သင့္ရဲ႕အၾကားအာ႐ုံကို တိုးတက္ေစမယ့္ ထိေရာက္တဲ့နည္းလမ္း (၈) ခု

Advertisements

ယခုေခတ္မွာ လူႀကီးေတြသာမက လူငယ္ေတြပါ အၾကားအာ႐ုံ ခြၽတ္ယြင္းလာ ၾကပါတယ္။ အၾကားအာ႐ုံ ခြၽတ္ယြင္းရတဲ့ အဓိကအေၾကာင္းရင္း ႏွစ္ခုကေတာ့ အသက္အ႐ြယ္နဲ႔ ဆူညံမႈေၾကာင့္ပါ။ အသက္အ႐ြယ္ႀကီးလာတဲ့အခါ နားထဲက ဆဲလ္ေလးေတြက ပ်က္စီးသြားၿပီး အသံတုန္ခါမႈေတြကို ၾကားႏိုင္စြမ္းမရွိၾကေတာ့ပါဘူး။

ဒါ့အျပင္ အလြန္အကြၽံ ဆူညံမႈကလည္း နားအတြင္းက ဆဲလ္ေတြကို ပ်က္စီးေစၿပီး နားမၾကားျခင္းကို ျဖစ္ေစမွာပါ။ အၾကားအာ႐ုံကို အခ်ိန္အနည္းငယ္အတြင္း တိုးတက္လာေအာင္ လုပ္လို႔ရတဲ့ နည္းလမ္းေတြ ရွိပါတယ္။

၁။ ဆူညံတဲ့အသံမ်ားကို ေရွာင္ျခင္း

နားအၾကားအာ႐ုံ တိုးတက္ဖို႔က ဆူညံသံေတြနဲ႔ တတ္ႏိုင္သမွ် ေဝးေဝးေနဖို႔ပါပဲ။ ဆူညံမႈ အဆင့္ကို dB (decibles) နဲ႔ တိုင္းတာပါတယ္။ dB ျမင့္ေလ ဆူညံေလပါပဲ။ 85 dB ရွိတဲ့အသံကို အခ်ိန္ၾကာၾကာ နားေထာင္မယ္ ဆိုရင္ အၾကားအာ႐ုံ ထိခိုက္လာမွာပါ။ တီးတိုးေျပာသံ = 30 dB ၊ ပုံမွန္ စကားေျပာသည့္အသံ = 60 dB၊ ယာဥ္= 80dB – 85dB ၊ ဆိုင္ကယ္ = 90 dB၊ နားၾကပ္ျဖင့္ သီခ်င္းနားေထာင္ျခင္း = 100 dB၊ ေလယာဥ္ဆင္းသည့္အသံ = 120 dB

၂။ သီခ်င္း နားေထာင္တဲ့အခါ အသံအျမင့္ႀကီး မထားသင့္ပါဘူး။

နားၾကပ္နဲ႔ သီခ်င္း နားေထာင္ျခင္းကလည္း နားက်န္းမာေရးကို ထိခိုက္ေစပါတယ္။ နားၾကပ္ဝယ္တဲ့အခါ ဆူညံသံကို ဖယ္ရွားေပးတဲ့ နားၾကပ္မ်ိဳးကို ေ႐ြးခ်ယ္သင့္ပါတယ္။ သီခ်င္း နားေထာင္တဲ့အခါ volume ကို 60% ထက္ ျမင့္ၿပီး နားမေထာင္သင့္ပါဘူး။ ၿပီးေတာ့ earphones headphones ေတြကို တစ္နာရီထက္ပိုၿပီး နားမေထာင္သင့္ပါဘူး။ နားက်န္းမာေရးအတြက္ ၁၀ မိနစ္ေလာက္ နားၿပီးမွသာ ျပန္နားေထာင္ သင့္ပါတယ္။

