
သင့္ကို ခ်မ္းသာေစမွာက သင့္ရဲ႕လစာမဟုတ္ပါဘူး။ သင့္ေငြေၾကးကို ဘယ္လိုစီမံခန႔္ခြဲသလဲဆိုတာပါပဲ။ ဒီစကားက အမွန္ပါပဲ။ ဒီစကားအတိုင္း ခ်ိန္ကိုက္ၾကည့္တဲ့အခါမွာ ကမာၻေပၚက အခ်မ္းသာဆုံးဘီလီယံနာေတြမွာလည္း ၿခိဳးၿခံေခြၽတာတတ္တဲ့အမူအက်င့္ေလးေတြ ရွိတာ ကိုေတြ႕ရွိရပါတယ္။
ဒီလိုအမူအက်င့္ေလးကို အတုယူမယ္ဆိုရင္ သင့္ရဲ႕ ေငြေၾကးႂကြယ္ဝမႈဟာလည္း ေျပာင္းလဲလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ႐ိုးရာေလးပရိတ္သတ္ႀကီးအတြက္ ဘီလီယံနာေတြ ေငြေၾကး ဘယ္လိုသုံးစြဲတတ္ၾကလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ မာခ္ဇူကာဘာဂ္်ဟာ ေဒၚလာ ၃၀၀၀၀ တန္ကားကိုသာစီးပါတယ္

ဇူကာဘာဂ္်အေနနဲ႔ Ferrari လိုကားမ်ိဳးကို တစ္လ တစ္စီးဝယ္စီးႏိုင္ေပမဲ့ Facebook Founder ဇူကာဘာဂ္်ဟာ Manual ကားအမ်ိဳးအစားျဖစ္တဲ့ Volkswagon GTI ကိုသာ ေမာင္းႏွင္ၿပီး ဒီကားရဲ႕တန္ဖိုးဟာ ေဒၚလာ ၃ ေသာင္း (ျမန္မာေငြ သိန္း ၄၁၀ ခန႔္) သာရွိပါတယ္။ ဒါ့အျပင္ ဇနီးျဖစ္သူ Priscilla Chan နဲ႔လက္ထပ္ပြဲကိုလည္း သူတို႔ရဲ႕ အိမ္ေနာက္ဘက္မွာသာ က်င္းပခဲ့ပါတယ္။ ၂၀၁၂ ႏွစ္ အီတလီဟန္းနီးမြန္းသြားစဥ္မွာလည္း ဇူကာဘာဂ္်တို႔ ဇနီးေမာင္ႏွံဟာ McDonald မုန႔္ကိုစားေနခဲ့ၾကတာကို ျမင္ခဲ့ရပါတယ္။ ဇူကာဘာဂ္်တို႔ဟာ ကယ္လီဖိုးနီးယားျပည္နယ္ ဆန္တာကလာရာေကာင္တီရွိ ပါလိုအာတိုၿမိဳ႕မွာ ေဒၚလာ ၇ သန္းတန္အိမ္ကို ဝယ္ယူခဲ့ေပမဲ့ လူအမ်ားစုကေတာ့ဒီအိမ္ဟာ ဇူကာဘာဂ္်ရဲ႕ ႂကြယ္ဝမႈနဲ႔ ယွဥ္ရင္ နည္းေနေသးတယ္လို႔ ေျပာဆိုၾကပါတယ္။
၂။ ဝါရင္ဘတ္ဖတ္ဟာ ၁၉၅၈ ခုႏွစ္က ေဒၚလာ ၃၁၅၀၀ နဲ႔ဝယ္ယူခဲ့တဲ့ အိမ္မွာပဲေနထိုင္ဆဲျဖစ္ပါတယ္။
Berkshire Hathaway လုပ္ငန္းစုရဲ႕ CEO ျဖစ္သူ ဝါရင္ဘတ္ဖတ္ဟာ ၂၀၁၇ မတ္လစာရင္းအရ ပိုင္ဆိုင္မႈ ေဒၚလာ ၇၃.၃ ဘီလီယံ ႂကြယ္ဝသူတစ္ေယာက္ျဖစ္ၿပီး ကမာၻစတုတၳေျမာက္အခ်မ္းသာဆုံး ဘီလီယံနာ တစ္ေယာက္ျဖစ္ေပမဲ့ နီဘာရာစကာျပည္နယ္ (Nebraska) အိုမားဟားၿမိဳ႕(Omaha)ရွိ ေပ ၆၀၀၀ က်ယ္ဝန္းတဲ့အိမ္မွာ ေနထိုင္ဆဲျဖစ္ပါတယ္။ ဒီအိမ္ဝယ္ယူမႈကို ဘတ္ဖတ္ဟာ သူ႔ဘဝရဲ႕ တတိယ အေကာင္းဆုံးရင္းႏွီးျမဳပ္ႏွံမႈလို႔ေခၚဆိုခဲ့ၿပီး သူ႔ရဲ႕ အိမ္ေပါက္ေဈးဟာလက္ရွိအခ်ိန္မွာ ေဒၚလာ ၂.၅ သန္းသာရွိပါတယ္။
