ခရီးသြားေနစဥ္ ေနအိမ္ေဖာက္ထြင္းခံလိုက္ရၿပီး လက္ဝတ္ရတနာမ်ား ခိုးယူခံလိုက္ရတဲ့ မင္းသမီး ဖူးပြင့္သခင္

Advertisements

သ႐ုပ္ေဆာင္ ေျပာင္ေျမာက္ၿပီး ခ်စ္စရာေကာင္းတဲ့သြင္ျပင္နဲ႔ မင္းသမီးေခ်ာေလး ဖူးပြင့္သခင္ကိုေတာ့ အားလုံးသိၾကမယ္ ထင္ပါတယ္။ ဖူးပြင့္သခင္တို႔ မိသားစုအကုန္လုံး ခရီးသြားေနတဲ့အခ်ိန္မွာ ေနအိမ္မွာ အေစာင့္ထားခဲ့တဲ့ အိမ္ခိုင္းတဲ့ အမ်ိဳးသမီး လင္မယားက ခိုးယူခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါ အေၾကာင္းအရာေတြကို မင္းသမီးက ခရီးမွ ျပန္ေရာက္ေရာက္ခ်င္းမွာပဲ သူမရဲ႕ လူမႈကြန္ရက္မွတဆင့္ Live လႊင့္ၿပီး ေျပာျပခဲ့တာပါ။ လက္ဝတ္လက္စားမ်ား တီဗြီနဲ႔ သူမရဲ႕ Live လႊင့္ၿပီး ေရာင္းခ်ေနတဲ့ အဝတ္အထည္မ်ားနဲ႔ မ်က္မွန္မ်ားကိုလည္း ခိုးယူသြားခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အသက္ ၇၀ ေက်ာ္ မိခင္ရဲ႕ ေဆးဝါးမ်ားကိုလည္း ခိုးယူသြားခဲ့ပါေသးတယ္။ အဆိုပါ ေဆးဝါးမ်ားဟာ ျပန္လည္ဝယ္ယူလို႔ အရမ္းခက္ခဲတယ္လို႔လည္း သူမရဲ႕ Live မွာ ေျပာျပခဲ့ပါတယ္။

ခိုးယူခဲ့သူ အိမ္ေစာင့္လင္မယားနဲ႔ ပက္သက္ၿပီး ဖူးပြင့္သခင္ကေတာ့ သူမရဲ႕ လူမႈကြန္ရက္မွာ အခုလိုပဲ အသိေပးထားပါတယ္။ ” ကြၽန္မ 17.12.2021 မွ 20.12.2021 ခရီးသြားေနစဥ္အခ်ိန္ ကြၽန္မအိမ္တြင္အလုပ္လုပ္သူ ေဒၚေအာင္ေမဆန္း ေခၚ ေမျမတ္ႏိုးႏွင့္သူမရဲ႕ အမ်ိဳးသားေက်ာ္ဇင္ တို႔လင္မယားႏွစ္ေယာက္ကို ယုံၾကည္စိတ္ခ်စြာအိမ္ကိုအပ္ႏွံထားခဲ့ရာမွ ကြၽန္မ မရွိစဥ္အခ်ိန္ 20.12.2021 ေန႔ရက္တြင္ ကြၽန္မ​၏အိမ္တြင္းရွိပရိေဘာဂပစၥည္းမ်ားအဝတ္အထည္အသစ္မ်ားလက္ဝတ္ရတနာမ်ားေဖာက္ယူခိုးပီးထြက္ေျပးသြားပါသည္။

ပစၥည္း​မ်ား၏တန္းဖိုးမ်ားမွာ ယခုခန႔္မွန္းေျခသိန္း ၅၀ ေက်ာ္ခန႔္ခိုးယူထြက္ေျပးသြားပါသည္။ ခိုးယူထြက္ေျပးသြားေသာ လင္မယားႏွစ္ေယာက္အားေတြ႕ရွိပါက ဖုန္း 09768904502 အေၾကာင္းၾကားေပးပါရန္ေမတၱာရက္ခံအပ္ပါသည္။ေခၚယူလက္ခံထားေသာသူမ်ာအား ဥပေဒအရထိေရာက္စြာအေရးယူပါမည္။ ေက်းဇူးျပဳပီးအခုတင္ထားေသာ post ေလးအား ကူညီပီးshare ေပးၾကပါရွင္။ ??? ဆက္သြယ္ေပးသူအားလဲ ေက်းဇူးဆပ္ပါမည္…” ဆိုကာ ေရးသားခဲ့ပါတယ္။