၃။ ဆူညံသည့္ေနရာမ်ားကို ေရွာင္ျခင္း

ဆူညံတဲ့ေနရာမွာ အခ်ိန္ၾကာျမင့္စြာ ေနရင္လည္း အၾကားအာ႐ုံ ထိခိုက္ႏိုင္ပါတယ္။ Bar, nightclub ပြဲေတာ္စတဲ့ ဆူညံတဲ့ေနရာေတြမွာ ေနတာၾကာတဲ့အခါ နားထဲမွာ တဝီဝီျမည္သံေတြ ၾကားလာရမွာပါ။ ဆူညံတဲ့ ေနရာေတြကို သြားမယ္ဆိုရင္ earplug ေဆာင္ထား သင့္ပါတယ္။

၄။ ေလ့က်င့္ခန္းလုပ္ျခင္း

ေလ့က်င့္ခန္း လုပ္ျခင္းကလည္း အၾကားအာ႐ုံကို တိုးတက္ေစပါတယ္။ ေလ့က်င့္ခန္း လုပ္ျခင္းျဖင့္ နားႂကြက္သားေတြဆီကို ေသြးလည္ပတ္မႈ ေကာင္းေစပါတယ္။ အသက္ႀကီးလာတဲ့ အခါ အၾကားအာ႐ုံမခြၽတ္ယြင္းဖို႔ တစ္ေန႔ကို မိနစ္ ၃၀ ခန႔္ လမ္းေလွ်ာက္ျခင္း၊ စက္ဘီးစီးျခင္း၊ ေရကူးျခင္း၊ ေအ႐ိုးဗစ္ကစားျခင္းတို႔ကို ျပဳလုပ္ေပးသင့္ ပါတယ္။

၅။ အၾကားအာ႐ုံတိုးတက္ေစမယ့္ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္း

ဦးေႏွာက္က အသံအခ်က္အလက္ေတြ ရရွိဖို႔ အေရးပါ ပါတယ္။ နားက ၾကားရတဲ့ အခ်က္အလက္ေတြကို ဦးေႏွာက္ဆီ ပို႔ေပးပါတယ္။ အၾကားအာ႐ုံ ခြၽတ္ယြင္းလာတဲ့အခါ စိတ္အလိုမက်ျခင္း၊ စိတ္ဓါတ္က်ျခင္းေတြ ျဖစ္လာတတ္ေၾကာင္း Pennsylvania တကၠသိုလ္က သုေတသနတစ္ခုမွာ ေဖာ္ျပထားပါတယ္။ စာလုံးဆက္တဲ့ game၊ Scrabble game တို႔က ဦးေႏွာက္နဲ႔ အၾကားအာ႐ုံကို တိုးတက္ေစပါတယ္။ မ်က္လုံးကို မွိတ္ထားၿပီး အသံလာရာေနရာနဲ႔ အကြာအေဝးကို ခန႔္မွန္းတဲ့ ေလ့က်င့္ခန္း၊ နားထဲမွာ ၾကားရတဲ့အသံေတြကို ခြဲျခားတဲ့ ေလ့က်င့္ခန္းေတြကလည္း အၾကားအာ႐ုံကို တိုးတက္ေစပါတယ္။

၆။ ေယာဂက်င့္ျခင္း

ေယာဂက်င့္ျခင္းျဖင့္ နားထဲက ေသြးလည္ပတ္မွာေတြ ေကာင္းလာပါတယ္။ အသက္ကို ျပင္းျပင္းရႉတဲ့အခါ နားက်န္းမာေရးသာမက ႏွလုံးက်န္းမာေရးပါ တိုးတက္လာမွာပါ။

၇။ အစားအေသာက္

နားက်န္မားေရးအတြက္ တိရစာၦန္ရတဲ့ အဆီေတြကို မစားသင့္ပါဘူး။ အဆီပါဝင္မႈမ်ားတဲ့ အစားအစာေတြက နားအတြင္း ေသြးလည္ပတ္မႈကို ထိခိုက္ေစပါတယ္။ ေဆာ္လမြန္ငါး၊ ထေရာက္ငါး၊ ငါးသေလာက္၊ အေစ့အဆံ၊ လက္ဆတ္တဲ့ အသီးအႏွံေတြကို စားေပးသင့္ပါတယ္။