၃။ ဘီလ္ဂိတ္ဟာ ၁၀ ေဒၚလာတန္ နာရီကိုသာ ဝတ္ဆင္ပါတယ္။

Rolex နာရီေတြကို ေမ့လိုက္ပါ။ ဘီလ္ဂိတ္ဟာ သူရဲ႕ လက္ေကာက္ဝတ္မွာ ၁၀ ေဒၚလာတန္ နာရီကိုသာ ဆင္ယင္ထားပါတယ္။ ဒါ့အျပင္ဘီလ္ဂိတ္ဟာ ေရွးဆန္သူတစ္ေယာက္လို႔ဆိုရမွာျဖစ္ၿပီး သူ႔ရဲ႕မိသားစုစားတဲ့ ပန္းကန္ေတြကို ဝင္ေဆးေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။
၄။ Dish Network တည္ေထာင္သူ ခ်ာလီအာဂန္ ဟာ အိမ္ကေနအၿမဲတမ္း အညိဳေရာင္ ထမင္းခ်ိဳင့္အိတ္ေလးကို ထည့္သြားေလ့ရွိပါတယ္။
ခ်ာလီအာဂန္ (Charlie Ergen) ဟာ Dish Network ရဲ႕တည္ေထာင္သူတစ္ေယာက္ျဖစ္ၿပီး ေဒၚလာ ၁၄.၅ ဘီလီယံ ႂကြယ္ဝသူတစ္ေယာက္ျဖစ္ေပမဲ့ ေန႔လည္စာကို အျပင္ထြက္စားေလ့မရွိဘဲ အသားညႇပ္ ေပါင္မုန႔္(ဆင္းဒဝွစ္) နဲ႔ ေဖ်ာ္ရည္တစ္မ်ိဳးထည့္ထားတဲ့ ထမင္းခ်ိဳင့္အိတ္ကိုသာ ေန႔စဥ္ယူသြားၿပီး သုံးေဆာင္ေလ့ရွိပါတယ္။ ခ်ာလီအာဂန္ဟာ “ကြၽန္ေတာ္ကစီးပြားေရးက်ပ္တည္းတဲ့ မိသားစုက ႀကီးျပင္းလာသူတစ္ေယာက္ပါ။ ကြၽန္ေတာ္ မေဟာ္ဂနီစားပြဲမ်ိဳးလည္း မသုံးပါဘူး ” လို႔ေျပာခဲ့ဖူးပါတယ္။
၅။ ကားလိုစ္ ဆလင္းဟူလူး ဟာ ဒ႐ိုင္ဘာ ထားသူမဟုတ္ဘဲ အလုပ္နဲ႔အိမ္ကို ကိုယ္တိုင္ကားေမာင္းသြားေလ့ရွိပါတယ္။

မက္ဆီကို ဘီလီယံနာသူေဌးႀကီးတစ္ေယာက္ျဖစ္တဲ့ ကားလိုစ္ ဆလင္းဟူးလူး (Carlos Slim Helú) ဟာ ယာဥ္ေမာင္း ထားသူတစ္ေယာက္မဟုတ္ဘဲ Mercedes-Benz ကားကို ကိုယ္တိုင္တိုယ္က် ေမာင္းႏွင္ေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္အဝတ္အစားကိုလည္း သူ႔ရဲ႕ စတိုးဆိုင္ေတြမွ ရယ္ဒီမိတ္ေတြသာဝတ္ဆင္သူလည္းျဖစ္ပါတယ္။
၆။ Walmart ပိုင္ရွင္ျဖစ္တဲ့ ဂ်င္ဝဲလ္တန္ဟာ ၁၅ ႏွစ္ေက်ာ္သက္တမ္းရွိတဲ့ Dakota pickup ကားေလးကိုသာ ေမာင္းႏွင္သူတစ္ေယာက္ျဖစ္ပါတယ္။
Walmartပိုင္ရွင္ျဖစ္တဲ့ ဂ်င္ဝဲလ္တန္ (Jim Walton) ဟာ အေမရိကန္အခ်မ္းသာဆုံး မိသားစုဝင္တစ္ေယာက္ျဖစ္ေပမဲ့ Walmart တည္ေထာင္သူ သူ႔ရဲ႕ဖခင္ျဖစ္တဲ့ Sam Walton ရဲ႕ပိုက္ဆံ ၿခိဳးၿခံေခြၽတာတတ္တဲ့ အက်င့္ကိုအေမြဆက္ခံခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အသားတင္ပိုင္ဆိုင္မႈေပါင္း ေဒၚလာ ၃၃.၆ ဘီလီယံ ႂကြယ္ဝသူတစ္ေယာက္ျဖစ္ေပမဲ့ ဂ်င္ဝဲလ္တန္ဟာ ၁၅ သက္တမ္းရွိတဲ့ Dodge Dakota pickup ေလးကိုသာ စီးနင္းသူတစ္ေယာက္ျဖစ္ပါတယ္။