အခုလို လူတိုင္း ဒုကၡနဲ႔ မကင္းေနတဲ့အခ်ိန္မွာ ေနာက္ေက်ာကို ဓားနဲ႔ထိုးတဲ့ လုပ္ရက္ကို မလုပ္သင့္ပါဘူးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

Unicode

ခရီးသွားနေစဥ် နေအိမ်ဖောက်ထွင်းခံလိုက်ရပြီး လက်ဝတ်ရတနာများ ခိုးယူခံလိုက်ရတဲ့ မင်းသမီး ဖူးပွင့်သခင်

သရုပ်ဆောင် ပြောင်မြောက်ပြီး ချစ်စရာကောင်းတဲ့သွင်ပြင်နဲ့ မင်းသမီးချောလေး ဖူးပွင့်သခင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ဖူးပွင့်သခင်တို့ မိသားစုအကုန်လုံး ခရီးသွားနေတဲ့အချိန်မှာ နေအိမ်မှာ အစောင့်ထားခဲ့တဲ့ အိမ်ခိုင်းတဲ့ အမျိုးသမီး လင်မယားက ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အကြောင်းအရာတွေကို မင်းသမီးက ခရီးမှ ပြန်ရောက်ရောက်ချင်းမှာပဲ သူမရဲ့ လူမှုကွန်ရက်မှတဆင့် Live လွှင့်ပြီး ပြောပြခဲ့တာပါ။ လက်ဝတ်လက်စားများ တီဗွီနဲ့ သူမရဲ့ Live လွှင့်ပြီး ရောင်းချနေတဲ့ အဝတ်အထည်များနဲ့ မျက်မှန်များကိုလည်း ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် ၇၀ ကျော် မိခင်ရဲ့ ဆေးဝါးများကိုလည်း ခိုးယူသွားခဲ့ပါသေးတယ်။ အဆိုပါ ဆေးဝါးများဟာ ပြန်လည်ဝယ်ယူလို့ အရမ်းခက်ခဲတယ်လို့လည်း သူမရဲ့ Live မှာ ပြောပြခဲ့ပါတယ်။

ခိုးယူခဲ့သူ အိမ်စောင့်လင်မယားနဲ့ ပက်သက်ပြီး ဖူးပွင့်သခင်ကတော့ သူမရဲ့ လူမှုကွန်ရက်မှာ အခုလိုပဲ အသိပေးထားပါတယ်။ ” ကျွန်မ 17.12.2021 မှ 20.12.2021 ခရီးသွားနေစဉ်အချိန် ကျွန်မအိမ်တွင်အလုပ်လုပ်သူ ဒေါ်အောင်မေဆန်း ခေါ် မေမြတ်နိုးနှင့်သူမရဲ့ အမျိုးသားကျော်ဇင် တို့လင်မယားနှစ်ယောက်ကို ယုံကြည်စိတ်ချစွာအိမ်ကိုအပ်နှံထားခဲ့ရာမှ ကျွန်မ မရှိစဉ်အချိန် 20.12.2021 နေ့ရက်တွင် ကျွန်မ​၏အိမ်တွင်းရှိပရိဘောဂပစ္စည်းများအဝတ်အထည်အသစ်များလက်ဝတ်ရတနာများဖောက်ယူခိုးပီးထွက်ပြေးသွားပါသည်။

ပစ္စည်း​များ၏တန်းဖိုးများမှာ ယခုခန့်မှန်းခြေသိန်း ၅၀ ကျော်ခန့်ခိုးယူထွက်ပြေးသွားပါသည်။ ခိုးယူထွက်ပြေးသွားသော လင်မယားနှစ်ယောက်အားတွေ့ရှိပါက ဖုန်း 09768904502 အကြောင်းကြားပေးပါရန်မေတ္တာရက်ခံအပ်ပါသည်။ခေါ်ယူလက်ခံထားသောသူမျာအား ဥပဒေအရထိရောက်စွာအရေးယူပါမည်။ ကျေးဇူးပြုပီးအခုတင်ထားသော post လေးအား ကူညီပီးshare ပေးကြပါရှင်။ ??? ဆက်သွယ်ပေးသူအားလဲ ကျေးဇူးဆပ်ပါမည်…” ဆိုကာ ရေးသားခဲ့ပါတယ်။

အခုလို လူတိုင်း ဒုက္ခနဲ့ မကင်းနေတဲ့အချိန်မှာ နောက်ကျောကို ဓားနဲ့ထိုးတဲ့ လုပ်ရက်ကို မလုပ်သင့်ပါဘူးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။