၈။ နားသန႔္ရွင္းေရး

တစ္ခါတရံမွာ နားထဲမွာ ဖုန္ေတြ ဝင္ေနႏိုင္ပါတယ္။ နားဖာေခ်းေတြက ပမာဏနည္းတဲ့ အခါ နားကို ဘက္တီးရီးယားေတြကေန ကာကြယ္ေပးပါတယ္။ ပမာဏ မ်ားလာရင္ေတာ့ အၾကားအာ႐ုံ ထိခိုက္လာႏိုင္ပါတယ္။ နားကေလာ္တံနဲ႔ သန႔္ရွင္းေရး လုပ္တာထက္ နားသန႔္စင္ေဆးရည္ကို နားထဲထည့္ေပးသင့္ပါတယ္။

႐ုတ္တရက္ နားအၾကားအာ႐ုံ ခြၽတ္ယြင္းလာရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

Unicode

သင့်ရဲ့အကြားအာရုံကို တိုးတက်စေမယ့် ထိရောက်တဲ့နည်းလမ်း (၈) ခု

ယခုခေတ်မှာ လူကြီးတွေသာမက လူငယ်တွေပါ အကြားအာရုံ ချွတ်ယွင်းလာ ကြပါတယ်။ အကြားအာရုံ ချွတ်ယွင်းရတဲ့ အဓိကအကြောင်းရင်း နှစ်ခုကတော့ အသက်အရွယ်နဲ့ ဆူညံမှုကြောင့်ပါ။ အသက်အရွယ်ကြီးလာတဲ့အခါ နားထဲက ဆဲလ်လေးတွေက ပျက်စီးသွားပြီး အသံတုန်ခါမှုတွေကို ကြားနိုင်စွမ်းမရှိကြတော့ပါဘူး။

ဒါ့အပြင် အလွန်အကျွံ ဆူညံမှုကလည်း နားအတွင်းက ဆဲလ်တွေကို ပျက်စီးစေပြီး နားမကြားခြင်းကို ဖြစ်စေမှာပါ။ အကြားအာရုံကို အချိန်အနည်းငယ်အတွင်း တိုးတက်လာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ ဆူညံတဲ့အသံများကို ရှောင်ခြင်း

နားအကြားအာရုံ တိုးတက်ဖို့က ဆူညံသံတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေဖို့ပါပဲ။ ဆူညံမှု အဆင့်ကို dB (decibles) နဲ့ တိုင်းတာပါတယ်။ dB မြင့်လေ ဆူညံလေပါပဲ။ 85 dB ရှိတဲ့အသံကို အချိန်ကြာကြာ နားထောင်မယ် ဆိုရင် အကြားအာရုံ ထိခိုက်လာမှာပါ။
တီးတိုးပြောသံ = 30 dB ၊ ပုံမှန် စကားပြောသည့်အသံ = 60 dB၊ ယာဉ်= 80dB – 85dB ၊ ဆိုင်ကယ် = 90 dB၊ နားကြပ်ဖြင့် သီချင်းနားထောင်ခြင်း = 100 dB၊ လေယာဉ်ဆင်းသည့်အသံ = 120 dB

၂။ သီချင်း နားထောင်တဲ့အခါ အသံအမြင့်ကြီး မထားသင့်ပါဘူး။

နားကြပ်နဲ့ သီချင်း နားထောင်ခြင်းကလည်း နားကျန်းမာရေးကို ထိခိုက်စေပါတယ်။ နားကြပ်ဝယ်တဲ့အခါ ဆူညံသံကို ဖယ်ရှားပေးတဲ့ နားကြပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ သီချင်း နားထောင်တဲ့အခါ volume ကို 60% ထက် မြင့်ပြီး နားမထောင်သင့်ပါဘူး။ ပြီးတော့ earphones headphones တွေကို တစ်နာရီထက်ပိုပြီး နားမထောင်သင့်ပါဘူး။ နားကျန်းမာရေးအတွက် ၁၀ မိနစ်လောက် နားပြီးမှသာ ပြန်နားထောင် သင့်ပါတယ်။