၇။ ဂြၽန္ကေလာလ္ဒီဝဲလ္ဟာ သူဆံပင္ကို ကိုယ္တိုင္ရိတ္သူတစ္ေယာက္လည္းျဖစ္ပါတယ္။

မိုဘိုင္းလ္ဖုန္းအေရာင္းဆိုင္ျဖစ္တဲ့ Phones 4u ကိုတည္ေထာင္သူျဖစ္ၿပီး ပိုင္ဆိုင္မႈေပါင္း ေဒၚလာ ၂.၄ ဘီလီယံရွိတဲ့ ဂြၽန္ကေလာလ္ဒီဝဲလ္ဟာ (John Caudwell) ဟာ သူ႔ရဲ႕ဆံပင္ကို ကိုယ္တိုင္ရိတ္သူတစ္ေယာက္ျဖစ္ၿပီး စတိုးဆိုင္မ်ားမွ ရယ္ဒီမိတ္အဝတ္အစားမ်ားကို ဝတ္ဆင္သူတစ္ေယာက္ျဖစ္ပါတယ္။ “ကြၽန္ေတာ္အေနနဲ႔ Saville ဝတ္စုံေတြကို ဝတ္ဆင္ဖို႔မလိုပါဘူး။ ကြၽန္ေတာ္ကို အထင္ႀကီးေလးစားေစဖို႔ ပိုက္ဆံအပိုေတြ သုံးစရာမလိုေတာ့ဘူး ” လို႔ ဂြၽန္ကေလာလ္ဒီဝဲလ္က Forbes နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဆိုခဲ့ဖူးပါတယ္။
၈။ Zara တည္ေထာင္သူ အာမန္စီ႐ို ေအာ္တီဂါဟာ ေန႔လည္စာကို ဝန္ထမ္းမ်ားနဲ႔အတူ Zara စားေသာက္ဆိုင္မွာပဲ စားေလ့ရွိပါတယ္။
နာမည္ေက်ာ္ အဝတ္အစား ကုမၸဏီျဖစ္တဲ့ Zara တည္ေထာင္သူ အာမန္စီ႐ို ေအာ္တီဂါ(Amancio Ortega)ဟာ လက္ရွိအခ်ိန္မွာ ပိုင္ဆိုင္မႈ ၈၂ ဘီလီယံနဲ႔ ကမာၻ႔စတုတၳအခ်မ္းသာဆုံး ပုဂၢိဳလ္တစ္ေယာက္ျဖစ္ေပမဲ့ သူဟာေန႔လည္စာကို ကုမၸဏီဝန္ထမ္းမ်ားနဲ႔အတူ Zara ဝန္ထမ္း စားေသာက္ဆိုင္မွာပဲစားသုံးေလ့ရွိပါတယ္။ ဒါ့အျပင္ ေအာ္တီဂါဟာ အပန္းေျဖခရီးမ်ားသြားျခင္းမ်ားထက္ သူ႔ရဲ႕ အိမ္မွာ ၾကက္မ်ားေမြးျမဴျခင္းကို ႏွစ္သက္သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အဝတ္အစားကုမၸဏီျဖစ္တဲ့ Zara ကိုတည္ေထာင္သူတစ္ေယာက္ျဖစ္ေပမဲ့ ေအာ္တီဂါဟာ အျပာေရာင္ ကုတ္အက်ႌ၊ အျဖဴေရာင္ရွပ္အက်ႌ၊ မီးခိုးေရာင္ ေဘာင္းဘီ စတဲ့႐ိုး႐ိုး အဝတ္အစားမ်ားကို ဝတ္ဆင္ေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။
၉။ စတန္းဖို႔တ္ တကၠသိုလ္မွ ဘီလီယံနာ ကြန္ပ်ဴတာ ပါေမာကၡ ေဒးဗစ္ခ်ာရီတန္ဟာ လက္ဖက္ေျခာက္အိတ္မ်ားကို ျပန္သုံးေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။

