဟာ ပျက်ဆီးနေတဲ့ ဆံသားများအတွက် အကောင်းဆုံး သက်စောင့်ဆေးများ ဖြစ်ကြပါတယ်။ ဆံသားများက ရေစိုပေးပြီး botanical oil အနည်းငယ်ဖြင့် ဆံသားများတွင် နှံ့စပ်အောင် သုတ်လိမ်းပေးပါ။ ပြီးလျှင် ရေချိုးခန်းသုံး အစွပ်ဖြင့် စွပ်ထားပြီး မိနစ် ၃၀ကြာအောင် တဘက်ဖြင့် ပတ်ထားပါ။ ထို့နောက် ရေစင်အောင် ဆေးချကာ ခေါင်းလျှော်ပေးလိုက်ပါ။

စိုစွတ်သော ဆံသားများကို ပေါင်းထုပ်၍ အခြောက်ခံပါ

ခေါင်းလျှော်ပြီးသည့်အခါ ဆံသားများကို သုတ်မပစ်ဘဲ ပျက်ဆီးနေသော ဆံသားများကို ချည်သားတဘက်တစ်ထည် ပေါင်းထုပ်ထားကာ ချည်သားအား ရေဓာတ်ကို မိနစ်အနည်းငယ်ကြာအောင် စုပ်ယူစေပါ။ ထိုကဲ့သို့ပြုလုပ်ပေးခြင်းဖြင့် ဆံသားအဖျားများ ကွဲ၍ နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

ဆံသားများကို ဖြန့်ချထားပါ

ဆံသားလေးများကို နာရီ အနည်းငယ်လောက် ဖြန့်ချထားပေးပါ။ ဆံပင်ကို အရမ်းတင်းတင်းကျပ်ကျပ်ကြီး စည်းနှောင်ထားခြင်းမျိုးကို ရှောင်ရှားပါ။ အိပ်စက်တဲ့အခါ စည်းနှောင်ပြီးတော့ မအိပ်စက်ပါနဲ့။

omega-3s စားသုံးပါ

Borage oil, primrose oil နှင့် flaxseed oil ပါဝင်တဲ့ ဆေးတောင့်လေးတွေကို တစ်နေ့ တစ်လုံးမှ သုံးလုံးအထိ သောက်သုံးပေးပါ။ gamma-linolenic acid ကဲ့သို့သော Omega-3 fatty acids များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆံသားများကို ရေဓာတ်ဖြည့်တင်းကာ စိုပြေလှပစေပါတယ်။