၃။ ဆူညံသည့်နေရာများကို ရှောင်ခြင်း

ဆူညံတဲ့နေရာမှာ အချိန်ကြာမြင့်စွာ နေရင်လည်း အကြားအာရုံ ထိခိုက်နိုင်ပါတယ်။ Bar, nightclub ပွဲတော်စတဲ့ ဆူညံတဲ့နေရာတွေမှာ နေတာကြာတဲ့အခါ နားထဲမှာ တဝီဝီမြည်သံတွေ ကြားလာရမှာပါ။ ဆူညံတဲ့ နေရာတွေကို သွားမယ်ဆိုရင် earplug ဆောင်ထား သင့်ပါတယ်။

၄။ လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်း လုပ်ခြင်းကလည်း အကြားအာရုံကို တိုးတက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နားကြွက်သားတွေဆီကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ အသက်ကြီးလာတဲ့ အခါ အကြားအာရုံမချွတ်ယွင်းဖို့ တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ အေရိုးဗစ်ကစားခြင်းတို့ကို ပြုလုပ်ပေးသင့် ပါတယ်။

၅။ အကြားအာရုံတိုးတက်စေမယ့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

ဦးနှောက်က အသံအချက်အလက်တွေ ရရှိဖို့ အရေးပါ ပါတယ်။ နားက ကြားရတဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ပို့ပေးပါတယ်။ အကြားအာရုံ ချွတ်ယွင်းလာတဲ့အခါ စိတ်အလိုမကျခြင်း၊ စိတ်ဓါတ်ကျခြင်းတွေ ဖြစ်လာတတ်ကြောင်း Pennsylvania တက္ကသိုလ်က သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ စာလုံးဆက်တဲ့ game၊ Scrabble game တို့က ဦးနှောက်နဲ့ အကြားအာရုံကို တိုးတက်စေပါတယ်။ မျက်လုံးကို မှိတ်ထားပြီး အသံလာရာနေရာနဲ့ အကွာအဝေးကို ခန့်မှန်းတဲ့ လေ့ကျင့်ခန်း၊ နားထဲမှာ ကြားရတဲ့အသံတွေကို ခွဲခြားတဲ့ လေ့ကျင့်ခန်းတွေကလည်း အကြားအာရုံကို တိုးတက်စေပါတယ်။

၆။ ယောဂကျင့်ခြင်း

ယောဂကျင့်ခြင်းဖြင့် နားထဲက သွေးလည်ပတ်မှာတွေ ကောင်းလာပါတယ်။ အသက်ကို ပြင်းပြင်းရှူတဲ့အခါ နားကျန်းမာရေးသာမက နှလုံးကျန်းမာရေးပါ တိုးတက်လာမှာပါ။

၇။ အစားအသောက်

နားကျန်မားရေးအတွက် တိရစ္ဆာန်ရတဲ့ အဆီတွေကို မစားသင့်ပါဘူး။ အဆီပါဝင်မှုများတဲ့ အစားအစာတွေက နားအတွင်း သွေးလည်ပတ်မှုကို ထိခိုက်စေပါတယ်။ ဆော်လမွန်ငါး၊ ထရောက်ငါး၊ ငါးသလောက်၊ အစေ့အဆံ၊ လက်ဆတ်တဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။

၈။ နားသန့်ရှင်းရေး

တစ်ခါတရံမှာ နားထဲမှာ ဖုန်တွေ ဝင်နေနိုင်ပါတယ်။ နားဖာချေးတွေက ပမာဏနည်းတဲ့ အခါ နားကို ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးပါတယ်။ ပမာဏ များလာရင်တော့ အကြားအာရုံ ထိခိုက်လာနိုင်ပါတယ်။ နားကလော်တံနဲ့ သန့်ရှင်းရေး လုပ်တာထက် နားသန့်စင်ဆေးရည်ကို နားထဲထည့်ပေးသင့်ပါတယ်။

ရုတ်တရက် နားအကြားအာရုံ ချွတ်ယွင်းလာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။