အသားတင္ပိုင္ဆိုင္မႈေပါင္း ေဒၚလာ ၃.၄ ဘီလီယံနာ ရွိၿပီး ကမာၻ႔အခ်မ္းသာဆုံး ၆၂၈ ေယာက္ေျမာက္ျဖစ္တဲ့ စတန္းဖို႔တ္တကၠသိုလ္မွ ဘီလီယံနာ ကြန္ပ်ဴတာပါေမာကၡ ေဒးဗစ္ခ်ာရီတန္ (David Cheriton) ဟာ “ဥစၥာၿဖိဳ စားဖိုက” ဆိုတဲ့ စကားအတိုင္း အတိအက် လိုက္နာသူတစ္ေယာက္ျဖစ္ပါတယ္။ ခ်ာရီတန္ဟာ ေဈးႀကီးတဲ့စားေသာက္ဆိုင္တစ္ဆိုင္ မွာ သြားစားရင္ ေနာက္တစ္နပ္စာအတြက္ တစ္ဝက္ကို အၿမဲဖယ္ထားေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ ဒါ့အျပင္ ဇိမ္ခံကားေတြ စီးနင္းေလ့ရွိသူတစ္ေယာက္မဟုတ္ဘဲ ခ်ာရီတန္ဟာ စက္ဘီးကိုသာ စီးေလ့ရွိပါတယ္။ ကားစီးၿပီးသြားရမဲ့ ခရီးသြားၿပီဆိုရင္လည္း ခ်ာရီတန္ဟာ ၁၉၈၆ ခုႏွစ္ထုတ္ ေဗာက္စ္ဝက္ဂြန္ ဗင္ကားကို စီးၿပီး ေလယာဥ္ခရီးစဥ္ေတြမွာလည္း ႐ိုး႐ိုးတန္းကိုသာ စီးနင္းၿပီး ပိုက္ဆံေခြၽတာသူတစ္ေယာက္ပါ။ ေနာက္ဆုံးအေနနဲ႔ ခ်ာရီတန္ဟာ လက္ဖက္ေျခာက္ အိတ္မ်ားကိုပါ ထပ္ခါထပ္ခါ ျပန္လည္အသုံးျပဳတတ္ပါေသးတယ္။
၁၀။ အိႏၵိယ နည္းပညာသူေဌးျဖစ္တဲ့ ေအဇင္း ပရီမစ္ဟာ သူ႔ရဲ႕အလုပ္သမားမ်ားသုံးတဲ့ အိမ္သာသုံးစကၠဴမ်ားကိုပါ စစ္ေဆးေလ့ရွိသူျဖစ္ပါတယ္။
အိႏၵိယ ထိပ္သီးနည္းပညာ ကုမၸဏီျဖစ္တဲ့ Wipro Limited ရဲ႕ ဥကၠ႒ျဖစ္သူ ေအဇင္း ပရီမစ္ (Azim Premji) အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ ၿခိဳးၿခံေခြၽတာသူတစ္ေယာက္ျဖစ္ၿပီး အသုံးအစြဲေစ့စပ္လြန္းသူတစ္ေယာက္ အျဖစ္နာမည္ႀကီးပါတယ္။ စီးပြားေရးခရီးေတြသြားအၿပီး ေလဆိပ္မွအျပန္ဆိုရင္ သုံးဘီးဆိုင္ကယ္မ်ားကိုသာ ဌားစီးေလ့ရွိၿပီး တို႐ိုတာကို႐ိုလာ ကားကိုသာ ေမာင္းႏွင္ပါတယ္။ Wipro Limited မွာလည္း သူ႔ရဲ႕အလုပ္သမားမ်ား အိမ္သားသုံးစကၠဴဘယ္ေလာက္သုံးသလဲဆိုတာအထိ စစ္ေဆးေလ့ရွိသူတစ္ေယာက္ျဖစ္ၿပီး ႐ုံးကအျပန္ မီးပိတ္သြားၾကဖို႔ အၿမဲတမ္းေျပာေလ့ရွိသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ ဒုတိယအခ်မ္းသာဆုံးသူျဖစ္ၿပီး ပိုင္ဆိုင္မႈေပါင္းေဒၚလာ ၁၆.၁ ဘီလီယံရွိတဲ့ ေအဇင္း ပရီမစ္ဟာ ၿခိဳးၿခံေခြၽတာသူတစ္ေယာက္ျဖစ္ေပမဲ့ ၂၀၁၃ ခုႏွစ္က သူ႔ရဲ႕ပိုင္ဆိုင္မႈတစ္ဝက္ခန႔္ကို ခြဲေဝေပးမဲ့ The Giving Pledge မွာလက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒါ့အျပင္ အိႏၵိယႏိုင္ငံ ပညာေရး တိုးတက္ေစရန္ ေဆာင္႐ြက္ေနတဲ့ Azim Premji Foundation ကိုလည္း ေဒၚလာ ၂.၂ ဘီလီယံ လွ်ဳဒါန္းခဲ့သူလည္း ျဖစ္ပါတယ္။
Unicode
ဘီလျံနာ (၁၀) ဦးရဲ့ နာမည်ကျော် ခြိုးခြံချွေတာတတ်သောအလေ့အကျင့်များ
သင့်ကို ချမ်းသာစေမှာက သင့်ရဲ့လစာမဟုတ်ပါဘူး။ သင့်ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာပါပဲ။ ဒီစကားက အမှန်ပါပဲ။ ဒီစကားအတိုင်း ချိန်ကိုက်ကြည့်တဲ့အခါမှာ ကမ္ဘာပေါ်က အချမ်းသာဆုံးဘီလီယံနာတွေမှာလည်း ခြိုးခြံချွေတာတတ်တဲ့အမူအကျင့်လေးတွေ ရှိတာ ကိုတွေ့ရှိရပါတယ်။
ဒီလိုအမူအကျင့်လေးကို အတုယူမယ်ဆိုရင် သင့်ရဲ့ ငွေကြေးကြွယ်ဝမှုဟာလည်း ပြောင်းလဲလာနိုင်ပါတယ်။ ဒါ့ကြောင့် ရိုးရာလေးပရိတ်သတ်ကြီးအတွက် ဘီလီယံနာတွေ ငွေကြေး ဘယ်လိုသုံးစွဲတတ်ကြလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မာခ်ဇူကာဘာဂ်ျဟာ ဒေါ်လာ ၃၀၀၀၀ တန်ကားကိုသာစီးပါတယ်

ဇူကာဘာဂ်ျအနေနဲ့ Ferrari လိုကားမျိုးကို တစ်လ တစ်စီးဝယ်စီးနိုင်ပေမဲ့ Facebook Founder ဇူကာဘာဂ်ျဟာ Manual ကားအမျိုးအစားဖြစ်တဲ့ Volkswagon GTI ကိုသာ မောင်းနှင်ပြီး ဒီကားရဲ့တန်ဖိုးဟာ ဒေါ်လာ ၃ သောင်း (မြန်မာငွေ သိန်း ၄၁၀ ခန့်) သာရှိပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူ Priscilla Chan နဲ့လက်ထပ်ပွဲကိုလည်း သူတို့ရဲ့ အိမ်နောက်ဘက်မှာသာ ကျင်းပခဲ့ပါတယ်။ ၂၀၁၂ နှစ် အီတလီဟန်းနီးမွန်းသွားစဉ်မှာလည်း ဇူကာဘာဂ်ျတို့ ဇနီးမောင်နှံဟာ McDonald မုန့်ကိုစားနေခဲ့ကြတာကို မြင်ခဲ့ရပါတယ်။ ဇူကာဘာဂ်ျတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာကောင်တီရှိ ပါလိုအာတိုမြို့မှာ ဒေါ်လာ ၇ သန်းတန်အိမ်ကို ဝယ်ယူခဲ့ပေမဲ့ လူအများစုကတော့ဒီအိမ်ဟာ ဇူကာဘာဂ်ျရဲ့ ကြွယ်ဝမှုနဲ့ ယှဉ်ရင် နည်းနေသေးတယ်လို့ ပြောဆိုကြပါတယ်။
၂။ ဝါရင်ဘတ်ဖတ်ဟာ ၁၉၅၈ ခုနှစ်က ဒေါ်လာ ၃၁၅၀၀ နဲ့ဝယ်ယူခဲ့တဲ့ အိမ်မှာပဲနေထိုင်ဆဲဖြစ်ပါတယ်။
Berkshire Hathaway လုပ်ငန်းစုရဲ့ CEO ဖြစ်သူ ဝါရင်ဘတ်ဖတ်ဟာ ၂၀၁၇ မတ်လစာရင်းအရ ပိုင်ဆိုင်မှု ဒေါ်လာ ၇၃.၃ ဘီလီယံ ကြွယ်ဝသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာစတုတ္ထမြောက်အချမ်းသာဆုံး ဘီလီယံနာ တစ်ယောက်ဖြစ်ပေမဲ့ နီဘာရာစကာပြည်နယ် (Nebraska) အိုမားဟားမြို့(Omaha)ရှိ ပေ ၆၀၀၀ ကျယ်ဝန်းတဲ့အိမ်မှာ နေထိုင်ဆဲဖြစ်ပါတယ်။ ဒီအိမ်ဝယ်ယူမှုကို ဘတ်ဖတ်ဟာ သူ့ဘဝရဲ့ တတိယ အကောင်းဆုံးရင်းနှီးမြုပ်နှံမှုလို့ခေါ်ဆိုခဲ့ပြီး သူ့ရဲ့ အိမ်ပေါက်ဈေးဟာလက်ရှိအချိန်မှာ ဒေါ်လာ ၂.၅ သန်းသာရှိပါတယ်။
၃။ ဘီလ်ဂိတ်ဟာ ၁၀ ဒေါ်လာတန် နာရီကိုသာ ဝတ်ဆင်ပါတယ်။

Rolex နာရီတွေကို မေ့လိုက်ပါ။ ဘီလ်ဂိတ်ဟာ သူရဲ့ လက်ကောက်ဝတ်မှာ ၁၀ ဒေါ်လာတန် နာရီကိုသာ ဆင်ယင်ထားပါတယ်။ ဒါ့အပြင်ဘီလ်ဂိတ်ဟာ ရှေးဆန်သူတစ်ယောက်လို့ဆိုရမှာဖြစ်ပြီး သူ့ရဲ့မိသားစုစားတဲ့ ပန်းကန်တွေကို ဝင်ဆေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။
၄။ Dish Network တည်ထောင်သူ ချာလီအာဂန် ဟာ အိမ်ကနေအမြဲတမ်း အညိုရောင် ထမင်းချိုင့်အိတ်လေးကို ထည့်သွားလေ့ရှိပါတယ်။
ချာလီအာဂန် (Charlie Ergen) ဟာ Dish Network ရဲ့တည်ထောင်သူတစ်ယောက်ဖြစ်ပြီး ဒေါ်လာ ၁၄.၅ ဘီလီယံ ကြွယ်ဝသူတစ်ယောက်ဖြစ်ပေမဲ့ နေ့လည်စာကို အပြင်ထွက်စားလေ့မရှိဘဲ အသားညှပ် ပေါင်မုန့်(ဆင်းဒဝှစ်) နဲ့ ဖျော်ရည်တစ်မျိုးထည့်ထားတဲ့ ထမင်းချိုင့်အိတ်ကိုသာ နေ့စဉ်ယူသွားပြီး သုံးဆောင်လေ့ရှိပါတယ်။ ချာလီအာဂန်ဟာ “ကျွန်တော်ကစီးပွားရေးကျပ်တည်းတဲ့ မိသားစုက ကြီးပြင်းလာသူတစ်ယောက်ပါ။ ကျွန်တော် မဟော်ဂနီစားပွဲမျိုးလည်း မသုံးပါဘူး ” လို့ပြောခဲ့ဖူးပါတယ်။
၅။ ကားလိုစ် ဆလင်းဟူလူး ဟာ ဒရိုင်ဘာ ထားသူမဟုတ်ဘဲ အလုပ်နဲ့အိမ်ကို ကိုယ်တိုင်ကားမောင်းသွားလေ့ရှိပါတယ်။

မက်ဆီကို ဘီလီယံနာသူဌေးကြီးတစ်ယောက်ဖြစ်တဲ့ ကားလိုစ် ဆလင်းဟူးလူး (Carlos Slim Helú) ဟာ ယာဉ်မောင်း ထားသူတစ်ယောက်မဟုတ်ဘဲ Mercedes-Benz ကားကို ကိုယ်တိုင်တိုယ်ကျ မောင်းနှင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင်အဝတ်အစားကိုလည်း သူ့ရဲ့ စတိုးဆိုင်တွေမှ ရယ်ဒီမိတ်တွေသာဝတ်ဆင်သူလည်းဖြစ်ပါတယ်။
၆။ Walmart ပိုင်ရှင်ဖြစ်တဲ့ ဂျင်ဝဲလ်တန်ဟာ ၁၅ နှစ်ကျော်သက်တမ်းရှိတဲ့ Dakota pickup ကားလေးကိုသာ မောင်းနှင်သူတစ်ယောက်ဖြစ်ပါတယ်။
Walmartပိုင်ရှင်ဖြစ်တဲ့ ဂျင်ဝဲလ်တန် (Jim Walton) ဟာ အမေရိကန်အချမ်းသာဆုံး မိသားစုဝင်တစ်ယောက်ဖြစ်ပေမဲ့ Walmart တည်ထောင်သူ သူ့ရဲ့ဖခင်ဖြစ်တဲ့ Sam Walton ရဲ့ပိုက်ဆံ ခြိုးခြံချွေတာတတ်တဲ့ အကျင့်ကိုအမွေဆက်ခံခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသားတင်ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၃၃.၆ ဘီလီယံ ကြွယ်ဝသူတစ်ယောက်ဖြစ်ပေမဲ့ ဂျင်ဝဲလ်တန်ဟာ ၁၅ သက်တမ်းရှိတဲ့ Dodge Dakota pickup လေးကိုသာ စီးနင်းသူတစ်ယောက်ဖြစ်ပါတယ်။
၇။ ဂျွန်ကလောလ်ဒီဝဲလ်ဟာ သူဆံပင်ကို ကိုယ်တိုင်ရိတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်ဖြစ်တဲ့ Phones 4u ကိုတည်ထောင်သူဖြစ်ပြီး ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၂.၄ ဘီလီယံရှိတဲ့ ဂျွန်ကလောလ်ဒီဝဲလ်ဟာ (John Caudwell) ဟာ သူ့ရဲ့ဆံပင်ကို ကိုယ်တိုင်ရိတ်သူတစ်ယောက်ဖြစ်ပြီး စတိုးဆိုင်များမှ ရယ်ဒီမိတ်အဝတ်အစားများကို ဝတ်ဆင်သူတစ်ယောက်ဖြစ်ပါတယ်။ “ကျွန်တော်အနေနဲ့ Saville ဝတ်စုံတွေကို ဝတ်ဆင်ဖို့မလိုပါဘူး။ ကျွန်တော်ကို အထင်ကြီးလေးစားစေဖို့ ပိုက်ဆံအပိုတွေ သုံးစရာမလိုတော့ဘူး ” လို့ ဂျွန်ကလောလ်ဒီဝဲလ်က Forbes နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။
၈။ Zara တည်ထောင်သူ အာမန်စီရို အော်တီဂါဟာ နေ့လည်စာကို ဝန်ထမ်းများနဲ့အတူ Zara စားသောက်ဆိုင်မှာပဲ စားလေ့ရှိပါတယ်။
နာမည်ကျော် အဝတ်အစား ကုမ္ပဏီဖြစ်တဲ့ Zara တည်ထောင်သူ အာမန်စီရို အော်တီဂါ(Amancio Ortega)ဟာ လက်ရှိအချိန်မှာ ပိုင်ဆိုင်မှု ၈၂ ဘီလီယံနဲ့ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမဲ့ သူဟာနေ့လည်စာကို ကုမ္ပဏီဝန်ထမ်းများနဲ့အတူ Zara ဝန်ထမ်း စားသောက်ဆိုင်မှာပဲစားသုံးလေ့ရှိပါတယ်။ ဒါ့အပြင် အော်တီဂါဟာ အပန်းဖြေခရီးများသွားခြင်းများထက် သူ့ရဲ့ အိမ်မှာ ကြက်များမွေးမြူခြင်းကို နှစ်သက်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်အစားကုမ္ပဏီဖြစ်တဲ့ Zara ကိုတည်ထောင်သူတစ်ယောက်ဖြစ်ပေမဲ့ အော်တီဂါဟာ အပြာရောင် ကုတ်အင်္ကျီ၊ အဖြူရောင်ရှပ်အင်္ကျီ၊ မီးခိုးရောင် ဘောင်းဘီ စတဲ့ရိုးရိုး အဝတ်အစားများကို ဝတ်ဆင်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။
၉။ စတန်းဖို့တ် တက္ကသိုလ်မှ ဘီလီယံနာ ကွန်ပျူတာ ပါမောက္ခ ဒေးဗစ်ချာရီတန်ဟာ လက်ဖက်ခြောက်အိတ်များကို ပြန်သုံးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

အသားတင်ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၃.၄ ဘီလီယံနာ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ၆၂၈ ယောက်မြောက်ဖြစ်တဲ့ စတန်းဖို့တ်တက္ကသိုလ်မှ ဘီလီယံနာ ကွန်ပျူတာပါမောက္ခ ဒေးဗစ်ချာရီတန် (David Cheriton) ဟာ “ဥစ္စာဖြို စားဖိုက” ဆိုတဲ့ စကားအတိုင်း အတိအကျ လိုက်နာသူတစ်ယောက်ဖြစ်ပါတယ်။ ချာရီတန်ဟာ ဈေးကြီးတဲ့စားသောက်ဆိုင်တစ်ဆိုင် မှာ သွားစားရင် နောက်တစ်နပ်စာအတွက် တစ်ဝက်ကို အမြဲဖယ်ထားလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ဇိမ်ခံကားတွေ စီးနင်းလေ့ရှိသူတစ်ယောက်မဟုတ်ဘဲ ချာရီတန်ဟာ စက်ဘီးကိုသာ စီးလေ့ရှိပါတယ်။ ကားစီးပြီးသွားရမဲ့ ခရီးသွားပြီဆိုရင်လည်း ချာရီတန်ဟာ ၁၉၈၆ ခုနှစ်ထုတ် ဗောက်စ်ဝက်ဂွန် ဗင်ကားကို စီးပြီး လေယာဉ်ခရီးစဉ်တွေမှာလည်း ရိုးရိုးတန်းကိုသာ စီးနင်းပြီး ပိုက်ဆံချွေတာသူတစ်ယောက်ပါ။ နောက်ဆုံးအနေနဲ့ ချာရီတန်ဟာ လက်ဖက်ခြောက် အိတ်များကိုပါ ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုတတ်ပါသေးတယ်။
၁၀။ အိန္ဒိယ နည်းပညာသူဌေးဖြစ်တဲ့ အေဇင်း ပရီမစ်ဟာ သူ့ရဲ့အလုပ်သမားများသုံးတဲ့ အိမ်သာသုံးစက္ကူများကိုပါ စစ်ဆေးလေ့ရှိသူဖြစ်ပါတယ်။
အိန္ဒိယ ထိပ်သီးနည်းပညာ ကုမ္ပဏီဖြစ်တဲ့ Wipro Limited ရဲ့ ဥက္ကဋ္ဌဖြစ်သူ အေဇင်း ပရီမစ် (Azim Premji) အံ့ဩဖွယ်ကောင်းလောက်အောင် ခြိုးခြံချွေတာသူတစ်ယောက်ဖြစ်ပြီး အသုံးအစွဲစေ့စပ်လွန်းသူတစ်ယောက် အဖြစ်နာမည်ကြီးပါတယ်။ စီးပွားရေးခရီးတွေသွားအပြီး လေဆိပ်မှအပြန်ဆိုရင် သုံးဘီးဆိုင်ကယ်များကိုသာ ဌားစီးလေ့ရှိပြီး တိုရိုတာကိုရိုလာ ကားကိုသာ မောင်းနှင်ပါတယ်။ Wipro Limited မှာလည်း သူ့ရဲ့အလုပ်သမားများ အိမ်သားသုံးစက္ကူဘယ်လောက်သုံးသလဲဆိုတာအထိ စစ်ဆေးလေ့ရှိသူတစ်ယောက်ဖြစ်ပြီး ရုံးကအပြန် မီးပိတ်သွားကြဖို့ အမြဲတမ်းပြောလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒုတိယအချမ်းသာဆုံးသူဖြစ်ပြီး ပိုင်ဆိုင်မှုပေါင်းဒေါ်လာ ၁၆.၁ ဘီလီယံရှိတဲ့ အေဇင်း ပရီမစ်ဟာ ခြိုးခြံချွေတာသူတစ်ယောက်ဖြစ်ပေမဲ့ ၂၀၁၃ ခုနှစ်က သူ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ခန့်ကို ခွဲဝေပေးမဲ့ The Giving Pledge မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ ပညာရေး တိုးတက်စေရန် ဆောင်ရွက်နေတဲ့ Azim Premji Foundation ကိုလည်း ဒေါ်လာ ၂.၂ ဘီလီယံ လျှုဒါန်းခဲ့သူလည်း ဖြစ်ပါတယ်။